Bermuda shorts တွေဝတ်ဆင်တာက ဗြိတိသျှစစ်တပ်တွေမှာဝတ်ဆင်ခဲ့တာကနေ စခဲ့တယ်လို့ပြောလို့ရပါတယ်။ Bermuda shorts တွေက Mom shorts တွေ၊ Grandma bottoms တွေနဲ့ဆင်တယ်၊ ရုပ်ဆိုးတယ်ဆိုပြီး အပြောခံရတဲ့ထဲမှာပါပါတယ်။ ဒါပေမဲ့ Bermuda shorts ရဲ့အားသာချက်က သူ့ကိုဝတ်ရင် လွတ်လွတ်လပ်လပ်ရှိတယ်၊ ပေါ့ပါးပြီး ဝတ်လို့ကောင်းတာပါ။ အဲ့တော့ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဝတ်ရတာကို ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။ ခုနကပြောခဲ့သလို ရုပ်ဆိုးတဲ့ဘောင်းဘီဆိုပေမဲ့ သေချာတွဲဖက်ဝတ်ဆင်တတ်ရင်တော့ Bermuda shorts က ကြည့်ကောင်းပါတယ်။ ကိုယ်ဝတ်ချင်တဲ့ပုံစံက casual ပဲဖြစ်ဖြစ် formal ပဲဖြစ်ဖြစ် အဆင်ပြေအောင် တွဲဖက်ဝတ်ဆင်တတ်ဖို့ပဲလိုတာပါ။ Blazer ကအစ t-shirt အဆုံး၊ Heel ကအစ sneakers အဆုံး အဆင်ပြေသလို တွဲဝတ်နိုင်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #BermudaShorts