LUSH in style | May 2018
Style icon : May Phyo Han
Styled by Aung Lay
Photographed by Aung Zaw (Love Space)
Retouched by Nyi Nyi Hla Baw (Love Space)
Hair & MakeUp by April Thuta (MayOo)
Interviewed by Moe Shinn. Translated by Snow
အစ်မရဲ့ နေ့ စဉ် ဘဝမှာဖက်ရှင်က ဘယ်လောက်အထိအရေးပါလဲဆိုတာပြောပြပေးပါဦး…
ကိစ္စအမျိုးမျိုးနဲ့ အမြဲသွားလာနေရတဲ့အစ်မအတွက် ဖက်ရှင်ကတော့ တကယ်အရေးပါပါတယ်။စတိုင်မျိုးစုံဝတ်ဖြစ်ပေမယ့်တကယ်တမ်းတော့ 
တီရှပ်နဲ့ ဂျင်းဘောင်းဘီကအစ်မရဲ့အကြိုက်ဆုံးစတိုင်ပါဘဲ။လွတ်လပ်ပေါ့ပါးပြီးဝတ်ရတာလည်းသက်သောင့်သက်သာရှိစေတဲ့ အတွက်ကြောင့်
အဲ့လိုစတိုင်ကိုအရမ်းကြိုက်ပါတယ်။
ပုံမှန်သွားလာရတဲ့နေရာမျိုးနဲ့ ပွဲတွေတက်ရတဲ့ အခါ ဖက်ရှင်ကို ဘယ်လိုခွဲခြားပြီးရွေးချယ်ဝတ်ဆင်ဖြစ်လဲ…
တကယ်ဆိုရင်တော့အမြဲတမ်းပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ တီရှပ်နဲ့ ဂျင်းစတိုင်ပဲအမြဲဝတ်ချင်တာပေါ့နော်။ဒါပေမယ့် သွားရတဲ့နေရာ အပေါ်စဉ်း
စားပြီးဝတ်ဖြစ်တယ်။ပွဲတက်တဲ့ အခါ မှာလည်းအရမ်း Heavy မဖြစ်တဲ့ပွဲဆိုရင်တော့တချို့ Brand တွေထဲက Formal ဖြစ်ပြီးအစ်မကို
သက်သောင့်သက်သာဖြစ်စေတာမျိုးကိုပဲရွေးချယ်ဖြစ်တယ်။အရေးကြီးတဲ့ ပွဲမျိုးဆိုရင်တော့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးတော့သေသေချာချာလေး
ချုပ်ဝတ်ဖြစ်ပါတယ်။
Brand ဆိုတာကိုအရမ်းသဘောကျရွေးချယ်ဖြစ်လား ဘယ်လို Brand တွေကို အများဆုံးဝယ်ဖြစ်လဲ…..
အစ်မအနေနဲ့ Brand တွေကိုဝတ်ပေမယ့်အမြဲတမ်းတော့ Brand မှ Brand ဆိုပြီးဝတ်တာမျိုးမဟုတ်ပါဘူး။အဓိက ကတော့လူငယ်ဆန်တဲ့
ဒီဇိုင်းဖြစ်ပြီး အစ်မဝတ်ရတာသက်သောင့်သက်သာဖြစ်ရင်ဝယ်ဖြစ်ပါတယ်။Brand ဖြစ်မှမဟုတ်ပါဘူး Brand တွေထဲမှာလည်းအစွဲမရှိ
တဲ့ အတွက်ကြောင့်အစ်မနဲ့ လိုက်ဖက်ပြီး အဆင်ပြေတယ်ဆိုရင်ဘယ်လိုမျိုး Brand ကိုမဆိုဝယ်ဖြစ်ပါတယ်။ကိုယ့်အကြိုက်နဲ့တစ်ထပ်
တည်းကျဖို့ ကအရမ်းအရေးကြီးတယ်လို့ အစ်မမြင်ပါတယ်။
ဈေးဝယ်ထွက်တဲ့အခါ ဘယ်နိုင်ငံတွေကို ပိုပြီးသွားဝယ်ဖြစ်လဲ… ဘယ်အချက်တွေကြောင့်ရွေးချယ်ဖြစ်တာလဲ….
နိုင်ငံတော်များများကို ဈေးဝယ်ထွက်ဖူးပါတယ်။ ဒါပေမယ့် Bangkok မှာပိုဝယ်ဖြစ်တယ်။ အစ်မကြိုက်တဲ့ ပုံစံတွေကိုရနိုင်တာကြောင့်
လည်းပါပါတယ်။တစ်ခြားနိုင်ငံတွေရောက်ရင်တော့ အဲ့ဒီနိုင်ငံရဲ့ နာမည်ကြီး Brand တွေထဲကအစ်မ ကြိုက်တာတွေ့ ရင်ဝယ်ဖြစ်တယ်။
ဖက်ရှင်ကိုစိတ်ဝင်စားတဲ့အစ်မအတွက်တော့ Shopping ထွက်တာကဘယ်နိုင်ငံမှာဝယ်တာထက် ဘယ်ဒီဇိုင်းကိုဝယ်ဖြစ်ဖို့ ကပိုအရေး
ကြီးပါတယ်။အဲ့ဒီအချက်ကြောင့်ပဲကိုယ်လိုချင်တဲ့ဒီဇိုင်းတွေရှိနေတဲ့နိုင်ငံကိုရောက်ပြီးဝယ်ဖြစ်တာမျိုးပဲဖြစ်တတ်ပါတယ်။
ကိုယ့်အတွက် ဖက်ရှင်ကျကျ ဖြစ်စေဖို့ အဝတ်အစားတွေဝယ်ယူတဲ့ အခါဘယ်လိုရွေးချယ်ဖြစ်လဲ…….
အစ်မကအမြဲတမ်းဒီပုံစံကိုပဲကြိုက်တယ် ဒါကိုပဲဝတ်မယ်ဆိုတာမျိုးမရှိဘူး။ ဈေးဝယ်ထွက်တဲ့အခါမှာလည်းအဲ့ဒီအချိန်မှာဖြစ်နေတဲ့စိတ်ပေါ်မူ
တည်ပြီးဝယ်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကြိုက်တဲ့အကြိုက်အတိုင်းဝယ်တာကတော့အမအတွက်ပိုပြီးတော့ နှစ်သက်စရာကောင်းပါတယ်။
ကိုယ့်အတွက်မတူညီတဲ့ Look တစ်ခုကိုရချင်လည်းရနိုင်သလိုကိုယ်ဆိုတဲ့စိတ်လေးပျောက်ပြီး ဖက်ရှင်ဆိုတဲ့ အမြင်လေးကိုရရှိတတ်
တာကြောင့်ပါ။ဒါကြောင့်အဝတ်အစားဝယ်တဲ့အချိန်မှာအသစ်အဆန်းရွေးချယ်ရတာသဘောကျပါတယ်။နောက်ပြီးသူတို့ တွဲဆက်ပေးထား
တဲ့အတိုင်းမကြိုက်တတ်ဘူး။ဆိုင်ထဲမှာရှိတာတွေကို Play လုပ်ပြီးဝတ်ရတာကြိုက်တယ်။အဲ့လိုပဲရွေးချယ်ပြီးဝယ်ဖြစ်တယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီး အလေးထားလေ့လာရတဲ့ သူရှိလား ။
အဲ့ ဒီလိုတစ်ယောက်တည်းကိုတော့မကြည့်ဖြစ်ဘူး။အကုန်လုံးကိုလေ့လာပါတယ်။အထူးသဖြင့်အစ်မက Instagram က Fashion Blogger
တွေကို အမြဲ ကြည့်ဖြစ်တယ်။သူတို့ တွဲဆက်ပုံဝတ်တာလေးတွေကို သဘောကျပါတယ်။လက်တလောဆို မလေးရှား သူလေး နှစ်ယောက်ပေါ့ 
သူတို့ ဖက်ရှင်လေးတွေကို သဘောကျနေတယ်။တခါတလေလည်း ထိုင်းမလေးတွေရဲ့ ဖက်ရှင်ကိုသဘောကျတယ်။
လူငယ်တစ်ယောက်အနေကနေအခုလိုလုပ်ငန်း
လုပ်ရှင်အမျိုးသမီးတစ်ယောက်အဖြစ်ဖက်ရှင်ပိုင်းမှာပြောင်းလဲလိုက်ရတာမျိုးရှိလား။
ရှိပါတယ်။ အစ်မအရင်ကဆို အရောင်တောက်တောက် လွင်လွင်လေးတွေကြိုက်တယ်။နောက်ပြီးလူငယ်ဆန်ဆန်ဝတ်ဖြစ်တယ်။တကယ်တမ်းအခုလိုအခြေ
အနေရောက်လာတော့အဲ့ဒီလိုတွေထက်အရောင်
ဖျော့ဖျော့လေးတွေ အမှောင်ဘက်သွားတာမျိုးလေး
တွေကြိုက်လာတယ်။Smart ကျကျ နဲ့ ကိုယ်ပေါ်မှာသက်သောင့်သက်သာဖြစ်စေတာမျိုးရွေးဝတ်ဖြစ်လာတယ်။အစ်မအတွက်အဲ့ ဒီအချက်ကအဓိကပါပဲဘယ်လောက် ဘဲအဝတ်အစားကမိုက်နေပါစေဝတ်ရတဲ့ ကိုယ်ကသက်သောင့်သက်သာဖြစ်ဖို့ လိုတယ်လို့ ထင်တယ်။ဒါမှလည်းကိုယ့်ကိုယ်ကိုယုံကြည်
မှုရှိစေမှာလေ။
ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ထင်ပြီးရှောင်ဖြစ်တဲ့ စတိုင်နဲ့ အရောင်လေးရှိရင်ပြောပြပေးပါလား။
အရောင်ထဲမှာဆိုရင်အဝါတောက်တောက်ကိုကြိုက်လည်းမကြိုက်ဘူးမလိုက်ဘူးလို့ လည်းထင်လို့ ပါ။စတိုင်ကတော့ အီမို စတိုင်လို မျိုးတွေ
အမနဲ့လုံးဝမလိုက်ဘူးလို့ ထင်ပါတယ်။
အမျိုးသမီးတစ်ယောက်အတွက်ခန္ဓာကိုယ်အချိုးအစားကဖက်ရှင်ကျဖို့ အတွက်လိုအပ်တဲ့အရာလို့ ထင်လား။အမရဲ့ အမြင်လေးကိုသိပါရစေ။
လိုတော့လိုအပ်တာပေါ့နော်။ဒါကြောင့်လည်းနောက်ပိုင်းတော်တော်များများ အလှအပအတွက်ရောကျန်းမာရေးအတွက်ပါလေ့ကျင့်ခန်းတွေ
Gym တွေလုပ်လာကြတာတွေ့ ရတယ်။ဒါပေမယ့် အမအမြင်ကိုပြောရရင်ခန္ဓာကိုယ်အချိုးအစားဆိုတာထက်ကိုယ်ရွေးချယ်လိုက်တဲ့ 
ဝတ်စုံကကိုယ့်အတွက်ဝတ်ရတာသက်သောင့်သက်သာဖြစ်စေပြီးကိုယ့်ကို ယုံကြည်မှုရှိစေဖို့ လိုအပ်ပါတယ်။
(English version)
May I know how Fashion is important in your daily life?
