နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပွဲဦးထွက်မယ့် Frozen 2 ကို ဂုဏ်ပြုတဲ့အနေနနဲ့ ColourPop ကနေပြီး Disney နဲ့ collaborate လုပ်ပြီး Collection အသစ်တစ်ခုကို ထုတ်လိုက်ပါတယ်။ Official release date ကိုတော့ မသိရသေးပါဘူး။ ဒီ Collection မှာ Eyeshadow palette, Lip Gloss, Lipstick နဲ့ Glitter Gel တို့ပါတဲ့ Elsa set နဲ့ Anna set ဆိုပြီး ထွက်ရှိမယ်လို့သိရပါတယ်။ Elsa set ရဲ့အရောင်က သူ့ရဲ့ character အရောင်ဖြစ်တဲ့ အပြာ နဲ့ ခပ်မှိုင်းမှိုင်းအနီရောင်ဖြစ်ပြီးတော့ Anna set ရဲ့အရောင်ကတော့ ခရမ်းရောင် နဲ့ လိမ္မော်ရောင်ဖောက်ထားတဲ့အရောင်ပါ။ Frozen ကြိုက်တဲ့သူတွေအတွက်တော့ ဒီ collection လေးကို အမှတ်တရအဖြစ် ဝယ်ထားသင့်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #ColourPop #Disney #Frozen2