1. Little House on the Prairie
Little House on the Prairie is a series the focus on a life of a family that lived in an agrarian community in the nineteenth century. The family consist of the father Charles Ingalls, the wife Caroline, and their daughters, Mary, Laura, and Carrie. Their family slowly expands with the birth of their fourth daughter Grace and the adoption of 3 more children, Albert, Cassandra and James.
This show shows the coming of age of their second daughter Laura and the family’s standing and livelihood during that time.
Little House On the Prairie ဇာတ်ကားဟာဆိုရင် လယ်ယာစိုက်ပျိုးရေးခေတ်ကာလ ၁၉ ရာစုအတွင်းက မိသားစုတစ်စုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ Series တွဲတစ်ခုပဲဖြစ်ပါတယ်။ Charles Ingalls နဲ့ သူရဲ့ဇနီးသည် Caroline တို့ရဲ့ သမီးတွေဖြစ်တဲ့ Mary ၊Luna နဲ့ Carrie တို့ရဲ့ မိသားစုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားထဲမှာ သူတို့မိသားစုရဲ့လေးယောက်မြောက်သမီးလေး Grace နဲ့ မွေးစားကလေးသုံးယောက်ဖြစ်တဲ့ Albert ၊Cassandra နဲ့ James တို့ ကြားက မိသားစုအခက်အခဲတွေကို အသေးစိတ်ပုံဖော်ရိုက်ကူးထားခဲ့ပါတယ်။ ဒီ Series မှာ သူတို့ရဲ့ ဒုတိယသမီးဖြစ်တဲ့ Laura နဲ့ သူတို့မိသားစုရပ်တည်မှုနဲ့ ထိုခေတ်အခါက အသက်မွေးဝမ်းကြောင်းဘဝကို ထင်ဟပ်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။
2.In The Mood For Love
In The Mood For Love is a Hong Kong film that is directed by Wong Kar-wai which depicts Hong Kong of 1962. This movie is about a forbidden love between a man (Chow) and a woman (Su) after finding out their spouses were having an affair with each other.
Going deeper into the movie, the 1962 Hong Kong was a stable place to migrate to where there was an intertwine of both western and eastern culture. This was relevant to the movie as this period was where Chow and Su met and their relationship materialised. By the end of the movie, in 1966, the Hong Kong’s political scene has became chaotic similar to Chow’s and Su’s forbidden love affair come to an end.
In The Mood For Love သည် ဒါရိုက်တာ Wong Kar-wai ရိုက်ကူးသော ဟောင်ကောင်ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သူတို့အိမ်ထောင်ဖက်တွေရဲ့ ဖောက်ပြန်မှုကို သိရှိသွားကြပြီး ပြန်လည်ဖောက်ပြန်ကြတဲ့ Chow နဲ့ Su ကြားက တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းလေးကို ၁၉၆၂ ခုနှစ်က ဟောင်ကောင်မှာအခြေတည်ရိုက်ကူးခဲ့တာပါ။
၁၉၆၂ ခုနှစ်များက ဟောင်ကောင်ဟာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အရှေတိုင်းယဉ်ကျေးမှုတို့ ရောနှောစပ်ယှက်ကာ တည်ငြိမ်အေးဆေးတဲ့နေရာတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ဒီရုပ်ရှင်ကားကြီး ရိုက်ကူးပြီးစီးခဲ့တဲ့ ၁၉၆၆ ခုနှစ်မှာတော့ ဟောင်ကောင်ရဲ့ နိုင်ငံရေးအခြေအနေက Chow နဲ့ Su ကြားက တိတ်တိတ်ပုန်းဇာတ်လမ်းလိုပဲ ဖရိုဖရဲကမောက်ကမ အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။
3.Maung Doe Cherry Myay (Khin Than Nu, Win Oo)
Poe Ko came back to his hometown from abroad after working as a sailor. The time he came back coincides with Thinhgyan. Khin Than Nu, an actress in this movie was filming her new movie while Thinhgyan came. As Khin Than Nu was an actress, she was not allowed to go out and celebrate freely. As Khin Than Nu sneaked out to celebrate, she met with Poe Ko who was waiting to meet the actress. Poe Ko has never seen her face before so he did not know that Chit Chit was Khin Than Nu. This movie is a scandalous story between Poe Ko and Khin Than Nu.
မောင်တို့ချယ်ရီမြေရုပ်ရှင်ဇာတ်ကားဟာဆိုရင် သင်္ကြန်ပိတ်ရက်မှာ နိုင်ငံခြားကနေ အိမ်ကိုပြန်လာတဲ့ သင်္ဘောသား ပိုးကိုရဲ့ ဘဝဇာတ်လမ်းလေးကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ နာမည်ကျော်မင်းသမီးဖြစ်တဲ့ ခင်သန်းနုကလည်း ဇာတ်ကားအသစ်ရိုက်ကူးရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကြောင့် သင်္ကြန်ရက်တွေမှာ အပြင်ထွက်မရပဲ အိမ်ထဲမှာပဲပိတ်မိနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ အိမ်ကနေ ခိုးထွက်ပြီး သင်္ကြန်လည်ရာမှ သူဟာ နာမည်ကျော်မင်းသမီးမှန်းမသိတဲ့ ပိုးကိုနဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဒီရုပ်ရှင်ကားကတော့ ပိုးကိုနဲ့ ခင်သန်းနုတို့ကြားက ဇာတ်လမ်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။