Billie Eilish ရဲ့ မတ်လတုန်းက မိုင်ယာမီ Where Do We Go? World Tour မှာ “All the Good Girls Go to Hell” သီချင်းကို မဆိုခင် ချပြခဲ့တဲ့ short film တခုရှိပါတယ်။ အဲ့ short film က အဲ့တုန်းကလည်း viral ဖြစ်သွားခဲ့ပြီးတော့ အခု မေ ၂၆ ရက်နေ့မှာတော့ သူ့ရဲ့ YouTube မှာ “Not My Responsibility” ဆိုတဲ့နာမည်နဲ့ တရားဝင်တင်ခဲ့ပါတယ်။ ဒီ short film ထဲမှာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လူတွေရဲ့သဘောထားကို မေးခွန်းထုတ်ထားတဲ့ နောက်ခံစကားပြောသံနဲ့အတူ ဝတ်ထားတဲ့အင်္ကျီတွေကို တထပ်ချင်းစီချွတ်ပြီး နောက်ဆုံး အနက်ရောင် bikini ဝတ်ထားတဲ့ သူရဲ့ ခန္ဓာကိုယ်ကို ဒီ video ထဲမှာတွေ့ရမှာပါ။
Billie Eilish က အရင်တုန်းက ရုပ်ဆင်းသွင်ပြင် ချို့ယွင်းချက်တွေရှိတယ်ဆိုပြီး စွဲလမ်းတတ်တဲ့စိတ်ရောဂါ (Body Dysmorphia) ကို ခံစားနေခဲ့ရပြီးတော့ ကျပ်တဲ့အဝတ်အစားတွေဝတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာမျိုးဖြစ်ခဲ့ပြီး မှန်တောင်မကြည့်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုတော့ မတ်လတုန်းက မိုင်ယာမီ tour မှာ ပြခဲ့တဲ့ short film ကိုကြည့်ချင်းအားဖြင့် သူ့ခန္ဓာကိုယ်အပေါ်ထားတဲ့ခံယူချက်တွေ ပြောင်းလဲလာပြီထင်ပါတယ်။ နာမည်ကြီးတဲ့သူဖြစ်ဖြစ်၊ မကြီးတဲ့သူဖြစ်ဖြစ် body shaming လုပ်ခံရတဲ့ဒဏ်ကို ခံနေရပါတယ်။ ဒီ video ကို ဝေဖန်တဲ့သူတွေများနေတယ်ဆိုပေမဲ့လည်း body shaming လုပ်ခံနေရတဲ့သူတွေအတွက်တော့ ခွန်အားတခု ဖြစ်စေခဲ့မှာပါ။
#LUSHmagazineMyanmar #LUSHbeauty #LUSHdaily #Celebritybeauty #BillieEilish