ယခုနှစ်ပိုင်းကာလတွေမှာ ယခင်ကတည်းက SUV ကားထုတ်လုပ်နေကျ ကား Brand တွေတင်မကတော့ဘဲ ကမ္ဘာကျော်ဇိမ်ခံကားတွေထုတ်တဲ့ ကားကုမ္ပဏီတွေကပါ SUV ကားဈေးကွက်ထဲကို ဦးတည်လာခဲ့ကြပါတယ်။ ကမ္ဘာကျော်ဇိမ်ခံကားတွေကို သီးသန့်ထုတ်လုပ်နေတဲ့ Rolls Royce ကလည်းသူတို့ရဲ့ ပထမဦးဆုံးသော SUV ဖြစ်တဲ့ Cullinan ကို ပွဲထုတ်လာခဲ့သလို၊ ကမ္ဘာကျော်ပြိုင်ကားတွေကို ထုတ်လုပ်တဲ့ Lamborghini ကလည်း သူတို့ရဲ့ Urus ကို ထုတ်လုပ်လာခဲ့ပါတယ်။ ဒီလို ကမ္ဘာကျော်ဇိမ်ခံကားကုမ္ပဏီတွေရဲ့ SUV ကားဈေးကွက်ကို တိုးဝင်ချဲ့ထွင်လာတဲ့အပေါ် မှာတော့ ကားချစ်သူတွေအကြားမှာ အကြိုက်တွေ၊ အမြင်တွေ ကွဲလွဲခဲ့ကြပါတယ်။
In recent years, we are starting to notice that not only the usual SUV manufacturers, but even luxury car manufactures are heading towards the SUV market. Rolls Royce, the company that exclusively makes luxury cars, unveils its first SUV, “Cullinan” while Lamborghini produced their own “Urus”. The view on the luxury brands coming into SUV market is mixed among the car lovers.
ဒီလို ဇိမ်ခံကားကုမ္ပဏီတွေရဲ့ SUV ကားလောကကို ဦးတည်လာတဲ့အပေါ် မကြိုက်သူတွေက နောက်ထပ်ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferrari ရဲ့သူများ SUV တိုင်း၊ လိုက်ပြီး မလုပ်တဲ့လုပ်ရပ်ကို အားပေးအားမြှောက်လုပ်ခဲ့ကြပေမယ့်လည်း အခုအခါမှာတော့ Ferrari ကလည်း SUV ကားထုတ်လုပ်တော့မယ်ဆိုတာကြောင့် သူတို့တွေ စိတ်ပျက်လက်လျှော့ခဲ့ကြပါတယ်။ Purosangue လို့နာမည်ပေးထားတဲ့ Ferrari ရဲ့ SUV အမျိုးအစားဝင်ကားကိုတော့ ၂၀၂၁ နဲ့ ၂၀၂၂ ကာလ၀န်းကျင်တွေမှာ တရားဝင်ပြသရောင်းချလာဖို့ရှိနေပါပြီ။ ဒါကတော့ Ferrari ရဲ့ အရင် အမှုဆောင်ချုပ် လူကာဒီမွန်တက်စ်ဇမ်မိုလိုရဲ့ ၂၀၁၄ တုန်းကပြောကြားဖူးခဲ့တဲ့ Ferrari ကပိုင်တဲ့ SUV ဆိုတာ လုံးဝမရှိနိုင်ဘူးဆိုတဲ့ စကားကို လုံးဝမေ့ပစ်လိုက်ရတော့မယ့် သဘောပါပဲ။
Those, who were against this move, were again disappointed when another luxury brand, Ferrari, known for its innovativeness, announced that it would be releasing its own SUV. Named “Purosangue”, this Ferrari’s SUV will be in the market in 2021/2022. Guess it is time for us to ignore the declaration by its former Chairman Luca di montezemolo in 2014 that there will never be a SUV by Ferrari.
ဘာကြောင့် SUV Type ထဲကို ဦးတည်ဝင်လာကြတာလဲ။ နောက်ပိုင်းမှာတော့ လူတွေ ကလည်း SUV Type တွေကို အရွေးများလာကြပါတယ်။ အချောလည်းတင့်တယ်၊ အကြမ်းလည်းအသုံးခံတဲ့အတွက် SUV Type ကို ရွေးချယ်လာကြတာဖြစ်ပါတယ်။ မြို့တွင်းရော၊ နယ်ဝေးရော ကြိုက်တဲ့လမ်းကို သွားနိုင်ဖို့ SUV ကို ရွေးချယ်လာကြတာ ကို တွေ့ရပါတယ်။ ဒါပေမယ့် Luxury Brand တွေက ထုတ်လုပ်လာတဲ့ SUV Type တွေကတော့ အချောတင့်တယ်ပေမယ့် နေရာစုံမသုံးနိုင်တဲ့အတွက် SUV ရဲ့အရသာ အပြည့်အ၀ကို ပေးနိုင်မှာမဟုတ်ဘူးလို့ ကားချစ်သူတွေရဲ့ဆွေးနွေးဝိုင်းတွေမှာ တွေ့မြင်နေရပါတယ်။
Why are these brands heading into SUV market? Many people have been choosing SUVs more and more. It is stylish and yet tough. You can use it within the city or for long journeys. Many car lovers are saying these SUVs by the luxury brands may look stylish but might not be tough like others.
