LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFE

Classics Art Déco Round: A new ode to femininity

written by Maeve April 20, 2020
Classics Art Déco Round: A new ode to femininity

words by a el ti:

English translated by Oakkar Thin

ကမ္ဘာ့နာရီလောကကို စိုးမိုးထားတဲ့ Swiss Made နာရီအမှတ်တံဆိပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Frederique Constant ကို မြန်မာပြည်မှာအလွယ်တကူဝယ်ယူရရှိနိုင်အောင် Officially အဖြစ် Swiss Time Square က တင်သွင်းထားခဲ့တာ ကြာပါပြီ။ Frederique Constant ကိုမြင်လိုက်တာနဲ့ ခိုင်ခံစွာနဲ့ ကြီးကျယ်ခမ်းနားစွာ ဖန်တီးပုံဖော်ထားပုံလေးကို ဦးစွာပြေးမြင်မိမှာပါ။ ကျွန်တော့်တစ်ကိုယ်တော် ပုဂ္ဂိုလ်ရေးအရ Frederique Constant လို့ကြားလိုက်တာနဲ့ အထင်ကြီးလောက်စရာတစ်ခုကဘာလဲဆိုတော့ နာရီတစ်လုံးတည်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ နေ့ညစံတော်ချိန်ကို တစ်ပြိုင်နက်သိနိုင်တဲ့ World Timer နာရီကြောင့်ပါပဲ။ ကမ္ဘာပေါ်မှာ Swiss Made Luxury Watch Brand တစ်ခုအဖြစ် Frederique Constant တို့က နေရာတစ်ခုမှာ အောင်မြင်စွာနဲ့အခိုင်အမာရပ်တည်နေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။

It’s been a long time that Swiss Time Square has officially imported Frederique Constant, one of the watch brands to conquer the world, to easily purchase in Myanmar. When you see Frederique Constant, you will surely notice its firmly created design first. One thing that personally impresses me whenever I hear the name “Frederique Constant” is that the world timer watch, which can show day and night times of every country on the world at the same time. Frederique Constant is a Swiss Made Luxury Watch Brand that is standing successfully in the world. 

အခု 2020 နှစ်အစောပိုင်းမှာပဲ သူတို့က နာရီအမျိုးအစားသစ်တွေကို ထပ်မံပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ Frederique Constant တို့ရဲ့ တည်ငြိမ်မှုနဲ့ လှပကြော့ရှင်းနေမှုကို အထူးအသားပေးပုံဖော်ထားတဲ့ Classics Art Déco collection ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Frederique Constant ချစ်သူ အမျိုးသမီးတွေ အတွက်ကတော့ တကယ့်ကို အသဲခိုက်လောက်စရာ Collection လေးဖြစ်နေမှာ အသေအချာပါပဲ။ အမျိုးသမီးတွေအတွက် မိတ်ဆက်ပေးလိုက်တဲ့ ဒီ Classics Art Déco collection မှာတော့ ရွေးချယ်စရာ ၅ မျိုးကိုတွေ့ရမှာပါ။

They have introduced new watches in early 2020 including Classic Art Deco collection which was specialized in its calmness and elegance. This collection is something that surely can draw every Frederique Constant’s female fan attention. You can see 5 models in this Classic Art Deco collection, which mainly targets female fans.

Frederique Constant တို့ အခုမိတ်ဆက်ပေးလိုက်တဲ့ Collection ကို Classics Art Déco Round လို့နာမည်ပေးလိုက်တာဟာ တော်တော်ကြီးကို ကြီးကျယ်ခမ်းနားလွန်းတယ်လို့ဆိုရမှာပါ။ Art Déco ခတ်ဆိုတာ ၁၉၁၀ ခုနှစ်ဝန်းကျင်မှာထွန်းကားခဲ့တဲ့ အနုစိတ်အလှဒီဇိုင်းစတိုင်လ်တွေကို ဖော်ညွှန်း တာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်နောက်ပိုင်းမှာ Art Déco အကြောင်းအရာတွေဟာ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ဒီဇိုင်းပိုင်းဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေမှာ Art Déco ခေတ်ကို တခမ်းတနားဖွင့်ဆိုပြောဆိုကြပါတယ်။ အဲဒီအချိန်တုန်းက Art Déco ဒီဇိုင်းတွေဆိုတာ သီးခြားအမြင်ပုံစံနဲ့ ကိုယ်ပိုင်လက္ခဏာရှိပါတယ်။

This collection was said to be named Classic Art Deco Round for its huge elegance. Art Deco era portrays the detail designs blessed in the 1910s. In the 1920s, Art Deco reached its peak. Therefore, the Art Deco era is defined magnificently in every discussion about design. At that time, Art Deco has its vision and its features. 

