Converse All Stars လို့လူသိများပြီး Chuck Taylors လို့လည်းသိကြတဲ့ ဒီဖိနပ်ကတော့ ၁၉၀၀ အစောပိုင်းနှစ်တွေတုန်းက Basketball shoe အနေနဲ့ ဒီဇိုင်းထုတ်ထားခဲ့ကြတာဖြစ်ပြီး ချည်အပျော့သားနဲ့ ရာဘာဖိနပ်ခုံ စတိုင်လ်ကတော့ ရာစုနှစ်တော်တော်များများထိ ကြီးကြီးမားမား မပြောင်းလဲဘဲကျန်ရှိနေပါတယ်။ ၁၉၃၆ ကနေ ၁၉၆၈ ခုနှစ် (နှစ် ၃၀ ကျော်လောက်) ထိ Olympic games ရဲ့ တရားဝင် basketball shoe လည်းဖြစ်ခဲ့ပါတယ်။ High-top, Low-top Chuck Taylors တွေကတော့ ဒီဘက်ခေတ်ထိ နာမည်ကျော်နေဆဲပါပဲ။
Chuck Taylors ရဲ့အားသားချက်ကတော့ outfits တော်တော်များများနဲ့လိုက်ဖက်တာပါပဲ။ Chuck Taylors High-Top ကို casuals အနေနဲ့ဆို ဖိနပ်ကိုအသားပေးတဲ့အနေနဲ့ ဘောင်းဘီအတို ဒါမှမဟုတ် ဘောင်းဘီအရှည်ကို အောက်ဖျားခေါက်ဝတ်တာမျိုးလုပ်ပြီး အပေါ်ကတော့ plain tee တစ်ထည်ကိုမှ သူ့ချည်းပဲဝတ်လို့ရသလို coat တစ်ခုခုထပ်ပြီးဝတ်လည်း အဆင်ပြေပါတယ်။ Sportswear တွေနဲ့သာမက Suit တွေနဲ့ပါတွဲဖက်ဝတ်လို့ရပါတယ်။ အရောင်ကို သေသေချာချာတွဲဖက်ပြီးဝတ်ဖို့ပဲလိုတာပါ။ Chuck Taylors Low-Top ကတော့ ရာသီဥတုပူတဲ့အခါမျိုးမှာဆို အရမ်းသင့်တော်ပြီး ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။ ဒီကရာသီဥတုမျိုးနဲ့ ကိုက်ပါတယ်။ Casuals အနေနဲ့ပဲဝတ်ဝတ်၊ Smart casual အနေနဲ့ပဲဝတ်ဝတ် ကြည့်လို့ကောင်းနေမှာပါ။