LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0

Combining Elegance and Excellence : Breitling

written by Maeve April 28, 2020
Combining Elegance and Excellence : Breitling

words by a el ti:

English translated by Oakkar Thin

ကမ္ဘာကျော် Watch Brand တစ်ခုဖြစ်တဲ့ Breitling ဟာဆိုရင် ဂန္တဝင်ဘိုးအေကြီးစာရင်းဝင် Luxury Brand တစ်ခုဖြစ်ပါတယ်။ Breitling အမှတ်တံဆိပ်နာရီကို စတင်တီထွင်ခဲ့သူကတော့ Swiss Watchmaker တစ်ဦး ဖြစ်တဲ့ Léon Breitling လို့ခေါ်တဲ့သူက ၁၈၈၄ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Breitling ကိုစတင် တုန်းက Léon Breitling ဟာ အသက်၂၄ နှစ်ပဲရှိပါသေးတယ်။ Léon Breitling ဟာ chronographs ဖန်တီးမှု ကို အများကြီးအာရုံစိုက်ပြီးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက chronograph လိုအပ်ချက်ဟာလည်း စက်ရုံတွေ၊ စစ်တပ်တွေနဲ့ အားကစားဆိုင်ရာအဖွဲ့အစည်းတွေ စတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် လိုအပ်ချက်ပိုမြင့်မားနေတာလည်းဖြစ်ပါတယ်။ Breitling ဟာ ဒီဇိုင်းပိုင်းဆိုင်ရာသစ်ဆန်းမှု၊ chronograph ကို ဦးတည်တဲ့ မြောက်မြားစွာသောဆန်းသစ်ဖန်တီးမှုတွေနဲ့ကျော်ကြားပြီး ရှည်လျားတဲ့သမိုင်းကြောင်းတွေနဲ့ ရပ်တည်နေတဲ့ Swiss Made Luxury Watch Brand တစ်ခုဖြစ်ပါတယ်။

Breitling, one of the world-famous watch brands, is in the classic Luxury Brand list. A Swiss watchmaker, Leon Breitling, invented this Breathing watch in 1884 when he was only 24. He focused, especially in chronographs creation. At that time, the demand for chronograph was higher than that for people and organizations such as industries, militaries, and sports. Breitling was famous for his innovation in designs and many creations, as well as long-lasting history. 

Breitling ဟာ အချိန်တိကျမှုကို အထူးဂုဏ်ယူထုတ်လုပ်ခဲ့ပြီး လေယာဉ်မှူးတွေအတွက် အရည်အသွေး မြင့်မားတဲ့ နာရီတွေကို ဖန်တီးပေးခဲ့ပြီး Aviation နယ်ပယ်တစ်ခုလုံးရဲ့ အားထားရတဲ့ယုံကြည်မှုတို့ကြောင့် Breitling တို့ရဲ့ ဂုဏ်ရောင်ဂုဏ်ဝါဟာ အတောက်ပဆုံးကာလတွေဆီကို ရောက်လာခဲ့ပါတယ်။ ဒီလိုဂုဏ် သတင်းဟာ အဲဒီနေရာမှာပဲ ရပ်တန့်နေခဲ့တာမျိုးမဟုတ်ဘဲ ယနေ့အချိန်အခါမှာလည်း World Aviation အတွက် Official Supplier အနေနဲ့သက်သေထူထားနိုင်တဲ့ ကမ္ဘာကျော်နာရီထုတ်လုပ်သူ Breitling ပါပဲ။

Breitling reached its peak for its creation in time exactness, high quality watches for pilots, and reliable in the whole aviation field. Bertling’s reputation hasn’t stopped and kept going until now in being the official supplier to World Aviation. 

Breitling ကို နောက်ထပ် ဘယ်နေရာမှာတွေ့နိုင်လဲဆိုတာကို ပြောပြလိုက်ရင် သင်နည်းနည်းအံ့သြသွား လိမ့်မယ်။ ကမ္ဘာ့ထိပ်တန်း Luxury Car ထုတ်လုပ်သူ Bentley တို့နဲ့ Breitling တို့ဟာ Longest-ever Partnership အနေနဲ့ ရပ်တည်နေတယ်ဆိုတာဟာ တကယ့်ကို အထင်ကြီးစရာပါပဲ။ Bentley ရဲ့ Dashboard ပေါ်က နာရီဒိုင်ခွက်တွေကို Breitling ကထုတ်လုပ်ပေးသလို၊ Bentley နဲ့ပူးပေါင်းပြီးတော့ Special Bentley Edition တွေကို Breitling ကနေပြီးတော့ Collections လိုက်ထုတ်လုပ်ပေးနေပါတယ်။

You will be surprised if you are told where else you can find Bertling. It will be super admiring to witness that the world-class luxury car manufacturer Bentley and Breitling are a longest-ever partnership. Watch faces on the dashboard of Bentley are produced by Breitling and it also joins Bentley to produce special Bentley edition collections. 

အထူးသဖြင့် Breitling ဟာ အထူးစွန့်စားသူပညာရှင်တွေအတွက် ဦးစားပေးစဉ်းစားပြီး အမြဲထုတ် လုပ်နေပါတယ်။ သင်စဉ်းစားမိမယ်တောင်မထင်ပါဘူး။ ဂြိုလ်တုနဲ့ချိတ်ဆက်အလုပ်လုပ်နိုင်တဲ့ Emergency နာရီတစ်လုံးအကြောင်းကိုပေါ့။ Breitling တို့ဟာ Emergency နာရီကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ Breitling Emergency ဟာ ဘာတွေလုပ်နိုင်လဲဆိုတော့ သင်ဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲရောက်ရှိပြီး အရေးပေါ်အခြေအနေကြုံတွေ့နေရသည်ဖြစ်စေ၊ နာရီပေါ်က အရေးပေါ်အချက်ပြခလုတ်တွေကိုအသုံးပြုပြီး သင်ရောက်ရှိနေတဲ့နေရာရဲ့ Coordinate တွေကို International Cospas-Sarsat System ကနေထုတ်လွှင့် ထားတဲ့ ဂြိုလ်တုတွေဆီကို အကြောင်းကြားပေးနိုင်စေတာဖြစ်ပါတယ်။ နာရီကလည်း လွန်စွာခိုင်ခံ့တဲ့ Titanium ကိုအသုံးပြုထားတာကြောင့် ဘယ်လိုရေမြေရာသီဥတုဒဏ်မဆို သူက ခံနိုင်ရည်ရှိပါတယ်။ ဒါဟာ Breitling ပါပဲ။

Especially, Breathing considers for entrepreneurs. You can’t imagine an emergency watch, produced by Breitling, that can join a satellite to function. What this emergency watch does is that whenever on earth you are, what situation you are facing, you can inform the coordinates of where you are at to satellites disseminated by International Cospas-Sarsat System. The watch itself is made of Titanium metal so that it can resist any weather conditions. This is the Breitling. 

Breitling ဟာ နာရီ တစ်လုံးချင်းစီတိုင်းမှာ မယုံနိုင်လောက်အောင် အသေးစိတ်ပြင်ဆင်ပြုလုပ်ပေးတဲ့ အချိန်တိကျမှုဟာလည်း ကျော်ကြားပါတယ်။ သူတို့ရဲ့ ဒီလိုဂုဏ်ယူရလောက်တဲ့ ဖန်တီးမှုတွေနဲ့အတူ အရည်အသွေးမြင့်သတ္တုတွေ၊ Luxurious Stones တွေနဲ့ပေါင်းစပ်လိုက်ခြင်းဟာ အရာရာရဲ့စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ပြီး ပြီးပြည့်စုံနေစေခဲ့ပါတယ်။ Breitling လို့ကြားလိုက်ရင် နောက်ထပ်အကြောင်းရင်းက ဘာဖြစ်နိုင်ဦးမလဲ။ ဟုတ်ပါတယ်။ ဒီဇိုင်းတွေပါပဲ။ Breitling တို့ဟာ အမြဲတမ်း luxury နဲ့ functionality တို့ကိုဖော်ဆောင်နိုင်တဲ့ ပြည့်စုံတဲ့ပေါင်းစပ်မှုကို အမြဲရှာပြီး ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် အမြင်ဒီဇိုင်းပိုင်းချည်း ပဲသီးသန့်တင့်တယ်နေတာမျိုးမဟုတ်ဘဲ နာရီတစ်လုံးရဲ့ဖြစ်တည်မှုမှာပါဝင်နေတဲ့ အရာအားလုံးကို အသေးစိတ်ဖန်တီးထားတာဖြစ်ပြီး သေသပ်နေအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ နာရီတစ်လုံးမှာ ပါဝင်တဲ့ Characters တွေတစ်ခုချင်းရေရွတ်ကြည့်လိုက်ပါ။ အဲဒါတွေအားလုံးဟာ Breitling မှာ လုံး၀ Perfect ဖြစ်နေစေတာပဲ ဖြစ်ပါတယ်။

Breitling is also well-known for detail me preciseness in each and every watch. Along with this creation, combining high-quality metals with Luxurious stones is perfect in testing everything. Breitling always creates the perfection of both luxury and functionality. It is not haughty just in physical but also in detail innovation of stuff a watch should include. You list all the characteristics of a watch, and Breitling is perfect with all those characters. 

