Fishing hat လို့လည်းခေါ်ကြတဲ့ Bucket Hat ကိုတော့ ၁၉၀၀ ဝန်းကျင်လောက်မှာ စတင်အသုံးပြုခဲ့ကြတာပါ။ Bucket Hat ကို ၁၉၆၀ ခုနှစ်ဝန်းကျင်မှာတော့ street fashion ရော၊ catwalk မှာပါ high fashion ပစ္စည်းတစ်ခုအနေနဲ့စတင်လက်ခံလာကြပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာလည်း hip-hop artists တွေကြားထဲမှာ ခေတ်စားခဲ့ပြီး Bucket hat ကို Michael Kors တို့၊ Chanel တို့ကလည်း Spring/Summer 2018 မှာ ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ bucket hat တွေက festival တွေမှာလည်း ပြန်လည်ခေတ်စားလာပြီး session hat ဆိုပြီးတော့လည်းလူသိများကြပါတယ်။ Bucket hat က street fashion နဲ့ လိုက်ဖက်တယ်ဆိုတာကတော့ ပြောစရာလိုတော့မယ်မထင်ပါဘူး။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #BucketHat