ဘယ်သူတွေဘာပဲပြောပြော SUV တွေကတော့ အရောင်းအ၀ယ်ဈေးကွက်ထဲမှာ ထိပ်ဆုံးနေရာကို ရယူထားနိုင်ပါတယ်။ ဒါကြောင့် Luxury SUV တွေကလည်း အရောင်းအ၀ယ်ဈေးကွက်ကို သိပ်ပြီး စိုးရိမ်ပူပန်မှုရှိဟန်မပေါ်ပါဘူး။ SUV ဆိုတာ Sport Utility Vehicle ရဲ့ အတိုကောက်ဖြစ်ပြီးတော့ SUV ရဲ့ ရည်ရွယ်ရာ အစစ်အမှန်ကတော့ ဇိမ်ကျကျဖြစ်ဖို့ထက် အကြမ်းပတမ်းခံပြီး နေရာစုံလမ်းစုံကို ဖြတ်ကျော်မောင်းနှင်နိုင်ဖို့က သူ့ရဲ့ရည်ရွယ်ရာအစစ်အမှန်ဖြစ်ပါတယ်။ ဒါတွေကိုတော့ Luxury SUV တွေက ပေးစွမ်းမှာမဟုတ်ပါဘူး။ ပေးစွမ်းတယ် ထားပေဦးတော့၊ အဲလောက်ခိုင်းရက်လိုက်ဖို့ဆိုတာကတော့ အားနာစရာကောင်းလွန်းလှပါတယ်လေ။ ဒါကြောင့် Luxury SUV Type တွေဟာ SUV ရဲ့အစစ်အမှန်ဂုဏ်သတ္တိအသုံးဝင်မှုထက် လူတန်းစားတစ်ရပ်ရဲ့ ဂုဏ်တစ်ခုအတွက်တော့ ရွေးချယ်စရာဖြစ်လို့နေပါတယ်။ ဒါကြောင့် Luxury Car Brand တွေကလည်း ပုံမှန် SUV Crazy တွေထက် သူတို့လို ဂုဏ်အဆင့်အတန်းတစ်ရပ်အတွက်ကို သီးသန့်ရည်ရွယ်ပြီးထုတ်လုပ်လာခဲ့ကြပါတယ်။
No matter what, SUVs are still the best sellers in the car market and hence, the luxury SUVs may not need to worry about not having buyers. SUV stands for Sport Utility Vehicle and its main aim is to give comfort and versatility to its users. The Luxury SUVs may not be able to take the rough and tumble like the real SUVs. Even if they could, we might be pushing them a bit too much. This is why Luxury SUV types are more of a status symbol than the actual SUVs. That is also why these Luxury brands are targeting high luxury users instead of actual SUV enthusiasts.
SUV ထဲမှာ Luxury အပြည့်နဲ့အခိုင်ခန့်ဆုံးအပြင် ဈေးအကြီးဆုံးကားကတော့ Karlmann King က နေရာယူထားပါတယ်။ သူက ကားတစ်စီးဆိုတာထက် အကောင်းစား Luxury တိုက်ခန်းတစ်ခန်းလို့တောင်တင်စားထားကြပါတယ်။ အပူချိန် -40 degree ကနေ 200 degree Fahrenheit အထိ ခံနိုင်ရည်ရှိတဲ့အပြင် ကျည်ကာကားတစ်စီးလည်းဖြစ်ပါသေးတယ်။ Karlmann King အတွက် ဒီဇိုင်းပိုင်းကိုတော့ Black Diamond ရဲ့ Concept ကို ယူထားတာလို့ဆိုပါတယ်။ Karlmann King က အရောင်းအ၀ယ် ဈေးကွက်တင်ကားတစ်စီးဆိုတာထက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းတစ်ခန်းတစ်ကဏ္ဍကို ပြသလိုက်ခြင်းလို့လည်းပြောလို့ရနိုင်ပါတယ်။
Among the SUVs, Karlmann King reigned as the most luxurious, toughest and priciest. It has been dubbed not as a car but a luxury apartment. Not only it can withstand -40 to 200 degree Fahrenheit, it is also a bulletproof vehicle. Design wised, it is based on the concept of Black Diamond. Not just one of the best sellers, Karlmann King is also the proof of human innovation.
ဒီလို ကားကုမ္ပဏီအကုန်လုံးနီးပါးက SUV ကားဈေးကွက်အပေါ် အာရုံစိုက်လာကြတဲ့အတွက်ကြောင့် SUV ဈေးကွက်ကတော့ စိတ်ဝင်စားဖွယ်ရာပြိုင်ဆိုင်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အထက်မှာဆိုခဲ့သလို SUV တွေကိုလူကြိုက်ပိုများ၊ ရွေးချယ်မှုပိုများလာခဲ့ကြပြီး အနိမ့်ဆုံး SUV ကားတွေကနေ အမြင့်ဆုံး SUV ကားတွေအထိအကုန်လုံးက အရောင်းအ၀ယ်ဖြစ်လို့နေပါတယ်။
As many car companies are focusing on the SUV market, the competition is becoming more interesting and exciting. Either way, more and more people are choosing to buy SUVs and from high end to low end, they are selling like hot cakes.