KITH က Mickey Mouse ရဲ့ နှစ် ၉၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ Disney နဲ့ ပူးပေါင်းပြီး Collection တစ်ခုကို ထုတ်မယ်လို့ သိရပါတယ်။ ဒီ Collection မှာတော့ ငယ်ဘဝကို သတိရနေစေမယ့် အငွေ့အသက်တွေပါဝင်နေမှာပါ။ Release date ကိုတော့ Mickey Mouse ၉၁ နှစ်ပြည့်မယ့် ၂၀၁၉၊ နိုဝင်ဘာ ၁၈ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ဒီ collection မှာ ကျွန်မတို့ငယ်ဘဝကို လွမ်းဆွတ်မိစေမယ့် Mickey Mouse ရဲ့ ပုံရိပ်တွေပါဝင်တဲ့ ကီမိုနိုပုံစံ overcoats, bomber jackets, hoodies, knit sweaters, Blue washed denim နဲ့ T-shirts တွေပါပါတယ်။ Mickey ရဲ့ Signature အရောင်ဖြစ်တဲ့ အနီ၊ အနက်၊ အဝါ နဲ့ အဖြူရောင်တွေအပြင် အပြာ နဲ့ ခဲရောင်တို့ကို အဓိကသုံးထားပြီး တချို့ jackets နဲ့ hoodies တွေမှာ Mickey ရဲ့ပုံကို rhinestones လေးတွေနဲ့ ပုံဖော်ထားပါတယ်။ Bucket hats, beanies, caps နဲ့ လည်စည်းတွေအပါအဝင် ဖန်ခွက် နဲ့ Mickey အရုပ်လေးတွေပါ ဒီ collection မှာ ပါဝင်မှာပါ။ ဈေးနှုန်းတွေအနေနဲ့ကတော့ $30 USD ရှိတဲ့ ဖန်ခွက် ကနေစပြီး $895 USD ရှိတဲ့ Denim jacket ထိရှိပါတယ်။ ဒီ Disney x KITH collection ကို KITH ဆိုင်ခွဲတွေနဲ့ KITH ရဲ့ website မှာ Nov 18, 2019 11 a.m. EST ကနေစပြီး release လုပ်သွားမှာပါ။
Ref: Hypebae, Hypebeast, KITH
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHfashion #KITH #Disney #MickeyMouse