ပြောရမယ်ဆိုရင် Art Déco ဆိုတာ အဲဒီ ၁၉၁၀၊ ၁၉၂၀ ခုနှစ်ဝန်းကျင်လောက်မှာဆိုရင် Modern Style တစ်ခုဖြစ်ခဲ့တာပေါ့။ အခုကျတော့ သူက Classic နရာကိုရောက်သွားခဲ့တာပေါ့။ Art Déco ဟာ Modern Style ကို Fine Craftsmanship တွေ၊ Rich Materials တွေနဲ့ပေါင်းစပ်ပြီးဖန်တီးခဲ့ကြတာပါပဲ။ ရာစုနှစ်တွေကျော်လွန်လာပြီးတဲ့အခါမှာ Frederique Constant ဟာ contemporary & classic တို့နဲ့ ဒီ Art Déco ခေတ်ရဲ့လက္ခဏာရပ်တွေပါဝင်နေတဲ့ နာရီတွေကိုဖန်တီးပြီး Classic Art Déco Round လို့ ခေါ်တွင်စေလိုက်တာဟာ တကယ်ကိုပဲ Impressing ပါပဲ။ Frederique Constant တို့ဟာ ဒီ Classic Art Déco ကို ၂၀၀၇ ခုနှစ်မှာကတည်းက စတင်ဖန်တီးခဲ့ပါတယ်။ ၁၃ နှစ်ကြာပြီးတဲ့အခါမှာ ခေတ်သစ် အမျိုးသမီးတွေရဲ့ လက်ကောက်ဝတ်ပေါ်မှာ နူးညံ့မှုအပြည့်နဲ့လှပကြော့ရှင်းစွာ ထည်ထည်ဝါဝါရှိနေမယ့် 100% feminine model ကို ဂုဏ်ယူစွာထုတ်ပြလာခဲ့ပါတယ်။

It can be considered a modern style in that 1910 to 1920 period of time, and not it reached to the classic level. Combining fine craftsmanship and rich materials created by Art Deco. After centuries, it has been really impressive that Frederique Constant let it call Classic Art Deco Round by creating watches that include contemporary and classic Art Deco features. Classic Art Deco was innovated in 2007. After 13 years of its creation, 100% feminine model, which can be on the modern ladies elegantly and beautifully, was proudly launched. 

ဆိုတော့ Frederique Constant တို့မိတ်ဆက်ပေးလိုက်တဲ့ Classic Art Déco Round ရဲ့အမျိုးသမီးနာရီ တွေအကြောင်းကို ကြည့်လိုက်ရအောင်ပါ။ အထက်မှာဆိုခဲ့သလိုပဲ အမျိုးသမီးတွေအတွက်ထုတ်လုပ်လိုက်တဲ့ Classic Art Déco Round မှာ model ၅ မျိုးကိုတွေ့ရမှာပါ။ ဒီ ၅ မျိုးကိုမှ အလွယ်တကူခွဲခြားမယ်ဆိုရင် နာရီရဲ့ Dial ကာလာအနေနဲ့ Navy mother-of-pearl နဲ့ White mother-of-pearl ဆိုပြီး ကာလာ နှစ်မျိုးခွဲခြားနိုင်ပါလိမ့်မယ်။ ဒီနှစ်မျိုးကိုမှ လာရောက်တွဲဖက်ထားတာကတော့ နာရီရဲ့ကြိုး Strap တွေကတော့ Navy blue satin strap, Stainless steel bracelet တို့နဲ့အတူ Rose Gold တစ်မျိုးပါဝင်ပါတယ်။

So, why don’t we take a look at Frederique Constant’s Classic Art Deco Round woman’s watches? As mentioned earlier, there are 5 models in the Classic Art Deco Round for women. Those can easily differentiate by the watch dial’s colors: Navy mother-of-pearl and White mother-of-pearl. To join with those two dials, the straps are Navy blue satin strap, Stainless steel bracelet with rose gold. 

နာရီတွေအားလုံးမှာ Functions တွေအားဖြင့် ထူးခြားပြီးအပိုမပါဘူး။ Hours နဲ့ Minutes အချက်ပြ လက်တံနှစ်ခုပဲပါပါမယ်။ ဒီ့အတွက် စက္ကန့်တံရွေ့လျားတဲ့အသံကိုကြားနေရမှာမဟုတ်ဘဲ လက်ကောက် ဝတ်ပေါ်မှာ တည်ကြည်စွာရှိနေမှာပါ။ Movement က FC-200 Caliber နဲ့ Quartz movement ဖစ်ပြီး 4 Jewels အသုံးပြုထားပါတယ်။ Battery Life ကတော့ 72 months ဖြစ်ပြီး Water-resistant က 3 ATM ဖြစ်ပါတယ်။ နာရီအချက်ပြနေရာတွေမှာ ရောမအက္ခရာတွေကို ခမ်းနားစွာအသုံးပြုထားပါတယ်။ ပြီးတော့ Dial ရဲ့အတွင်းသားကို mother of pearl ကိုအသုံးပြုထားပြီး ဒုတိယအတွင်းစက်ဝန်းပေါ်မှာတော့ Guilloché decoration နည်းပညာနဲ့ အသေးစိတ်ပုံဖော်အလှဆင်ထားတာကိုတွေ့မြင်ရမှာပါ။

There are no other special functions in all watches except hour and minute hands. So you will not hear the sound of second-hand moving. Its movement is FC-200 Caliber and Quartz movement with 4 jewels, battery life is 72 months with 3 ATM water-resistant. The Roman digit numbers are boldly used on the watch face, which is made of mother of pearl and the detail decoration was presented with Guilloche technology on the second inner circle. 

