Cara Delevingne ဆိုတာနဲ့ LGBTQ လှုပ်ရှားမှုမှာပါဝင်တဲ့ မော်ဒယ်တစ်ယောက်ဆိုတာ အားလုံးပြေးမြင်ကြမှာပါ။ PUMA ရဲ့ brand ambassador လည်းဖြစ်တဲ့ Cara က Pride month ဖြစ်တဲ့ ဒီဇွန်လအတွက် ရည်ရွယ်ပြီးတော့ အခုဆို PUMA နဲ့ pride collection တခုကို ထုတ်လုပ်လိုက်ပါတယ်။ “From PUMA With Love” ဆိုပြီးနာမည်ပေးထားတဲ့ ဒီ collection မှာ ဖိနပ်တွေ၊ accessories တွေနဲ့ အဝတ်အစားတွေ ၁၃ မျိုးပါဝင်မှာပါ။ မိန်းကလေးရော၊ ယောကျာ်းလေးပါ ဝတ်လို့ရပြီးတော့ Pride month မှမဟုတ်ဘဲ ဘယ်အချိန်မဆို ဝတ်လို့အဆင်ပြေမှာပါ ဆိုပြီးတော့လည်း Cara က ပြောပါတယ်။
Rainbow colors ကိုမှ အမျိုးမျိုးကစားထားတဲ့ PUMA logo ပါတဲ့ hoodies, tee, tank top, crop top နဲ့ waist bag တွေကို ဒီနေ့ ဇွန် ၁ ရက်နေ့ကနေစပြီးတော့ PUMA website မှာ ဝယ်လို့ရပြီး တချို့ item တွေဆို sold out တောင်ဖြစ်သွားပါပြီ။ Rainbow colors Slides ကတော့ ဇွန်လ ၂၈ ရက်နေ့မှ ဝယ်လို့ရမှာပါ။ ဈေးနှုန်းတွေကတော့ USD $20 ကနေ $45 လောက်ထိပါပဲ။
နောက်ပြီး ဒီ collection ရောင်းရငွေရဲ့ ၂၀ ရာခိုင်နှုန်းကို GLADD, The Trevor Project နဲ့ Mind out စတဲ့ LGBTQ+ ပရဟိတလုပ်ငန်းတွေကို ထောက်ပံ့ပေးတဲ့ Giving Back Fund ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Cara Delevingne Foundation ကို လှူဒါန်းသွားမှာပါ။
Photo: Courtesy of Puma