အသီးအနှံဆိုတာ သဘာဝက ပေးတဲ့လက်ဆောင်တစ်ခုပါ။ ဗီတာမင် ဓာတ်တွေ အပြည့်အဝပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုဘဝကို ဆောင်ကျဉ်းပေးနိုင်တဲ့ အရာ ဆိုလည်း မမှားပါဘူး။ ကယ်လိုရီ လည်းနည်းတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများပြားတဲ့အတွက် အသီးအနှံတွေကတဆင့် ဝိတ်ကျစေဖို့ ကောင်းကျိုးများစွာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုမျိုး အသီးအနှံတွေက ဝိတ်ချတဲ့နေရာမှာ အထောက်အကူ ပြုနိုင်မလဲ ကြည့်ကြည့်လိုက်ရအောင်။
၁။ ဂရိတ်ဖရု (Grapefruit)
Grapefruit အသီးမှာ Vitamin A နဲ့ C ဓာတ်များစွာပါဝင်ပြီး Calories လည်း နည်းတဲ့အတွက် ထမင်းမစားခင် စားပေးရင် တစ်နေ့တာ စားသုံးမှုနှုန်းကိုပါ လျော့ချပေးနိုင်ပါတယ်။
၂။ ပန်းသီး (Apple)
တစ်နေ့တစ်လုံးပန်းသီးစားသုံးတာ က ဆရာဝန်တွေနဲ့ ပြစရာမလို ဆိုတဲ့ ဆို ရိုးစကားရှိပါတယ်။ ဆိုရိုးအတိုင်း ကျန်းမာရေး ကောင်းဖို့ ပန်းသီးစိမ်း ကို စားပေးရင် ဝိတ်ချတဲ့နေရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။
၃။ ဘယ်ရီ (Berries)
ကိုလက်စထရောဓာတ်ကိုလည်း ထိန်းညှိပေးနိုင်သလို သွေးလည်ပတ်မှုကိုကောင်းစေနိုင်တဲ့အတွက် ဝိတ်ချတဲ့နေရာမှာ ဘယ်ရီသီးကိုလည်း မမေ့မလျော့စားပေးဖို့လိုပါတယ်။
၎။ မက်မွန်သီး (Peach)
Snack တွေဖြစ်တဲ့ chips တွေ cookies တွေ ဗိုက်ဆာတဲ့အချိန်မှာ စားမယ့်အစား ကယ်လိုရီဓာတ်လျော့နည်းတဲ့ မက်မွန်သီးကို စားပေးခြင်းအားဖြင့် ဝိတ်ကျစေနိုင်ပါတယ်။
၅။ ပင်မှည့်သီး (Passion)
သွေးတွင်းမှာရှိတဲ့ အင်ဆူလင်ဓာတ်ကို လျော့ကျစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေနိုင်တဲ့အတွက် ပင်မှည့်သီးကိုလည်း ဝိတ်ချဖို့စားသုံးနိုင်ပါတယ်။
၆။ လိမ္မော်သီး (Orange)
Vitamin C နှင့် အမျှင်ဓာတ်များစွာပါဝင်တဲ့အပြင် ဗိုက်ပြည့်စေတဲ့အတွက် လိမ္မော်သီးကိုလည်း ဝိတ်ကျစေနိုင်မယ့် အသီးအနှံတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကာ စားသုံးပေးသင့်ပါတယ်။
၇။ ကီဝီသီး (Kiwi)
အာဟာရလည်းပြည့်ဝသလို ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရရှိနိုင်မယ့် ကီဝီသီးကို ဝိတ်ချတဲ့နေရာမှာ စားသုံးပေးမယ်ဆိုရင် များစွာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
၈။ ဖရဲသီး (Watermelon)
အရည်ရွှန်းတဲ့ အသီးတွေကို စားပေးခြင်းအားဖြင့်လည်း ကျန်းမာရေးနဲ့ ညီညွှတ်စေနိုင်သလို အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ဝိတ်လည်း ကျစေနိုင်ပါတယ်။
၉။ ငှက်ပျောသီး (Banana)
ငှက်ပျောသီး စားရင် တကယ်ဗိုက်ပြည့်တယ်ဆိုတာကတော့ လက်တွေ့အတွေ့အကြုံပါ။ ဝိတ်ချဖို့အတွက် စဉ်းစားနေတယ်ဆိုရင်တော့ ငှက်ပျောသီးကို အစားထိုး စားဖို့ အကြံပေးပါရစေ။
တစ်ခုအကြံပေးချင်တာကတော့ ဒီအသီးတွေကို အသီးအတိုင်းစားပေးတာက ဝိတ်ကျတဲ့နေရာမှာ ပိုပြီးတော့ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့အသီးအနှံကိုပဲ ဖိစားပေးခြင်း အားဖြင့် ဝိတ်ကျစေတာတော့ မဖြစ်နိုင်ပါဘူး – နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း မမေ့ဖို့ အသိပေးလိုက်ပါရစေ။
Editor: Eain Chu