နာရီရဲ့ကြိုး Strap အားဖြင့် ရွေးချယ်စရာ ၃ မျိုးရှိတာကိုပြောပြခဲ့ပြီးပါပြီ။ ဒီမှာ အထူးပြောစရာတစ်ခုက Navy blue satin strap အသုံးပြုပေးထားတဲ့ နာရီတွေရဲ့ ကြိုးချိတ်ဆက်ရာနေရာ Lug ရဲ့တစ်ဖက်စီမှာ စိန်ပွင့် ၉ လုံးစီခြယ်ပေးထားပြီး နာရီတစ်လုံးမှာ စိန်ပွင့် ၁၈ လုံးပါဝင်ပါတယ်။ Navy blue satin strap ကတော့ အရမ်းကိုမိုက်တာပါပဲ။ တကယ့်ကို လုံးဝ စွဲမက်ဖွယ်ကောင်းလွန်းပါတယ်။ ဒီဒီဇိုင်းမျိုးကို မိန်းမဆန်တဲ့ ဘယ်အမျိုးသမီးမှ ငြင်းနိုင်မှာ မဟုတ်လောက်ပါဘူး။

It is also said that there are three kinds of straps. Here I need to include one special thing that 18 diamonds are used on the lugs: 9 on each lug of every Navy blue satin strap that made it super awesome and total attractiveness. No woman will refuse to own such a feminine design.

Strap ကို Stainless steel နဲ့ rose gold ကိုတွဲဖက်အသုံးပြု ပေးထားတဲ့နာရီမှာကတော့ Case ကိုပါ Rose gold ကာလာကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ Strap ကတော့ Stainless steel 3 lines ကြားမှာ rose gold 2 lines ကိုကြားညှပ်ပြီး နူးညံ့ပြီးချစ်စရာကောင်းနေအောင်ပြုလုပ်ထားပါတယ်။ Navy Blue နဲ့ Stainless Steel တို့ရဲ့တွဲဖက်ထားမှုကို ကြိုက်သလိုရွေးချယ်နိုင်ပေမယ့် rose gold မှာဆိုရင်တော့ တစ်မျိုးတည်းပဲရရှိနိုင်မှာဖြစ်ပါတယ်။ Navy blue နဲ့ rose gold တွဲဖက်မှုကို ရနိုင်မှာမဟုတ်ပါဘူး။

The watchcase of which strap is a combination of stainless steel and rose gold is colored rose gold. Its design is two rose gold lines that are sandwiched in 3 stainless steel lines. Though one can choose the combination of Navy Blue with Stainless steel, one can’t choose the rose gold, which means you can never get the combination of Navy Blue with Rose Gold.

ဒီ Model ၅ မျိုးရဲ့ ဈေးနှုန်းကလည်း သိပ်မကြီးဘူးဗျ။ ကမ္ဘာကျော် Luxury Watch Brand ထဲမှာ အဆင့်အတန်းပြည့်မီစွာနဲ့ တော်တော်လေးကို သက်သက်သာသာနဲ့ရရှိမှာဖြစ်ပါတယ်။ နာရီတွေရဲ့ Casing Diameter ဟာ 30 mm ဖန်တီးပေးထားတာက ခေတ်ရေစီးပေါ်က အမျိုးသမီးတို့ရဲ့ မိန်းမသားဖြစ်တည်မှုနဲ့ အတူူ လက်ကောက်ဝတ်တိုင်းနဲ့ တင့်တယ်စွာ အချိုးအစားသဟဇာတဖြစ်နေစေမှာအသေအချာပါပဲ။ ဒါကြောင့် သိပ်ပြီးအချိန်ဆိုင်းမနေတော့ဘဲ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က Swiss Time Square မှာသွားရောက်ပြီး ကြည့်ရှုဝယ်ယူလို့ရနိုင်ပြီဆိုတာကိုလည်း သတင်းလေးပါးလိုက်ပါရစေ။

The prices of those 5 models are classic and not much expensive, among the world-class luxury watch brands. The casing diameter of all watches is 30mm for the compatibility of modern women with elegant wrists. So, don’t hesitate to have a look and purchase at Swiss Time Square located in Gabar Aye Pagoda Road, Bahan Township, Yangon. 

Frederique ConstantLUSH AdvertorialLUSH Magazine MyanmarLUSH March 2020
2
Facebook Twitter Google + Pinterest
Maeve

previous post
Back In Fashion From The 70’s & 80’s
next post
Elle – Floral Burst Collection

Recommended

Selpink in your area

August 28, 2020

CLASSIC CARS FOR COLLECTORS

June 13, 2018

Ultra Violet

May 22, 2018

The future of award shows

September 4, 2020

ဝေးသွားတာ မှားလား

June 9, 2020

How not to be a shallow person

April 4, 2019

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

98 Wireless Residences

January 31, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem