LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Inner JourneyLIFE

Hollywood Celebrities With Depression

written by Lush Editor September 17, 2020
Hollywood Celebrities With Depression

စိတ်ဖိစီးမှုဟာ ကိုယ့်တစ်ယောက်ထဲအတွက် မဟုတ်ပါဘူး။ ဘဝမှာ ကိုယ်တစ်ယောက်ထဲ ခံစားနေရတယ်၊ ခက်ခဲနေရတယ်လို့ တွေးတတ်တဲ့သူတွေ ရှိကြတယ်နော်။ ကိုယ်ကလွဲရင် အစစအရာအရာအကုန်အဆင်ပြေနေကြတယ်လို့ထင်ပြီး အားကျစိတ်တွေ၊အားငယ်စိတ်တွေဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျာက်ဆုံးနေတတ်ကြတယ်။ ဒီလိုလူတွေကို ဟာလိဝုဒ်က စတားတွေက အားပေးလိုက်တဲ့ အခြေအနေတရပ် ဖြစ်ပေါ်ခဲ့တယ်။  အံ့အားသင့်စရာကောင်းလွန်းပြီး ချစ်ဖို့လည်း ကောင်:တဲ့အလေ့အကျင့်ပဲ။ တခြားသူတွေရဲ့ဝေဒနာကို သက်သာစေဖို့ ကိုယ့်စိတ်ကို ဖွင့်ပြတဲ့သူ၊ အဲဒါမှ ရိုးရိုးသာမန်လူတွေမဟုတ်ဘဲဟောလိဝုဒ်စတားတွေဆိုတော့ ပိုအံ့သြမိရတာပေါ့။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ဟောလိဝုဒ်စတားတချို့က တခြားသူတွေရဲ့ စိတ်ဝေဒနာတွေ တိုးတက်စေဖို့ သူတို့မှာရှိတဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတဲ့ရောဂါတွေကို ဖော်ထုတ်ပြောသွားကြတာပါပဲ။

 

အဲဒီလို ဖွင့်ပြောတဲ့သူတွေထဲမှာ Dwayne Johnson ပါမယ်လို့ ဘယ်သူမှ ထင်မိမှာမဟုတ်ဘူးနော်။ Fast& Furious, Jumanji ရုပ်ရှင်တွေသာမက Titan Game Show မှာ host အဖြစ်နဲ့ တစ်ကမ္ဘာလုံးက Rock လို့ သိကြတဲ့ သူဟာ သရုပ်ဆောင်တစ်ဦးဖြစ်ရုံတင်မဟုတ်ဘဲ ထုတ်လုပ်သူ၊ စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဗြိတိန်သတင်းစာ Express မှာ သူ့အသက် 15နှစ်အရွယ်က suicide လုပ်ဖို့ ကြိုးစားခဲ့ဖူးတဲ့အကြောင်းနဲ့ စိတ်နာကျင်ခံစားရဖူးတာတွေကိုဖွင့်ပြောခဲ့ပါတယ်။ ကိုယ့်စိတ်ကိုယ် နားလည်ဖို့ အချိန်ယူခဲ့ရတဲ့ အခြေအနေတွေကိုလည်းပြောပြခဲ့ပါတယ်။ စိတ်ဓါတ်ကျစရာတွေ ကြုံရတာ မင်းတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့စကားနဲ့အားပေးစကားမျိုးကိုပြောသွားခဲ့တဲ့ Rock ကို အံ့သြချီးကျူးမိတယ်။

နောက် Rock အပြင် ကိုယ်သိပ်သဘောကျပြီး ကိုယ့်စိတ်ထဲမှာ ထင်မထားတဲ့ ဟောလိဝုဒ်စတားတွေရဲ့သူတို့စိတ်အခြေအနေတွေကို သိလိုက်ရတော့ ထပ်ပြီး အံ့သြစရာတွေ သိရပြန်တယ်။ကြည့်လိုက်တိုင်းကြည်လင်တောက်ပတဲ့ အလှနဲ့ အောင်မြင်တဲ့ ပေါ့ပ်အဆိုတော် Katy Perry ကိုစိတ်ဓါတ်ကျတတ်တဲ့သူလို့ စိတ်ဖိစီးမှုတွေနဲ့ခံစားနေရလိမ့်မယ်လို့ ထင်စရာမရှိပေမဲ့ သူလည်း စိတ်ဓါတ်ကျ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရုန်းကန်နေရတယ်လို့ သူမကိုယ်တိုင်ဖွင့်ပြောမှ မယုံချင်ပေမဲ့ ယုံခဲ့ရပြန်ပါတယ်။

 

နောက် အလန်းဆုံးဖက်ရှင်တွေနဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ကမ္ဘာကျော်အဆိုတော် Lady Gaga ကလည်း အားလုံးကို အံ့အားသင့်စေတဲ့ စကားတစ်ခွန်းနဲ့ သူမရဲ့ စိတ်ကိုဖွင့်ပြခဲ့ပါတယ်။သူမရဲ့ ဘဝတစ်လျောက်လုံး စိတ်ဓါတ်ကျတာ စိတ်ဖိစီးမှုတွေခံစားရတာတွေ စ်မျိုးလုံးကိုခံစားခဲ့ရပြီးသူမအလွန်ပင်ပန်းခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ လူတိုင်းဟာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီး မြိုသိပ်ခံစားနေမဲ့အစား ဖွင့်ထုတ်ပစ်ဖို့လိုတယ်လို့သူမကိုယ်တွေ့နဲ့နှိုင်းယှဉ်ပြီးပြောပြခဲ့တယ်။

 

လူတိုင်းဟာ အဆင်ပြေနေတာချည်းမဟုတ်ဘူးဆိုတာ လက်ခံကြပေမဲ့ ပျော်ပျော်နေတတ်တဲ့သူတွေမှာတော့ စိတ်ဖိစီးမှုတွေ မရှိနိုင်ကြဘူးလို့ ထင်တတ်ကြတယ်လေနော်။ သူ့လိုပျော်ပျော်နေတတ်ချင်လိုက်တာလို့ အားကျမိလောက်အောင် ပျော်ပျော်နေတတ်သူတွေရဲ့စိတ်ကိုလိုချင်မိကြပါတယ်။ ဒါပေမဲ့ ပျော်ပျော်နေတတ်သူမှာလည်း စိတ်ဓါတ်ကျတာတွေ စိတ်ဖိစီးမှုကိုခံစားနေရတာတွေ ရှိတတ်ကြတာကို ကမ္ဘာကျော် The Mask ဇာတ်ကားရဲ့ သရုပ်ဆောင် Jim Carrey ကိုယ်တိုင်ပြောပြခဲ့တဲ့ သူ့ရဲ့စိတ်ကျန်းမာရေးလျို့ဝှက်ချက်တစ်ခုကြောင့် သိခဲ့ရပါတယ်။ ဘယ်လိုမှ မထင်ရလောက်တဲ့ လူပျော်တစ်ယောက်ဆီက အံ့အားသင့်စရာစကားပါပဲ။ သူကိုယ်တိုင်စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုခံယူဖူးတယ်လို့ပြောပြလို့သာ သူ့မှာ မှောင်မိုက်တဲ့နေ့ရက်တွေပိုင်ဆိုင်ခဲ့ဖူးပါလားဆိုတာ ယုံကြည်ရတာဖြစ်ပါတယ်။ သူ့ရဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုကြောင့်သာသူဟာ တောက်ပကြည်လင်တဲ့ နေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်ခဲ့ရတာဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

စိတ်ဟာ ရေလိုကြည်လင်နေဖို့ လိုအပ်ပါတယ်။ ကြည်လင်တဲ့စိတ်ရှိမှသာ ပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်မှာလေ။ ရေလိုနေတတ်ဖို့လည်း လိုသေးတာပေါ့။ ကိုယ်က စီးနေတဲ့ရေလိုနေမှာလား? ဒီလိုဆိုရင်တော့မကောင်းတဲ့အရာတစ်ခုကို ဖြတ်သန်းနေရချိန်မှာ ဒီနေရာကနေ တခြားတစ်နေရာကို စီးဆင်းတတ်ဖို့လိုလာပါလိမ့်မယ်။ ကိုယ်က ငြိမ်နေတဲ့ ကန်ရေပြင်လို နေချင်သလား ? ဒီလိုဆိုရင်လည်း ကိုယ့်ဘဝထဲကနောက်ကျိနေတဲ့အရာတွေကို ဟိုးအောက်မှာ အနည်ထိုင်သွားစေဖို့ အချိန်တစ်ခုကို အေးဆေးစောင့်ဆိုင်းနိုင်ဖို့လိုအပ်လာပါလိမ့်မယ်။

သေချာတာတစ်ခုကတော့ စိတ်တွေကြည်လင်လန်းဆန်းပြီး ပျာ်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို အဓိကထား ဂရုစိုက်ဖို့လိုအပ်သလို ကြည်လင်တဲ့စိတ်ကိုရရှိဖို့မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားနေထိုင်ကြရင်း ပျော်ရွှင်သာယာတဲ့ဘဝပိုင်ရှင်တွေဖြစ်ကြစေချင်ပါတယ်။

DepressionDwayne JohnsonJim CarreyKaty PerryLady GagaLUSH DAILYLUSH Magazine MyanmarLUSH September 2020Mental HealthPsychology
2
Facebook Twitter Google + Pinterest
Lush Editor

previous post
Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection
next post
Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

Recommended

Ultra Violet

May 22, 2018

Coolest Places For New Year Eve

December 23, 2019

Workouts for bride to be

December 4, 2018

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Home at the heart of Inya

October 12, 2017

STRENGTHEN YOUR CORE WITH BOXING

June 13, 2018

အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

August 31, 2023

Selpink in your area

August 28, 2020

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

August 26, 2023

ကိုယ်နေတဲ့နေရာကျဉ်းကျဉ်းလေးကို ကျယ်ကျယ်ဝန်းဝန်းပုံစံဖြစ်အောင် လုပ်ကြမယ်

August 28, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem