လာမယ့်နွေရာသီအတွက် inspired ယူရမယ့် Beauty Trends တွေကို အခုလုပ်လက်စ Spring/Summer 2024 show တွေမှာ ဖောဖောသီသီပဲ တွေ့နေရပါပြီ။ မြန်မာနိုင်ငံအပူပိုင်းဒေသတွေအတွက်တော့ ဒီ Beauty Look တွေကို အကောင်အထည်ဖော်ဖို့က နွေရာသီထိတောင် စောင့်စရာမလိုပါဘူး။ အားလုံး inspired ယူလို့ရမယ့် SS24 show တွေ အများကြီးရှိတဲ့ထဲက New York Fashion Week မှာ တွေ့ခဲ့ရတဲ့ Beauty Trends တွေကို ဒီတခေါက် article လေးမှာ မျှဝေပေးသွားချင်ပါတယ်။
New York Fashion Week ရဲ့ Beauty look တွေကို ကြည့်မယ်ဆို Mythology, AI စတာတွေကနေ inspired ယူထားပြီး အိပ်မက်ဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် look တွေကို အများကြီးပဲတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ Show တွေတုန်းက တွေ့ခဲ့ရတဲ့ ရေသူမဆန်ဆန်ပြင်ဆင်ပုံတွေ၊ Celestial ပုံစံပြင်ဆင်ပုံတွေလည်း အခု NYFW မှာ ထပ်ပြီး တွေ့ခဲ့ရပါသေးတယ်။
အရောင်တောက်တောက် ပြောင်ပြောင်လက်လက်တွေ၊ ထင်းထွက်နေတဲ့ဆံပင်အသုံးအဆောင်တွေ စတဲ့ အမြင်အာရုံဖမ်းစားနိုင်မယ့် ဖန်တီးမှုတွေကို အခု NYFW မှာအများကြီးတွေ့ခဲ့ရပြီး ဒါက အခုနောက်ပိုင်း trend တွေမှာတွေ့လာရတဲ့ More is more concept မျိုးကို ချပြခဲ့ကြတယ်လို့ ဆိုလို့ရပါတယ်။
ဆိုတော့ NYFW24 runway ဆီကနေ လာမယ့်နှစ်မှာ trend ဖြစ်လာနိုင်မယ့် beauty look တွေကို အောက်မှာဆက်ပြီးတော့ ဖတ်ကြည့်လိုက်ရအောင်။
Ribbons, Ribbons, Everywhere
:max_bytes(150000):strip_icc():format(webp)/nyfw9-8a1f169d4ba946c8910b3933df5dbcac.png)
Ribbon တွေက ဒီထက်ပိုပြီး လူတွေကြားထဲမှာ trend ဖြစ်လာဖို့က သေချာသလောက်ရှိနေပါပြီ။ ဆံပင်ရဲ့ကြားထဲမှာ ဖဲကြိုးညှပ်ပြီးအလှဆင်တာမျိုးတွေကို အခု NYFW24 မှာ တကယ်ကိုအများကြီးမှအများကြီး တွေ့ခဲ့ရပါတယ်။ Collina Strada မှာ မိန်းကလေးမော်ဒယ်တွေအကုန်နီးပါး ဆံပင်ကြားထဲ ဖဲကြိုးညှပ်ပြီး ကျစ်ဆံမြီးသေးသေးလေးတွေကျစ်ထားတာမျိုးတွေ့ရသလို Christian Siriano မှာ ဘဲလေးကချေသည်တွေလိုပုံစံမျိုးကို inspired ယူပြီး ပိုးဖဲအသုံးအဆောင်တွေ၊ ပန်းနုရောင်ဖဲပြားတွေကို ဝေဝေဆာဆာ သုံးသွားခဲ့ပါတယ်။
:max_bytes(150000):strip_icc():format(webp)/nyfw10-063adfd6cc054a7fa8501dd80e9fef5a.png)
Eyeliner but in unconventional ways

Abstract graphic eyeliner ဆိုတာက အခုချိန်မှာ ဆန်းတော့မဆန်းနေပါဘူး။ ဒါပေမဲ့ အခု NYFW24 မှာတွေ့လိုက်ရတဲ့ Eye makeup တွေရဲ့ Eyeliner တွေက နည်းနည်းပိုထူးခြားနေတာကလည်း ငြင်းမရပါဘူး။ Eckhaus Latta မှာ မော်ဒယ်တွေရဲ့ မျက်လုံးကို မျက်မှန်ပုံစံအကွင်းလေးတွေဆွဲထားတာမျိုး၊ Khaite မှာ မျက်ခုံးအောက် မျက်ခွံအပေါ်နားလေးမှာ Line လေးတကြောင်းပဲ ဆွဲတာမျိုးတွေက ကြည့်ရတာ ထူးဆန်းနေပေမဲ့ အထာကျနေတာကတော့ အမှန်ပါပဲ။

Sea Siren Hair

Anna Sui runway မှာ ရေတွေစိုနေတဲ့ ရေသူမလေးရဲ့ဆံပင်ပုံစံလိုမျိုး ရေစိုလှိုင်းတွန့်အကြီးကြီးတွေက NYFW24 မှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်လို့နေပါတယ်။ Wet Hair Look တွေက ပုံမှန်ထသွားထလာအချိန်မျိုးမှာ ပြင်ဆင်ဖို့ သိပ်အဆင်မပြေပေမဲ့ အခုတခေါက် NYFW24 ရဲ့ Anna Sui runway က wet hair look တွေကတော့ အလှဓာတ်ပုံရိုက်တာတို့၊ ပါတီသွားတာတို့၊ night out ထွက်တာမျိုးတွေမှာ ပြင်ဆင်ရင် တော်တော်ကိုအထာကျမှာပါ။
:max_bytes(150000):strip_icc():format(webp)/nyfw14-77052cf1d77a4c5790432caf41763795.png)
Mermaidcore

Sandy Liang က သူ့ရဲ့ show notes မှာ The Little Mermaid ကို ရည်ညွှန်းထားသလို သူ့ရဲ့ Show မှာလည်း ရေသူမဆန်ဆန်ပြင်ဆင်မှုတွေကို ချပြခဲ့ပါတယ်။ မျက်လုံးတဝိုက်မှာ ကျောက်စီပြီး ဆံပင်မှာကြယ်ငါးပုံ ကလစ်တပ်ထားတဲ့ look တွေ၊ ခရုခွံ ear cuff တပ်ပြီး ရေခပ်ပါးပါးစိုနေတဲ့ ဆံပင်ဘေးတဖက်ချ hairstyle မျိုးနဲ့ တွဲထားတဲ့ look တွေကို Sandy Liang show မှာတွေ့ခဲ့ရပါတယ်။
:max_bytes(150000):strip_icc():format(webp)/nyfw20-8847335cf396486e84b7d98541cdec27.png)
NYFW24 မှာ ရေသူမပုံစံ beauty look တွေကို ချပြခဲ့တာ Sandy Liang တခုထဲ မဟုတ်ပါဘူး။ Luar ရဲ့ show မှာ ဆံပင်ရေစိုပုံစံကိုမှ ဆံပင်အဖျားတွေ ချွန်ထွက်နေအောင် ပြင်ဆင်ထားတာတွေ၊ Anna Sui မှာ အပေါ်မှာပြောခဲ့သလို ရေစိုလှိုင်းအကောက်ဆံပင်ပုံစံတွေ၊ ခရုခွံတွေ၊ Khaite မှာ ရေစိုဆံထုံးတွေ၊ Jason Wu မှာဆိုလည်း မော်ဒယ်တွေကို ရေစိုနေတဲ့ပုံစံပြင်ဆင်တာမျိုးတွေ တွေ့ခဲ့ရပါတယ်။

Decorated Updos

ဆံထုံးလို့ဆိုလိုက်ရင် သတို့သမီးတွေ၊ ဆရာမတွေမှ ပြင်ဆင်တာပါလို့ပြေးမြင်ပြီး အရမ်း formal ကျတယ်လို့ ခံစားရတာတွေက သိပ်ကြာကြာ ခံတော့မယ်မထင်ပါဘူး။

ဘာလို့ဆို ဆံထုံးကို accessories လေးတွေနဲ့အလှဆင်တာက ဘယ်လောက်လှပြီး ချစ်ဖို့ကောင်းလဲဆိုတာကို အခု NYFW24 ရဲ့ Alice + Olivia မှာတွေ့ခဲ့ရပြီလေ။ နောက်ပြီး Friends series ထဲက Phoebe ရဲ့ ဆံထုံးတွေကလည်း ဆံထုံးဆိုတာ casual အနေနဲ့ ပြင်ဆင်လို့ရကြောင်း သက်သေပြနေမှန်း အခု NYFW24 က decorated updos တွေကိုကြည့်ပြီး ပြန်သတိရသွားပြီ။
