LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Digital Ageing – Solution to blue light effect

written by Lush Editor June 12, 2020
Digital Ageing – Solution to blue light effect

ကျွန်​​တော်တို့ အားလုံး မျက်လုံး​တွေကို ​ထိခိုက်​စေတဲ့ UV rays ​က​နေ ကာကွယ်ဖို့အ​ရေးကြီးတယ်ဆိုတာကို သိကြပါတယ်။ ဒါ​ပေမယ့် blue light rays ​တွေရဲ့ အန္တရာယ်က​နေ​ရော? တစ်​နေ့ကို ပျမ်းမျှ ဘယ်နှစ်နာရီလောက် digital မျက်နှာပြင်​တွေကို ကြည့်ရင်း အချိန်​တွေ ဘယ်​လောက်ကုန်ဆုံးခဲ့ပြီးပြီလဲ။

အများအားဖြင့် အလုပ်ချိန်ရဲ့ အများစုသာမက အိပ်ချိန်မှလွဲလို့ ကျန်တဲ့ အချိန်​တွေကို digital မျက်နှာပြင်​တွေကို ကြည့်ရင်း အချိန်ကုန်​နေကြပါတယ်။ ၆၀ ရာခိုင်နှုန်း​သော လူ​တွေက တစ်​နေ့ကို ၆ နာရီနဲ့ အထက် digital ပစ္စည်း​တွေရဲ့ ​ရှေ့မှာ အချိန်ကုန်ကြပါတယ်။ Blue light က​တော့ လူသား​တွေ မျက်စိနဲ့ မြင်​နေရတဲ့ အ​ရောင် လှိုင်း တစ်မျိုးဖြစ်ပြီး လှိုင်းအ​နေနဲ့ လှုပ်ရှားတဲ့ electromagnetic အမှုန်​တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလှိုင်း​တွေဟာ စွမ်းအင်တွေကို ထုတ်လုပ်​ပေးပြီး သူ့ရဲ့ စွမ်းအင်​တွေက လှိုင်းရဲ့ အလျား​ပေါ်မူတည်​နေပါတယ်။

လူသား​တွေရဲ့ မျက်လုံး​တွေဟာ spectrum ရဲ့ တစ်ခုထဲ​သော လှိုင်းကိုသာ သိသိသာသာ တုန့်ပြန်​လေ့ရှိပါတယ်။ ဒါက​တော့ မြင်​နေရတဲ့ လှိုင်း​​တွေကိုပါ။ မြင်​နေရတဲ့ လှိုင်း​တွေဆိုတာက​တော့ Spectrum ရဲ့ မြင်​နေရတဲ့ ခရမ်း​ရောင်၊မီးခိုး​ရောင်၊ အပြာ​ရောင်၊ အစိမ်း​ရောင်၊ အဝါ​ရောင်၊ လိ​မ္မော်​ရောင်နဲ့ အနီ​ရောင်​တို့ပဲ ဖြစ်ပါတယ်။ Blue light ရဲ့ လှိုင်း အလျားဟာ တိုပြီး​တော့ ကြီးမားတဲ့ စွမ်းအင်​တွေကို ထုတ်​ပေးပါတယ်။  Blue light နဲ့ ကာလရှည်ကြာ ထိ​တွေ့မယ်ဆိုရင် သင့်ရဲ့ မျက်စိကို ပြင်းထန်တဲ့ ကာလရှည် ထိခိုက်မှု​တွေ ဖြစ်​ပေါ်​စေနိုင်ပါတယ်။

Blue light က ​နေရာတိုင်းမှာ ရှိ​နေပါတယ်။ နေ​ရောင်ထဲမှာ လဲ ပါဝင်​နေသလို digital မျက်နှာပြင်​တွေဖြစ်တဲ့ TV, computer, laptop, smart phone ​တွေနဲ့ tablet ​တွေ ပြီး​​တော့ လျှပ်စစ် ပစ္စည်း၊ မီး​ချောင်းနဲ့ LED မီး​တွေမှာလဲ ရှိ​နေပါတယ်။ ​နေ​ရောင်မှ ရရှိတဲ့ သဘာဝ blue light က လူ​တွေရဲ့ အိပ်ချိန်​တွေကို ထိန်းညှိ​ပေးပါတယ်။ သဘာဝ blue light ဟာ စူးစမ်း​လေ့လာမှု၊ ပြန်လည်တုန့်ပြန်မှုနဲ့ ​ပျော်ရွှင်တဲ့ ခံစားချက်​တွေ တိုးပွား​​စေရန် အ​ထောက်အကူပြုပါတယ်။

လျှပ်စစ် ပစ္စည်း​တွေ၊ မီးသီး မီး​ချောင်း​တွေမှာ ​တွေ့ရတဲ့ သဘာဝမဟုတ်တဲ့ blue light ​တွေက​တော့ အမြင်အာရုံ စူးစိုက်မှု၊ ရှင်းလင်းပြတ်သားမှု နဲ့ ကြည့်လင်မှု​တွေကို ထိခိုက်​စေပါတယ်။ ဒီလို ထိခိုက်​စေရုံသာမက အချိန်ကြာလာတာနဲ့ အမျှ မျက်လုံး တိမ်စွဲခြင်း၊ ​ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း​တွေကိုပါ ဖြစ်​ပေါ်​စေပါတယ်။ ဒါ့ အပြင် ကွန်ပြူတာနဲ့ အခြား သဘာဝ မဟုတ်တဲ့  blue light ​တွေကို အကြည့်များတဲ့သူ​တွေဟာ မျက်ကြည်လွှာ ထိခိုက်​မှု​တွေ ဖြစ်​ပေါ်​စေပြီး​တော့ အသက်အရွယ်နဲ့ မလိုက်​အောင် ကြွက်သား​တွေ ထိခိုက်​စေပြီး ​နောက်ဆုံးမှာ အမြင်အာရုံ ဆုံးရှုံးတဲ့ အထိ ​ဖြစ်​စေပါတယ်။

ညဘက် အလုပ်လုပ်တာ​တွေနဲ့ ညဘက်အလုပ်လုပ်ချိန်မှာ blue light ကို အထိ​တွေ့များတာ​တွေက ရင်သားကင်ဆာ အစရှိတဲ့ ကင်​ဆာ ​ရောဂါ​တွေသာမက နှလုံး​ရောဂါများနဲ့ စိတ်ကျ​ရောဂါ​တွေကိုပါ ဖြစ်ပွား​စေပါတယ်။ အိပ်ချိန်မမှန်တဲ့ အပြင် blue light နဲ့ ထိ​တွေ့မှုများတာမို့လို့ အဝလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု​တွေကိုလဲ ဖြစ်​ပေါ်​စေပါတယ်။ ညဘက်မှာ blue light ​တွေကို အချိန်ကြာကြာ ကြည့်ရှုခြင်းဟာ သင့်ရဲ့ ဦး​နှောက်နဲ့ မျက်လုံးကို ​နေ့ အချိန်နဲ့ အမှတ်မှား​စေပြီး​တော့ ဆက်တိုက် နိုးကြား​နေ​စေတာ​ကြောင့် မျက်ကွင်းညို​စေတဲ့ ဆိုးကျိုးကိုလဲ ဖြစ်​ပေါ်​စေပါတယ်။

Melanin ဆိုတာက​တော့ လူရဲ့ အ​ရေပြား၊ ဆံပင်နဲ့ မျက်လုံး​တွေမှာ ရှိပြီး​တော့ ထိခိုက်​စေတဲ့ ​ရောင်ခြည်​တွေကို စုပ်ယူ​ပေးပြီး ကာကွယ်​ပေးတဲ့ သဘာဝ ဓါတ်တစ်မျိုးပါ။ ဒါ​ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ melanin ဓါတ်ဟာ နည်းပါးလာပါတယ်။ Blue light ဟာ သင့်ရဲ့ မျက်လုံးကို ထိခိုက်​စေရုံသာမက သင့်ရဲ့ အ​ရေပြားကိုလဲ ထိခိုက်​စေပါတယ်။ အသားအ​ရောင် ​ပြောင်းလဲခြင်း၊ နီမြန်းခြင်း၊ ​ယောင်ယမ်းခြင်း​နဲ့ အ​ရေပြား​တွေကို ပါးလွှာ​စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်ခြင်း​တွေကိုလဲ ဖြစ်​ပေါ်​စေပါတယ်။

Blue light ကို ထိ​တွေ့ခြင်းမှ ကာကွယ်ဖို့ လိုအပ်ပါတယ်။ 

Skincare အ​နေနဲ့က​တော့ antioxidants  ကြွယ်ဝစွာ ပါဝင်တဲ့ serum အမျိုးအစားကို အသုံးပြုပါ။ သင့်ရဲ့ ပုံမှန် skincare routine ကို ပုံမှန်ပြုလုပ်ပြီး​တော့  sun cream အသုံးပြုရာတွင်လဲ  antioxidant ကြွယ်ဝတဲ့ ကုန်ပစ္စည်း​တွေကို အသုံးပြု​ပေးပါ။

သင့်ရဲ့ မျက်လုံးနဲ့ အ​ရေပြားကို blue light ရဲ့ ထိခိုက်မှုမှ ကာကွယ်​ပေးဖို့ဆိုရင် အရိုးရှင်းဆုံး နည်းလမ်းက​တော့ သင့်ရဲ့ ဖုန်း၊ tablet ​တွေနဲ့ လျှပ်စစ်ပစ္စည်း​တွေကို blue light screen shield ​တွေ တပ်​ပေးဖို့ပါပဲ။ Amazon စတဲ့ online shopping mall ​တွေမှာ ပစ္စည်းအမျိုးစားများစွာ ရှိပြီး ​​စျေးနှုန်းလဲ သက်သာပါတယ်။

​နောက်ဆုံး​ပေါ်  smart phone ​တွေမှာ ဖုန်းရဲ့  blue light ကို yellow light နဲ့ အစားထိုး အသုံးပြုနိုင်​တဲ့  night mode သို့မဟုတ် night shift function ​တွေ ပါဝင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ ဒီ function ပါဝင်ရင်​တော့ အမြဲတမ်း အတွက် ​ပြောင်းထားခြင်းဖြင့်  blue light ​ကြောင့်ဖြစ်တဲ့ အိုမင်းရင့်​ရော်မှုမှလဲ ကာကွယ်နိုင်သလို သင့်မျက်လုံးကိုလဲ ကာကွယ်ပြီးသား ဖြစ်​နေမှာပါ။ သင့်ရဲ့ အိပ်ချိန်​တွေကို ပုံမှန် ဖြစ်​စေတာမို့လို့ အခုပဲ သင့်ရဲ့ ဖုန်းမှာ ဒီ function ပါလား ရှာကြည့်ကြည့်လိုက်​တော့​နော်။

Blue light ​ကြောင့် ဖြစ်​ပေါ်လာတဲ့ ထိခိုက်မှု​တွေအတွက် အဓိက ​သော့ချက်က​တော့ antioxidant ပါပဲ။

မဖြစ်မ​နေ ထိ​တွေ့ရမဲ့သူ​တွေဟာ  antioxidant ဓါတ်ကြွယ်ဝတဲ့ အစားအ​သောက်​တွေ​ ဖြစ်တဲ့ လက်ဖက်စိမ်း၊ ဘယ်ရီသီး အမျိုးမျိုးနဲ့ အ​စေ့အဆံ​တွေကို စားသုံး​ပေးဖို့ လိုအပ်ပါတယ်။ Antioxidant ဓါတ်မှာ vitamin-e ပါဝင်တာ​ကြောင့် အသားရည်ကို ပြန်လည် စို​​ပြေ ဝင်းပ​စေပါတယ်။  Antioxidant ဓါတ်ဟာ လူ​တွေရဲ့ အ​ရေပြားကို ပြန်လည် ဖွံ့ဖြိုး​စေပြီး​တော့ ပြင်ပပတ်ဝန်းကျင် ​ကြောင့် ဖြစ်​ပေါ်​စေတဲ့ ​အ​ရေပြား ပြသနာ​တွေမှလဲ ကာကွယ်​ပေးပါတယ်။

သဘာဝ မဟုတ်တဲ့  blue light ဟာလူ့ အ​ရေပြားနဲ့ မျက်စိသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်​စေပါတယ်။

မဖြစ်မ​နေ အသုံးပြုရ​တော့မယ်ဆိုရင်​တော့ blue light အစား  စွမ်းအင် အနည်းဆုံးဖြစ်ပြီး သင့်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့ red light function ​တွေကို အသုံးပြု​ပေးပါ။ အိပ်ချိန် မတိုင်မီ ၂နာရီခန့်  blue light screen ​တွေကို ကြည့်ရှုခြင်းမှ ​ရှောင်ကျဥ်​ပေးပါ။ ညဘက် အလုပ်လုပ်သူများ အ​နေနဲ့ blue-blocking မျက်မှန်များ အသုံးပြု​ပေးပါ။ ​နေ့ခင်းဘက် ​နေသာချိန်မှာ သဘာဝ အလင်း​နဲ့ များများ ထိ​တွေ့​ပေးပါ။ အလုပ်ကိစ္စ​​ကြောင့် ​ရှောင်လွှဲလို့ မရတဲ့ အခါမျိုးက လွဲရင် သဘာဝ မဟုတ်တဲ့ blue light ​တွေကို ​ရှောင်ကျဥ်ခြင်းက​တော့ အ​ကောင်းဆုံးပဲ ဖြစ်ပါတယ်။

Editor: Jeune

Blue LightLUSH Beauty & SoulLUSH DAILYLUSH June 2020LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Shine on me: the light in my room
next post
Professional Drivers Move to Virtual Tracks

Recommended

GET READY TO BE LOVED

February 15, 2019

Flyleather sneaker with psychedelic prints “Nike X Ruohan...

December 11, 2020

How to stay updated on Travel regulations

June 10, 2020

Underrated British Shows that are Binge-watch Worthy

June 16, 2020

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

ဦးမော့လာတဲ့ Genderless Beauty trend

September 10, 2020

Swedish winery launches social distancing dining experience

June 24, 2020

Top 5 Floral Fragrances For LUSH Brides

December 14, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

2019 Halloween Costumes

October 30, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem