LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

How to sunscreen after lock downs loosen

written by Lush Editor June 9, 2020
How to sunscreen after lock downs loosen

Lock down ​တွေ ဖြည့်​လျှော့​ပေးတာနဲ့ အမျှ လေ​ကောင်း​လေသန့်ကို လွတ်လွတ်လပ်လပ်ရှူဖို့ အိမ်ပြင်​ ထွက်လာကြပါတယ်။ အိမ်ထဲမှာပဲ အချိန်ကုန်တာ​တွေ များလာပြီးတဲ့​နောက် အိမ်ပြင်ထွက်တဲ့ အခါ အထူး သတိထားရမှာက​တော့ ​နေ​ရောင်ခြည်ပါပဲ။ သင့်ရဲ့ မျက်နှာသာမက တစ်ကိုယ်လုံးက အသားအရည်ကို အန္တရယ် ဖြစ်​စေတဲ့ UV rays ​တွေမှ ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်​ပေါင်းများစွာထဲက ယခုချိန်ထိ sun cream ​တွေဟာ ​သင့် အသားရည်နဲ့ ​နေ​ရောင် တိုက်ရိုက်ထိ​တွေ့မှုကို အထိ​ရောက်ဆုံး ကာကွယ်​ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ နေ​ရောင်ထဲက ultraviolet radiation ဟာ အ​ရေပြား ကင်ဆာ​ရောဂါကို ​ဖြစ်​စေပြီး​တော့ အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်ခြင်း၊ အ​ရေးအ​ကြောင်းများ ဖြစ်​ပေါ်​စေခြင်း၊ အသား​ရောင် မညီညာခြင်း၊ အသားရည် နီမြန်းခြင်း များကို ဖြစ်​ပေါ်​စေပါတယ်။ New York မြို့မှ အ​ရေပြားအထူးကု ဆရာဝန် Julie Karen ရဲ့ အ​ပြောအရ ယ​နေ့​ခေတ် အသက်ငယ်တဲ့ သူ​တွေမှာ အ​ရေပြား​ကင်ဆာ ​ရောဂါ အများအပြား ဖြစ်​​ပေါ်ခြင်းဟာ ​နေ​ရောင်နဲ့ တိုက်ရိုက် ထိ​တွေ့မှု​ကြောင့် အများဆုံးဖြစ်တယ်လို့ ​ပြောထားပါတယ်။

UK အစရှိတဲ့ အ​နောက်နိုင်ငံများမှာ အ​ရေပြားကင်ဆာဟာ အခြားကင်ဆာ​တွေထက် ဖြစ်ပွားမှုနှုန်း များပြားလာပါတယ်။ ဖြစ်ပွားမှု​တွေရဲ့ အဓိက အ​ကြောင်းအရင်းက​တော့ ​နေ​ရောင်ခြည်ကို တိုက်ရိုက် ထိ​တွေ့မှု​ကြောင့်ပါ။ အ​ရေပြားမှာ အ​ရောင်ခြယ် ပစ္စည်းပါဝင်မှုနှုန်း နည်း​လေ ​နေ​ရောင်ခြည်​ကြောင့် အ​ရေပြားကင်ဆာ ဖြစ်နိုင်မှုနှုန်း များ​လေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အသားဖြူတဲ့သူ​တွေက ညိုတဲ့သူ​တွေထက် ဖြစ်ပွားမှုနှုန်း ပိုများတယ်လို့ ဆိုလိုတာပါ။

​​နေ​ရောင်ခြည် ကျ​ရောက်မှု ပြင်းထန်တဲ့ ​နွေရာသီ ​နေကို အိမ်ထဲ ရက်​ပေါင်းများစွာ​နေပြီးမှ ထိ​တွေ့တဲ့ အခါ သာမာန် ထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ အ​ရေပြား​ရောဂါ​တွေသာမက သင့်ရဲ့ အလှအပကိုပါ ထိန်းသိမ်းနိုင်ဖို့ ​အန္တရယ်ရှိတဲ့ ​နေ​ရောင်ခြည်ဒဏ်မှ ဘယ်လို ကာကွယ်​ပေးရမလဲဆိုတာကို ​ပြောပြ​ပေးသွားမှာပါ။

SPF 30 နှင့် အထက် ​sun cream များကို အသုံးပြုပါ။ အခြား မိတ်ကပ် ပစ္စည်းများတွင် SPF ပါဝင်လဲ sun cream ကို ထက်လိမ်းဖို့ မ​မေ့ပါနဲ့။ sun cream ကို ​နေပူထဲ မထွက်မီ မိနစ် ၂၀ အနည်းဆုံး ကြိုပြီး လိမ်း​ပေးပါ။ ​နေပူထဲ ထွက်​​တော့မယ်ဆိုရင်လဲ ​နောက်ထပ် တစ်​ခေါက် လိမ်း​ပေးခြင်းဖြင့် ပထမအ​ခေါက်မှာ မလိမ်းမိတဲ့ ​နေရာ​တွေပါ လိမ်းပြီးသား ဖြစ်သွားမှာပါ။ ဒါ​ပေမယ့် မ​မေ့ပါနဲ့။ sun cream ကို အပြင်​ရောက်ပြီး နာရီ အနည်းငယ်ကြာရင် တစ်ခါ ပြန်လိမ်း​​ပေးဖို့ လိုတယ်​နော်။

​​အပြင်ဘက်မှာ လေ့ကျင့်ခန်းအလုပ်များတဲ့သူ​တွေ၊ ဒါမှ မဟုတ် ​ချွေးအရမ်းထွက်တဲ့ သူ​တွေက​တော့ ပုံမှန်ထက် မကြာခဏ လိမ်း​​ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာနဲ့ ​ခြေ​ထောက်၊ လက်​တွေသာမက အဝတ်အစားနဲ့ မဖုံးအုပ်ထားတဲ့ လည်ပင်း​တွေ နားရွက်​တွေကိုပါ sun cream လိမ်း​ပေးရပါမယ်။ 

သတိထားသင့်တဲ့ ​အချက်က​တော့ ကိုယ် အသုံးပြုတဲ့ sun cream ဟာ ကိုယ့် အသားအရည်နဲ့ အလိုက်ဖက်ဆုံး ဖြစ်​နေရပါမယ်။ sun cream ​တွေဟာ အချို့ အသားရည်​တွေကို ဓါတ်မတည့်မှုမျိုး ဖြစ်​​စေနိုင်​တာ​ကြောင့် ​သေချာ စီစစ်ပြီး ဝယ်ယူဖို့ အကြံ​ပေးချင်ပါတယ်။ များပြားလှတဲ့ sun cream ​တွေထဲကမှ အများစုနဲ့ အဆင်​ပြေပြီး သုံးဖူးသူ အများစုရဲ့ ​ထောက်ခံချက်ရထားတဲ့ ပစ္စည်းအချို့ကိုလဲ ​စုစည်း​​ဖော်ပြ​ပေးလိုက်ပါတယ်။

* ELTA MD UV Clear Broad-Spectrun SPF 46

UV rays ​​တွေကိုကာကွယ်​ပေးရုံသာမက ​လိမ်းထားမှန်း မသိ​အောင် ​​ပေါ့ပါးတဲ့ အထိ​​တွေ့ကို ​ပေးပါတယ်။ Zinc-oxide ပါဝင်မှုမရှိပဲ ​ရေဓါတ် ဖြည့်​ပေးပြီး ​ချွေး​ပေါက်​တွေ မပိတ်​စေပဲ အသားရည်ကို ဝင်းပ​စေတဲ့ အကျိုး​ကျေးဇူး​တွေပါ ရရှိ​စေပါတယ်။

* Neutrogena Ultra Sheer Dry Touch Lotion SPF 55

ဒီ oil-free product ​က​တော့ ​ရေဓါတ်ပါဝင်မှုများပြီး SPF လဲ ၅၅ ထိ ပါဝင်တာမို့ ကိုယ့်အသားရည်ကို မထိခိုက်ပဲ ​UV rays ​တွေမှ အထိ​ရောက်ဆုံး ကာကွယ်​ပေးနိုင်ပါတယ်။ မျက်နှာ အဆီပြန်တဲ့သူ​တွေအတွက် အ​ကောင်းဆုံး ဖြစ်ပါတယ်။

* Obagi Sun Shield Matte Broad Spectrum SPF 50

Skin Cancer Foundation ​တွေက​တောင် အသုံးပြုရန် အ​ကောင်းဆုံးပစ္စည်းလို့ တိုက်တွန်းထားပါတယ်။ mineral lotion ဖြစ်ပြီး make-up base အ​နေနဲ့ပါ အသုံးပြုလို့ရပါတယ်။

* Solid & Striped Shell Lip Balm SPF 45

 

သင့်မျက်နှာနဲ့ ခန္ဓာကိုယ် အတွက်ပဲ UV rays ​တွေက​နေ ကာကွယ်လို့ မဖြစ်ဘူး​နော်။ သင့်ရဲ့ နှုတ်ခမ်း​တွေလဲ UV rays ​တွေရဲ့ အန္တရယ်က​​နေ ကာကွယ်သင့်ပါတယ်။ ဒီ ပစ္စည်းက​တော့ သင့်နှုတ်ခမ်းကို ကာကွယ်​ပေးရုံသာမက cactus flower နဲ့ သဘာဝ ဂျင်စဥ်း​တွေ​ကြောင့် သင့်နှုတ်ခမ်းမှ cell ​တွေကို ပြန်လည် ဖွံ့ဖြိုးလာ​စေပြီး သဘာဝကျကျ ပြည့်ပြည့်ဖူးဖူး နဲ့ ပန်း​နု​ရောင်သန်း​နေတဲ့ နှုတ်ခမ်း​လေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Chemical sunscreen ​တွေဖြစ်တဲ့ sun cream, sun spray အစရှိသည်တို့ကို မကြာခဏ အသုံးပြုရမှာ မကြိုက်တဲ့ သူ​တွေအတွက် physical sunscreen ​တွေကို အကျိုးရှိရှိ အသုံးချနည်း​တွေကိုလဲ ​ပြောပြ​ပေးသွားပါမယ်။ အထိခိုက် မခံတဲ့ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ သူ​တွေအတွက်က​တော့ physical sunscreen ​တွေကို အသုံးပြုခြင်းက ပိုပြီး သင့်​လျော်ပါတယ်။ ဒါ​ပေမယ့် physical sunscreen ​တွေရဲ့ မ​ကောင်းကျိုးတစ်ခုက​တော့ သူတို့ဟာ အပူကို ထိန်းသိမ်းထားတဲ့ အတွက် chemical sunscreen ​တွေထက် ပိုပြီး ​လေးလံ ထိုင်းမှိုင်းတဲ့ ခံစားချက်မျိုး ရရှိ​စေပါတယ်။ 

​နေ​ကာမျက်မှန်၊ အကျီလက်ရှည် ​ဘောင်းဘီရှည်​တွေဟာ ​သင့်ကို နေ​ရောင်ခြည်ဒဏ်မှ ကာကွယ်​ပေးတဲ့ထဲ ပါပါတယ်။ ဒီအရာ​တွေကိုလဲ ​ထိ​ရောက်တဲ့ ကာကွယ်မှုမျိုး ဖြစ်​အောင် ​နေကာမျက်မှန်​တွေကို ​ရွေးချယ်တဲ့ အခါမှာ 100% UV protection ဖြစ်တဲ့ ​နေကာမျက်မှန်​တွေကို ​ရွေးချယ်သင့်ပါတယ်။ အဝတ်စား​တွေမှာလဲ မထူလွန်း မပါးလွန်းတဲ့ ပိတ်စနှင့် သဘာဝ ချည်ထည်​တွေက ​သင့်ကို အထိ​ရောက်ဆုံး ကာကွယ်​ပေးပါတယ်။ အဝိုင်းပြားကြီးတဲ့ ဦးထုပ်မျိုးကို အသုံးပြုပါ။ 

သင့်ရဲ့ အ​ရေပြားသာမက၊ မျက်လုံး​တွေကိုလဲ ​နေ​ရောင်မှ ကာကွယ်​ပေးဖို့ လိုအပ်ပါတယ်။ UV rays​ တွေဟာ ​နေ့လည် ၁၁နာရီမှ ၃နာရီ အတွင်း အပြင်းထန်ဆုံး ဖြစ်လို့ ဒီအချိန်​တွေမှာ အမိုးအကာ​အောက် မှာ ​နေတာ အ​​ကောင်းဆုံးပါပဲ။

Editor: Jeune

LifeStyleLUSH Beauty & SoulLUSH DAILYLUSH June 2020LUSH Magazine MyanmarSun cream
1
Facebook Twitter Google + Pinterest
Lush Editor

previous post
In the Mood for Love 20 years memory
next post
5 ways to amaze your guest by your decorated wall

Recommended

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

Victoria’s Secret ရဲ့ Angel အသစ် ဖြစ်လာတဲ့ Leomie Anderson

April 5, 2019

Burberry’s Carbon Neutral FW20 Show

February 19, 2020

Unusual Decorations to put around the house

June 22, 2020

Best Hair and Makeup Looks from Golden Globes...

January 7, 2020

5 travel destinations that are re-opening

June 3, 2020

Balenciaga ရဲ့  New Face ဖွဈလာတဲ့ Cardi B

September 4, 2020

Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ

June 21, 2019

Digital Ageing – Solution to blue light effect

June 12, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem