မိန်းကလေးသေးသေးလေး( Petite / Short Woman ) တွေအတွက် ဘယ်လိုအထာကျကျ ဝတ်ဆင်လို့ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်း။ Thi တို့တွေ အတွက် Petite lady ကိုပြောရရင် Asian Lady လို့ပြောရမှာပါ ။ 5’4” အောက်ဆို Global အနေနဲ့ Petite လို့ သက်မှတ်ကြပါတယ်။ Global ဆိုတော့ Hollywood က Petite Actress တွေ အများကြီးရှိပါတယ်။ ဥပမာ Emma Roberts ( 5’2”) , Kristen Bell ( 5’1” ) တို့ Natalie Portman ( 5’3”) စတဲ့ နာမည်ကြီးတွေအများကြီးရှိပါတယ်။
အဲ့တော့ ကိုယ်ကြိုက်တဲ့ Actress တွေရဲ့ Style တွေကို လေ့လာပြီးတော့လည်း အထာကျကျ Chic Looks လေးဖြစ်ဖို့ ဒီအချက်လေး၅ ချက် ကို လိုက်နာကြည့်ရအောင်။
- Wide Leg Pants & High Heel
ဟုတ်ပါတယ်။ Wide Leg Pant တွေ Flare Pant တွေကတော့ Chic Style ရဲ့ အဓိက ကျတဲ့ Style Simple ပါဘဲ။ သူကိုတော့ Petite lady လေးတွေအတွက် High Heel နဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ လူကောင် သေးသေးလေးလို့ မမြင်စေတော့ပါဘူး။ Active ဖြစ်တဲ့ အထာကျတဲ့ Elegant Chic Style Look ကိုရစေမှာဘဲဖြစ်ပါတယ်။ Victoria Beckham ( 5’3”) ရဲ့ Style တွေကတော့ Modern Elegant Chic Style မျိုးပါ။
- Wear Mini / Midi Skirt
Boho Chic အမျိုးအစားလို Feminine ဖြစ်ပင်မဲ့ too much Hippie မဟုတ်တဲ့ Modern Boho Style အမျိုးအစားကတော့ Petite Girl လေးတွေအတွက် အရမ်းလိုက်ဖက်တဲ့ Chic Style ပါဘဲ။ Elegant Chic Style ဆိုတာကတော့ မိန်ကလေးဆန်ပြီးတော့ အဆင့်တန်းမြင့်တဲ့ ( Quality / Expensive ladylike ) ဖြစ်တဲ့ Style လို့ပြောရမှာပါ။ ချစ်စရာ မိန်ကလေးဆန်ပြီးတော့ အထာကျတဲ့ Emilia Clarke လို Style လေးကတော့ မြင်သူတိုင်း Charming ဖြစ်စေမှာပါ။
- Wear Maxi Dress
Maxi Floral Print Dress လေးတွေနဲ့ Petite lady လေးတွေကတော့ အလိုက်ဖက်ဆုံးပါဘဲ။ Floral Print Dress လေးတွေကတော့ မိန်းကလေးဆန်ပြီးတော့ ပျော်ရွင်တတ်တဲ့ ( Warm And Kind ) မိန်းကလေးတွေရဲ့ သင်္ကေတပါဘဲ။ Thi တို့ရဲ့ Asian မှာလဲ လူကြိုက်များကြတဲ့ Dress type လေးလဲဖြစ်ပါတယ်။ Sarah Jessica Parker နဲ့သူမရဲ့ Maxi Dress ကတော့ အလိုက်ဖက်ဆုံး Chic Look ပါဘဲ။
- Wear Nude Shoes
Nude Shoes တွေကတော့ Petite lady တွေအတွက် အရပ်ရှည်စေပါတယ်။ အသားနဲ့ တသားတည်းလို့ထင်ရတာမို့ အောက်ပိုင်းလဲ ပိုရှည်သွားစေပြီး သွယ်လျတဲ့ အမြင်ကိုလဲရစေပါတယ်။ Elegant ရဲ့ သင်္ကေတဖြစ်တဲ့ Nude Color လေးကတော့ Chic Style ရဲ့ လူကြိုက်များကြတဲ့ Color ပါဘဲ။ Mila Kunis ရဲ့ Nude Heels နဲ့ perfect Chic Looks လေးများကို ဖော်ပြပေးလိုက်ပါတယ်။
- High Waist Pant / Jean
High Waist Jean ကလဲ အောက်ပိုင်းကို ပိုရှည်စေတာမို့ သွယ်လျတဲ့ အမြင်ကိုရစေပါတယ်။ မိန်းကလေးတွေအတွက် High Waist Mother Jean / High Waist Pant တွေကို ဝတ်ဆင်တဲ့အခါ ခါးအပေါ်ပိုင်းထက် အောက်ပိုင်းက ပိုရှည်စေတာဟာ သွယ်လျတဲ့ အသွင်ကိုရစေပါတယ်။ Mother Jean ကတော့ Petite Lady ကြိုက်တဲ့ Casual Chic Look ကို ရစေပါတယ်။ Mira Duma ရဲ့ ပေါ့ပါးပြီးအထာကျတဲ့ Chic Style လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နောက်အပတ်တွေမှာလဲ Ariel Thi ရဲ့ Styling Tips တွေကို ပြောပြပေးသွားမှာမို့ Sat LUSH STYLING TIPS များကို ဆက်လက်ဖက်ရှုနိုင်ပါတယ်။