Breitling ဟာ အပြင်လောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ ဂုဏ်ထည်ဂုဏ်ဝါရှိတဲ့အမှတ်တံဆိပ်တစ်ခုဖြစ် သလို ကမ္ဘာကျော်ရုပ်ရှင်တွေထဲမှာလည်း များစွာပါဝင်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဟောလိဝုဒ် မင်းသား လီယိုနာဒိုဟာ Black Diamond ရုပ်ရှင်ကားမှာ Breitling Chrono Avenger ကိုဝတ်ဆင်ခဲ့ပါတယ်။ Dwayne Johnson ဟာလည်း HBO Series တစ်ခုဖြစ်တဲ့ Ballers မှာ Breitling Transocean Chronograph Unitime ကို ဝတ်ဆင်ခဲ့ပါတယ်။ နောက်ထပ်လည်း ဒီလိုပါဝင်ပတ်သက်မှုများစွာရှိပါသေးတယ်။

Breitling is not only a famous brand in the outside world but also it was in many world-class movies. For example, in Black Diamond, Leonardo DiCaprio wore Breitling Chrono Avengers. Also, Dwayne Johnson wore Breitling Transocean Chronograph Unitime in Ballers, one of the series from HBO, and many more. 

Breitling ဟာ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် နယ်ပယ် ၃ ခုကို Target ထားပါတယ်။ Adventure ရယ်၊ Aviation ရယ်၊ Luxury ရယ်ပါ။ ဆိုတော့ Breitling မှာရွေးချယ်စရာ Collections တွေများစွာရှိပါတယ်။ Navitimer, Aviator 8, Superocean, Transocean & Superocean Heritage, Premier, Avenger, Chronomat, Professional, Galactic နဲ့ Colt ဆိုပြီး ရွေးချယ်စရာ Collections တွေ့ရနိုင်ပါတယ်။ သင်ဟာ ဘာအတွက် ဘယ်လိုမျိုးနာရီတစ်လုံးလိုချင်တာလဲဆိုတဲ့ မေးခွန်းကို Breitling က ဆိုင်းငံ့မနေဘဲအဖြေပေး နိုင်တာမျိုးပါ။ ဒီဇိုင်းပိုင်းတွေ၊ ခိုင်ခံမှုတွေ၊ အသေးစိတ်မှုတွေ၊ စွမ်းဆောင်ရည်တွေ ကတော့ အားလုံးဟာ ဘာမှပြောစရာ ခြွင်းချက်တစ်စုံတစ်ရာမှမရှိဘူးလို့ဆိုရမှာပါ။ ရွေးချယ်မှုကို သင့်စိတ်တိုင်းကျပြုလုပ်နိုင်ပါတယ်။

Generally speaking, Breitling targets three field areas: Adventure, Aviation, and Luxury. Therefore, there are many collection choices in Breitling. Navitimer, Aviator 8, Superocean, Transocean & Superocean Heritage, Premier, Avenger, Chronomat, Professional, GalacGc, and Colt are the collection choices. Breitling can instantly answer your question of what collection a choice you should choose. Designs, strength, detail, and functions are its specialties. You can make your own choice. 

ဒီအံ့သြအထင်ကြီးလောက်စရာ ကမ္ဘာကျော် Luxury Watch Brand Breitling ကို မြန်မာပြည်မှာလည်း နိုင်ငံတကာနဲ့အခွင့်အရေးတူ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ဘယ်မှာဝယ်ယူရရှိနိုင်လဲဆိုရင်တော့ မြန်မာပြည်မှာ Luxury Watches တွေကို သီးသန့်ရောင်းချပေးနေတဲ့ Swiss Time Square မှာရရှိနိုင်ပါတယ်။ Swiss Time Square ကတော့ အမှတ် ၉၉၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။

This amazing and incredible Luxury Watch Brand “Breitling” can be easily purchased in Myanmar. One can find at Swiss Time Square, where only Luxury Watches are sold. Swiss Time Square is located at No 99, Gabar Aye Pagoda Road, Bahan Township, Yangon. 

BreitingfashionLUSH AdvertorialLUSH Magazine MyanmarLUSH March 2020
0
Facebook Twitter Google + Pinterest
Maeve

previous post
LUSH March 2020 Issue Cover Story BTS
next post
Message from W May Shin Sein during COVID-19

Recommended

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

November 24, 2023

5 travel destinations that are re-opening

June 3, 2020

Outlander actors to star in new travel show

June 18, 2020

THE HIGHLIGHT

December 24, 2019

The World’s Top-Earning Musicians Of 2019

December 9, 2019

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

August 11, 2023

Fine Jewelry Selections for Gentlemen

July 4, 2019

Thingyan Flash Back

April 20, 2018

Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

March 26, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem