Burberry က ၂၀၂၂ မှာ carbon dioxide ထုတ်လွှတ်မှုကို သုညအထိလျှော့ချနိုင်ဖို့ဆိုတဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကို ဆက်ပြီးအကောင်အထည်ဖေါ်နေပါတယ်။ သူတို့လုပ်ငန်းလည်ပတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်မှာသက်ရောက်မှုတွေကို နည်းနိုင်သမျှနည်းအောင်လျှော့ချသွားဖို့အတွက်နဲ့ အနာဂတ်မှာ ကာဗွန်လျှော့ချရေးကို ထောက်ပံ့ဖို့အတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေကိုလည်း တည်ထောင်ထားပါတယ်။
အခုလည်း အနာဂတ်ကို ထိန်းသိမ်းဖို့ရည်ရွယ်တဲ့ carbon-neutral fashion show ကို အခု Fall/Winter 2020 collection မှာချပြသွားခဲ့ပါတယ်။ လန်ဒန်က Olympia Exhibition Center မှာပြုလုပ်ခဲ့ပြီးတော့ futuristic space ပုံစံမျိုး အပြင်အဆင်တွေနဲ့ ဖန်တီးထားတာကိုတွေ့ရမှာပါ။ Collection ရဲ့နာမည်ကို “Memories” လို့ပေးခဲ့ပြီးတော့ runway မှာ Kendall Jenner, Gigi Hadid, Sora Choi, Anok Yai, Joan Smalls နဲ့ Halima Aden တို့အပြင်ကို နာမည်ကြီး model တွေတော်တော်များများပါဝင်ခဲ့ပြီးတော့ Burberry ရဲ့ signature ဖြစ်တဲ့ plaid pattern နဲ့ ruffled skirt တွေ၊ trend coats တွေ၊ oversized blazer တွေနဲ့ ဘောင်းဘီတွေကို ဝတ်ဆင်ပြီးတော့ လျှောက်ခဲ့ကြပါတယ်။
ဒီ collection မှာ စီကွင်တွေ၊ patchwork တွေကိုမှ တွေ့နေကြတွေထက် ကွဲပြားတဲ့ဒီဇိုင်းတွေနဲ့ တွေ့ရမှာပါ။ ကဲဒါဆို ဒီဇိုင်းဆန်းဆန်းတွေနဲ့ Burberry FW20 show ရဲ့ ဒီဇိုင်းတွေကိုကြည့်ကြည့်ရအောင်။
Ref: Burberry, Hypebae
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #Fashion #Burberry #CarbonNeutral #FallWinter2020