အောက်တိုဘာလဟာ Breast Cancer Awareness လအဖြစ် သတ်မှတ်ထားတဲ့လတစ်လပါ။ အလှအပပိုင်းဆိုင်ရာ၊ ဖက်ရှင်ပိုင်းဆိုင်ရာ brand တွေကလည်း Breast Cancer Awareness Campaign တွေအနေနဲ့ ပါဝင်လှုပ်ရှားနေကြပါပြီ။ ဘယ်လို brand တွေက ပါဝင်လှုပ်ရှားနေလဲဆိုတာ LUSHers တို့ သိရဖို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
???? ? ?????????! ????????????? ??????????
Vans ကနေပြီးတော့ Breast Cancer Awareness Campaign အနေနဲ့ Breast ပုံစံ ပါဝင်တဲ့ အဝတ် နဲ့ ဖိနပ်ဒီဇိုင်းတွေကို UK အခြေစိုက် Charity Organization တစ်ခုဖြစ်တဲ့ CoppaFeel! နဲ့ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာပါ။ မိန်းကလေးတွေအတွက်သာမက ယောက်ျားလေးတွေကော ကလေးတွေပါ ဝတ်ဆင်လို့ရမယ့် ဒီဇိုင်းတွေကို ထုတ်လုပ်ရောင်းချတာဖြစ်ပြီး ရောင်းရငွေ စုစုပေါင်း အနည်းဆုံးဒေါ်လာ ၂သိန်းကို CoppaFeel! ကို ပြန်လည်လှုဒါန်းမှာပဲဖြစ်ပါတယ်။
?????? ? ?????
အဆိုတော် Rihanna ရဲ့ Lingerie Brand တစ်ခုဖြစ်တဲ့ Savage X Fenty ကလည်း Breast Cancer Awareness Campaign အနေနဲ့ Limited edition ဖြစ်တဲ့ Savage X Thrivers Xtra VIP Box ကို ထုတ်လုပ်ရောင်းချနေပါပြီ။ ဒီ Limited edition ရောင်းချမှုကနေ ရရှိတဲ့ ငွေကြေးများကို Clara Linoel Fund အနေနဲ့ ပြန်လည်သုံးစွဲမှာဖြစ်ပြီး ဒီ Fund ငွေတွေကနေတဆင့် Breast Cancer အတွက် အရေးတကြီး ပြန်လည်အသုံးချဖို့လိုအပ်တဲ့ သုတေသန နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
????? ????? (??????? ??????? ??? ????? ???)
Estee Lauder Company ရဲ့ Breast Cancer Campaign ကနေ တဆင့် ဒီ Bobbi Brown pink lipstick ကိုရောင်းချဖို့ စီစဉ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ပန်းရောင် နှုတ်ခမ်းနီနှစ်ချောင်းပါဝင်မှာဖြစ်ပြီး နှုတ်ခမ်းသားခြောက်သွေ့မှုကို လျော့ချပေးနိုင်တဲ့ အာနိသင်ပါဝင်တယ်လို့ သိရပါတယ်။ ဒီ Bobbi Brown ပန်းရောင်နှုတ်ခမ်းနီတစ်ချောင်းချင်းစီရဲ့ ရောင်းအားပေါ်မူတည်ပြီး Breast Cancer Research Foundation ကို ပြန်လည်လှုဒါန်းသွားမှာပဲဖြစ်ပါတယ်။
????? ?????? ???? ???? ???? ?????? ??????
Ralph Lauren အဖွဲ့အစည်းကနေပြီး Pink Pony Campaign ကို လှုပ်ရှားဆောင်ရွက်နေတာဆိုရင် ဒီနှစ်မှာ ၁၉ နှစ်တောင်ရှိခဲ့ပါပြီ။ Breast Cancer ကာကွယ်မှုကို အလေးထားဆောင်ရွက်တဲ့ Campaign ဖြစ်တာနဲ့အညီ Ralph Lauren က Cotton Jumper ရောင်းချရမှုရဲ့ ၂၅ ရာခိုင်နှုန်းကို တကမ္ဘာလုံးမှာရှိနေတဲ့ ကင်ဆာလှုဒါန်းရေး အဖွဲ့အစည်းတွေကို ပြန်လည်လှုဒါန်းပေးမှာပါ။
?????? ?? ?????? ?????????
Adidas ကနေ Breast Cancer ခံစားနေရတဲ့ ဝေဒနာရှင်တွေ၊ ပထမဆုံး အနေနဲ့ ခွဲစိတ်ကုသမှုခံယူပြီးတဲ့ ဝေဒနာရှင်တွေအတွက် Sports Bra ကို စတင်ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီဇိုင်းအနေနဲ့ လေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ထုတ်လုပ်တဲ့အချိန်မှာလည်း ရင်သားကင်ဆာခံစားနေရတဲ့ ဝေဒနာရှင်တွေနဲ့ အနီးကပ် အလုပ်လုပ်ကိုင်ဖူးတဲ့ Bra Consultant Monica Harrington နဲ့အတူ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာပါ။
Editor: Eain Chu