It is really important in my daily life for going around in various cases. Though I wear all kind of Fashion styles, T-Shirt and Jean are my favorite ones. It is casual and comfortable.
How do you differentiate your Fashion style for going normal places and ceremonies?
Actually, I would like to wear my favorite style of T- Shirt and Jean as always. But I choose depending on situations. For the ceremonies which are not major, I would choose branded comfortable formal dress. For very important ceremonies, I would discuss with designers to make the dresses.
Do you like Branded clothes and which brands are your favorites?
Though I wear branded clothes, I don’t wear them all the time. Mainly I choose the design trends that are youthful and comfortable. I don’t have any deep feelings about brands and if it is good for me I’ll wear it. In the end, the dress just needs to be of my taste.
When you go for oversea shopping, which countries do you usually go and why?
I go to many countries for oversea shopping. But I mostly buy in Bangkok because there are a lot of my favorite styles. In other countries, I buy what I like among its famous brands. Because I am passionate about Fashion, the designs are more important than the country it is in.For that reason, I only go oversea shopping to the countries for the designs I want.
How do you choose and buy what’s fashionable for you?
I don’t have fixed favorites. So, when shopping, I will buy according to the mood I feel during that moment. At that time, it is joyful that buying as you like. So you can get different look on yourself and on Fashion also. So I like choosing new wealth designs in shopping time. And I don’t like the shop combination displays. So I like to search the whole shop and pair them.
Do you have any Fashion Idol?
No, I don’t emphasize only one. I look around for inspiration. Especially, I always watch Instagram and Fashion Bloggers. I like their fashion style combination. I recently like the fashion styles of 2 Malaysian girls. Sometime, I prefer Thai girls’ fashion.
Did you change your fashion style when you become Business woman?
Yes, I did. Previously, I liked very bright colors and I wore them when I was younger. Recently, I choose pale and dark colors. I wear clothes that are smart and comfortable. Being comfortable is my main point and I am thinking it gives you more and more self confidence.
Can you tell me which styles and colors do not go well with you?
I think Bright Yellow color and Emo styles are not suitable for me . I am not fond of them as well.
Do you think a woman’s body shape must be nice to be fashionable? Let me know please!
Well it can say that it is needed. It is also the reason why people are working out in GYM for the beauty and health. But in my point of view, it is important that your chosen design is suitable for your body shape rather than you trying to fit into the design.