Belgium’s Most Influential Antwerp Six
word by htoo htoo
ဘယ်လ်ဂျီယံနိုင်ငံရဲ့ ဖက်ရှင်လောကကို ၁၉၈၀ မတိုင်ခင်တုန်းက ဂျပန်၊ ပြင်သစ်နဲ့ အီတလီ ဒီဇိုင်နာ တွေပဲ လွှမ်းမိုးနေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၀ နှစ်ပိုင်း တွေမှာ ဘယ်လ်ဂျီယံ ဒီဇိုင်နာ(၆)ယောက် ပါဝင်တဲ့ Antwerp Six ဆိုတဲ့ ဒီဇိုင်နာအဖွဲ့ ပေါ်လာပါတယ်။ ဒီနေ့ခေတ် ဖက်ရှင်လောကမှာ ဂုဏ်သိက္ခာ ကြီးမားတဲ့ ဘယ်လ်ဂျီယံ ဖက်ရှင် ဒီဇိုင်းတွေရဲ့ ကနဦးအစကတော့ ဒီ Antwerp Six ဆိုတဲ့ ဒီဇိုင်နာအဖွဲ့ကနေ စတင်ခဲ့တယ်လို့ ပြောရမှာပါ။ ဒီအဖွဲ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ရဲ့ နာမည်အကြီးဆုံး ဒီဇိုင်နာတွေ ဖြစ်တဲ့ Dries Van Noten, Ann Demeule meester, Dirk Van Saene, Walter Van Beirendonck, Dirk Bikkembergs နဲ့ Marina Yee တို့ပါဝင်ပါတယ်။ Antwerp’s Royal Academy of Fine Arts ကနေ ၁၉၈၀ နှစ်ပိုင်းတွေမှာ ဘွဲ့ရခဲ့ကြပြီး ၁၉၈၆ခုနှစ် London Fashion Week မှာ သူတို့ရဲ့ collection တွေကို ပြသပြီး ကမ္ဘာ့ဖက်ရှင် လောကမှာ ဘယ်လ်ဂျီယံ ဖက်ရှင် အတွက် နေရာယူပေးခဲ့ သူများလည်းဖြစ်ပါတယ်။
Dries Van Noten ကတော့ မိတ်ဆက်ပေးစရာမလိုတဲ့ ဒီဇိုင်နာ တစ်ယောက် ဖြစ်ပြီး Antwerp Six အဖွဲ့မှာ စီးပွားရေးအရ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူရဲ့ ဖခင်က အမျိုးသားဝတ် အထည်ဆိုင်ပိုင်ရှင် ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်မှာ Antwerp’s Royal Academy of Fine Arts ကနေ ဘွဲ့ရခဲ့ပြီး ၁၉၈၆မှာ သူ့ကိုယ်ပိုင် အမျိုးသားဝတ်စုံ ဒီဇိုင်းတွေကို London Fashion Week မှာ ပြသခဲ့ပါတယ်။ သူ့ဒီဇိုင်းတော်တော်များများက တန်ဆာဆင် ပစ္စည်းများပြားပေမယ့်လည်း classic ဆန်ပြီး နေ့စဉ်ဝတ်ဖို့ အဆင်ဒီဇိုင်းတွေလည်း ရှိပါတယ်။
မြင်တွေ့နေကြအရောင်အဆင်ဒီဇိုင်းတွေကိုပဲ ထူးထူးခြားခြားလေး ဖြစ်အောင် ပုံဖော်ထားပါတယ်။ အရှေ့တိုင်းဟန် နဲ့ အနောက်တိုင်းဟန်ကို ပေါင်းစပ်ပြီး ရုပ်ပုံ ဒီဇိုင်း အမျိုးမျိုးနဲ့ အထည်သား အသုံးပြုတာကလည်း သူ့ကို နာမည်ကြီးစေခဲ့ပါတယ်။ ၂၀ဝ၈ခုနှစ်မှာ တစ်နှစ်တာ နိုင်ငံတကာ ဖက်ရှင် ဒီဇိုင်နာဆုဖြစ်တဲ့ Council of Fashion Designers of America’s ရရှိခဲ့ပါတယ်။ အဲဒီ့နှစ်မှာပဲ မင်းသမီး Cate Blanchett ရဲ့ အကယ်ဒမီပွဲတက် ဝတ်စုံအတွက် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာလည်း သူမရဲ့ Red Carpet ဖက်ရှင်တွေအတွက် ပင်တိုင်ဒီဇိုင်နာ ဖြစ်လာပါတယ်။ သူ့ဒီဇိုင်းအားလုံးကို အသင့်ဝတ် အထည်အနေနဲ့သာ ရောင်းချပြီး အပ်ထည်မချုပ်ပါဘူး။အခုလက်ရှိမှာ တစ်နှစ်ကို အမျိုးသားရော အမျိုးသမီး အတွက်ပါ ခသူနခအငသည (၄) မျိုး ထုတ်လုပ်လျက် ရှိပါတယ်။ Antwerp, Hong Kong, Tokyo, Paris နဲ့ Singapore တို့မှာ ဆိုင်ခွဲတွေ ဖွင့်ထားပြီး သူ့ဒီဇိုင်းတွေကို နိုင်ငံတကာ ဖက်ရှင်ဆိုင်ပေါင်း(၄၀ဝ) ကျော်မှာ ရောင်းချလျက် ရှိပါတယ်။
Ann Demeulemeester ကတော့ ၁၉၅၉မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ငယ်က ဖက်ရှင်ကို စိတ်ဝင်စားမှုမရှိပေမယ့် အနုပညာကျောင်း သုံးနှစ် တက်ပြီးတဲ့နောက်မှာ အဝတ်အစား ဒီဇိုင်းတွေအကြောင်း စိတ်ဝင်စားလာရာကနေ ဖက်ရှင် ဒီဇိုင်းပညာကို ၁၉၇၈ ခုနှစ်မှာ Antwerp’s Royal Academy of Fine Arts မှာ တက်ရောက် သင်ယူခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး ၁၉၈၂ မှာ Golden Spindle ဆုကို ရခဲ့ပြီး အောင်မြင်မှုလမ်းစကိုတွေ့ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာ ကိုယ်ပိုင် clothing line ကို စတင်ခဲ့ပါတယ်။ အညို၊ အနက်နဲ့ မီးခိုးရောင် စတဲ့ အရောင်တွေ သုံးလေ့ရှိပြီး အထည်စတွေကို ထပ်ကာ ခွဲကြောင်းပြန်ဖော်တဲ့ ဒီဇိုင်းကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ Gothic, Punk နဲ့ Japanese စတိုင်လ် တွေမှာ သူ့ကိုယ်ပိုင်စိတ်ကူးနဲ့ ပေါင်းစပ်ခဲ့သလို မိန်းမဆန်တဲ့ Collection တွေလည်း ထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ Collection တွေကို နိုင်ငံပေါင်း ၃၀ မှာ ရောင်းချပါတယ်။
ဒီနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ အရေးပါတဲ့ ဒီဇိုင်နာတွေထဲက တစ်ယောက် ဖြစ်တဲ့ Walter Van Beirendonck ကိုတော့ ၁၉၅၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၀မှာ Antwerp’s Royal Academy of Fine Arts ကနေ ဘွဲ့ရခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ သူ့ collection စတင်ထုတ်လုပ်ခဲ့ပါတယ်။ ပန်းချီ၊ သီချင်း၊ စာပေ၊ သဘာဝ နဲ့ ethnic လူမျိုးစုတွေကနေ inspiration ယူခဲ့ပါတယ်။ သူ့ collection တွေမှာ ထူးခြားတဲ့ အရောင် ပေါင်းစပ်မှုနဲ့ ဂရပ်ဖစ်ဒီဇိုင်း ကောင်းကောင်းသုံးလေ့ ရှိပါတယ်။ ဖက်ရှင်ကနေစပြီး မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအထိ သူပြောချင်တဲ့ စကားတိုင်း ကို စာသားတွေ အနေနဲ့ သူ့ဝတ်စုံတွေမှာ ဖော်ပြလေ့ရှိပါတယ်။ ၁၉၉၀ခုနှစ်မှာ U2’s PopMart Tour အတွက် Stage ဝတ်စုံတွေ စီစဉ်ပေးပြီး ၁၉၉၉ခုနှစ်မှာ “Cultural Ambassador of Flanders” ဆုချီးမြှင့်ခံခဲ့ရပါတယ်။ မကြာသေးခင် ကပဲ Scapa Sports ရဲ့ Artistic Director အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ အဝတ်အစား collection တွေအပြင် ပြဇာတ်ဒီဇိုင်း၊ ရုပ်ရှင်နဲ့ Ballet အကအတွက် ဝတ်စုံဒီဇိုင်း၊ စာအုပ်သရုပ်ဖော်ဒီဇိုင်းစတဲ့ ဒီဇိုင်းနဲ့ ပတ်သက်တာတွေ လုပ်ကိုင် လျက်ရှိပါတယ်။
သူတို့ ဒီနေ့လို နာမည်ကြီးဒီဇိုင်နာတွေဖြစ်လာဖို့ ကြော်ငြာတွေ၊ မားကတ်တင်းတွေ မလိုခဲ့ပါဘူး။ ဘယ်လ်ဂျီယံရဲ့ အစောဆုံး ဒီဇိုင်နာတွေဖြစ်ပြီး ဒီနေ့အချိန်ထိ နိုင်ငံတကာဖက်ရှင်လောကမှာ နေရာတစ်ခုနဲ့ရပ်တည်နေတာမှာ သူတို့ယုံကြည်တဲ့ အရာက တီထွင်မှု တစ်ခုတည်းရှိပါတယ်။ သူများနဲ့ မတူတဲ့ တီထွင်မှုတွေကပဲသူတို့ကို အောင်မြင်စေခဲ့ပြီး ဘယ်လ်ဂျီယံဖက်ရှင်လောကကိုလည်း ဦးမော့စေခဲ့တာဖြစ်ပါတယ်။အခုဆိုရင် မြန်မာနိုင်ငံမှာလည်း မြန်မာမှု၊ မြန်မာ့ဟန်လွှမ်းတဲ့ ကိုယ်ပိုင် ဖက်ရှင် brand ထုတ်လုပ်သူတွေရှိလာတာကို ဝမ်းသာစရာ တွေ့နေရပါပြီ။ ရှေ့ဆက်ပြီးလည်း မြန်မာနိုင်ငံအတွက် ဖန်တီးမှုအားကောင်းကောင်းနဲ့ ကမ္ဘာ့ဖက်ရှင်ကို ထိုးဖောက်နိုင်တဲ့ Antwerp’s Royal Academy of Fine Arts လို ဖက်ရှင်ကျောင်းတွေ လို ဖက်ရှင်ဒီဇိုင်နာအဖွဲ့တွေ ပေါ်ပေါက်လာဖို့ မျှော်လင့်မိပါတယ်။
(English Version)
Before the 1980s, Belgium fashion industry was dominated by Japanese, French and Italian designers. Along came a group of six home grown designers who changed this and they were dubbed as “Antwerp Six”. It has to be said that the current reputation of Belgium fashion design is attributed to this fashion collectives, Antwerp Six. This group includes six most influential Belgium fashion designers and they are Drivies Van Noten, Ann Demeulemeester, Walter Van Beirendonck, Dirk Bikkembergs, Dirk Van Saene and Marina Yee. They were all graduated from Antwerp’s Royal Academy of Fine Arts and put Belgium on the international fashion map ever since when they presented their collections during London Fashion Week in 1986.
Dries Van Noten, a designer who needs no introduction, is the most commercially successful of the Antwerp Six. He was born in 1958 and his father was a menswear shop owner. He graduated from Antwerp’s Royal Academy of Fine Arts in 1980 and presented his menswear collection at London in 1986. His collections often include ornate embellishment but classic shapes and everyday pieces as well. His designs are unique with a familiar palette and what made him famous is his expertise in mixing Eastern and Western styles and folkloric fabrics.
In 2008, he won Council of Fashion Designers of America’s International fashion designer of the year award. Also, he dressed actress Cate Blanchett for the Academy Awards and has continued to dress her for other red carpet events ever since. He offers only ready-to-wear collections and no haute couture work. Currently, he produces four collections yearly, men’s collection and women’s collection, for both summer and winter. His namesake brand has shops in Antwerp, Hong Kong, Tokyo, Paris and Singapore. The brand is said to be carried in some 400 fashion shops around the world.
Ann Demeulemeester was born in 1959. Initially, she showed no interest in fashion but after attending art school for three years, she started thinking about clothing design. She went on to study fashion design at Antwerp’s Royal Academy of Fine Arts and graduated in 1981. She found success by winning the inaugural Golden Spindle award in 1982. In 1985, she started her own line of clothing using various fabrics, usually in shades of brown, black and grey that she brings together to then slash and tear the mixed fabrics. She adds her own ideas to Gothic, Punk and Japanese styles and her collections include a touch of her femininity. After the debut of her menswear line in Paris, she became one of the first designers to feature both men’s and women’s collections in the same show in 1996. Her collections are now sold in over 30 countries worldwide.
One of today’s fashion design trend setters, Walter Van Beirendonck, was born in 1957 and graduated in 1980 from Antwerp’s Academy. Since 1983, he started his own collections which are inspired by the art, music, literature, nature and ethnic influences. He uses unusual color combinations and strong graphic designs in his collections. All of his statements about everything from fashion to contemporary society are brought together in slogans and prints on his work. He designed the costumes for the U2’s PopMart tour in 1997 and he was awarded the honorary title of “Cultural Ambassador of Flanders” in 1999. Recently, he has worked as the Artistic Director for Scapa Sports. Besides working on his collections, he also works on different projects such as the design for theatre, film and ballet design, the illustration of books and much more.
What was unique about Antwerp Six was that they were not big into advertising or marketing. It was their fearless creativities that propelled them as Belgium’s influential designers and remains as top designers in today’s fashion world. Presently, there are many Myanmar designers producing own fashion brands with Myanmar cultural influences. We sincerely hope for the rise of fashion schools and fashion collectives like Antwerp’s Royal Academy of Fine Arts and Antwerp Six to put Myanmar on the global fashion map with strong creativities.