Balenciaga brand နာမည်ကို သူ့ရဲ့သီချင်းတွေတော်တော်များများမှာထည့်ဆိုနေကျ Cardi B က အခုတော့ Balenciaga ရဲ့ new face ဖြစ်လာပြီး winter 2020 campaign မှာ ပါလာပါပြီ။ ဒါက Balenciaga က creative director Demna Gvasalia ရဲ့ Balenciaga ကို စရောက်လာတဲ့ ၂၀၁၅ ခုနှစ်ကတည်းကနေ အခုချိန်ထိ celebrities ကို campaign မှာ ထည့်သုံးတာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ပုံမှန်ဆို သူက လူသိနည်းတဲ့ model တွေကိုပဲ ထည့်သုံးခဲ့တာပါ။ နောက်ပြီး Cardi B အတွက်လည်း ဒီလို major brand တစ်ခုရဲ့ campaign မှာ ပါ၀င်တာ သူ့ရဲ့ ပထမဆုံးအကြိမ်ပါ။
ဒီ campaign ဓာတ်ပုံတွေကို Cardi B က သူ့ရဲ့ L.A က အိမ်မှာပဲ သူ့ရဲ့ team နဲ့ ရိုက်ကူးခဲ့တာပါ။ campaign ဓာတ်ပုံကို ပါရီ က iconic ဖြစ်တဲ့ Louvre ပြတိုက်ရဲ့ အပြင်ဘက်မှာ billboard တင်ထားပြီး စက်တင်ဘာလကုန်ထိ ထားသွားမှာဖြစ်ပါတယ်။