Burberry brand ရဲ့ iconic check အကွက်တွေနဲ့ ဒီဇိုင်းထုတ်ထားတဲ့ face mask နှစ်မျိုးကို စျေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ Burberry vintage check ကို face mask အနေနဲ့ ၀တ်ချင်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။
အရောင်က အသားရောင် နဲ့ အပြာနုရောင် နှစ်မျိုးရနိုင်မှာဖြစ်ပြီးတော့ အ၀တ်ဆိုတော့ ပြန်လည်အသုံးပြုလို့လည်း ရပါတယ်။ mask တွေက Particle Filtration Efficiency (PFE) ပါပြီးတော့ antimicrobial technology ကိုသုံးပြီး ထုတ်ထားတာပါ။
Mask တစ်ခုချင်းစီရဲ့ ရောင်းရငွေထဲက တစ်စိတ်တစ်ပိုင်းကို PPE ထောက်ပံ့ပေးနေပြီး ကမ္ဘာအနှံ့က စားနပ်ရိက္ခာထောက်ပံ့ခြင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပရဟိတလုပ်ငန်းတွေနဲ့ အလုပ်အတူတူလုပ်နေတဲ့ Burberry Foundation COVID-19 ရန်ပုံငွေအဖွဲ့ကို လှူသွားမှာလို့ သိရပါတယ်။
ဒီ mask တွေကို အခု Burberry website မှာ £90 ($118 USD ၀န်းကျင်) နဲ့ ၀ယ်လို့ရနေပါပြီ။