Gucci ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ ခမ်းနားကြီးကျယ်လွန်းမှန်းသိသာပါတယ်။ Gucci ဟာ Italy Luxury Brand တွေထဲမှာ ထိပ်သီး Brand တစ်ခုဖြစ်သလို World Luxury Brand တွေထဲမှာလည်း ထိပ်သီး Brand တစ်ခုဖြစ်ပါတယ်။ နာမည်ကိုက တကယ့် High-End Luxury ဖြစ်တယ်ဆိုတာ ထင်ရှားလို့နေပါတယ်။ အဲဒီအပြင် Gucci အကြောင်းကိုသိပြီး Gucci ကိုနှစ်သက်သူတွေဆိုရင် ရူးသွပ်လောက်စရာပေါ့။ ဆိုတော့ ဒီတစ်လ Shine ကဏ္ဍလေးမှာ Gucci ရဲ့ဖြစ်တည်မှုတွေနဲ့ သွားလိုက်ရအောင်ပါ။
Once we hear the brand name Gucci, we could clearly realize its classiness. Gucci is not the top luxury brand not only in Italy, and also in the world. The name itself is apparently a high-end luxury. Moreover, people who know Gucci become all crazy about it. So, why don’t we explore Gucci as the Shine section this month?
တည်ထောင်ခဲ့တဲ့ သက္ကရာဇ်ကလည်း နှစ်ပေါင်း ၁၀၀ ပြည့်တော့မယ်ဆိုတော့ Gucci တို့ရဲ့ ခိုင်မာတဲ့ရေရှည်ရပ်တည်မှုနဲ့ အောင်မြင်မှုဟာ အင်မတန်ကိုလိုက်ဖက်မျှတမှုရှိတယ်လို့မြင်နိုင်မှာပါ။ Gucci ထုတ်ကုန်တွေရဲ့ ကွာလတီနဲ့ အရည်အသွေး၊ ဒီဇိုင်းပိုင်းစတာတွေကို ကမ္ဘာတစ်ဝှမ်းက High So အသိုင်းအဝိုင်းကြီးတွေရဲ့ ဂုဏ်ယူစရာရွေးချယ်မှုတစ်ခုဖြစ်နေတာကတော့ သိပ်ပြီးမဆန်းကျယ်လှပါဘူး။ အခု ဒီလရဲ့ Shine ကဏ္ဍလေး မှာတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးက Gucci ရဲ့ Collections တွေအများကြီးထဲကမှ Fine Jewelry ကိုရွေးချယ်ပြီးတင်ဆက်ပေးသွားမှာပါ။
Having the age of almost 100 years, Gucci’s strength and success are very identical. No wonder that the quality and design of its products are proudly desired by High Classes around the world. What we would like to present in the Shine section of this month is “Fine Jewelry”, one of many Gucci’s collections.
Gucci Brand ကို Guccio Gucci ဆိုသူက ၁၉၂၁ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Gucci Brand ရဲ့အောင်မြင်မှုကိုပို့ဆောင်ပေးတဲ့အထဲမှာ G နှစ်လုံးထပ်ထားတဲ့ Logo ဟာ အများကြီးအထောက်အပံ့ဖြစ်စေ ခဲ့တယ်လို့သုံးသပ်ကြပါတယ်။ Gucci ရဲ့ဖြစ်တည်မှုဟာ Guccio Gucci ရဲ့ဖြစ်တည်မှုဖြစ်တဲ့အတွက် ဒီနေရာမှာ Guccio Gucci အကြောင်းလေးကို အနည်းငယ်ပြောပြချင်ပါသေးတယ်။ Guccio Gucci ဟာ ၁၈၈၁ မှာ အီတလီနိုင်ငံ၊ ဖလောရန့်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ အီတလီကုန်သည် တစ်ဦးဖြစ်ပြီး ဦးထုပ်ကုမ္ပဏီလည်းရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖခင်ရဲ့ဦးထုပ်ကုမ္ပဏီလည်း ဖျက်သိမ်းဖြစ်သွားတာကြောင့် မွေးရပ်မြေကနေ လန်ဒန်ကိုထွက်ခွာဖို့ Guccio Gucci ရဲ့စွန့်စားခရီးကို စတင်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။
Guccio Gucci founded Gucci in 1921. Gucci’s success was sustained by its double G logo. As Gucci’s existence is Guccio Gucci’s existence, his life should be presented here too. Guccio Gucci was born in Florence, Italy in 1881. His father was a merchant and also had a hat company. When he was a teen, his father’s hat company was abolished. This made Gucci begin his adventurous journey to London.
Guccio Gucci ဟာ လန်ဒန်မှာရှိတဲ့ Savoy Hotel မှာအလုပ်ဝင်လုပ် ခဲ့ပြီး အစပိုင်းမှာ ပန်းကန်ဆေး၊ စားပွဲထိုးတာတွေလုပ်ခဲ့ရာကနေ နောက်တော့ ဓာတ်လှေကားမောင်းသူ တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ရပါတယ်။ လန်ဒန်မြို့ Savoy Hotel ဟာ ကမ္ဘာအရပ်ရပ်က လူကုံထံတွေ လာရောက်တည်းခိုတဲ့ ဟိုတယ်ဖြစ်တာကြောင့် Guccio Gucci ဟာ လူကုံထံအသိုင်းအဝိုင်းတွေရဲ့ အသုံးအဆောင်အနေအထိုင်စတာတွေကို အနီးကပ်တွေ့မြင်ပြီးလေ့လာသိခွင့်ရခဲ့သလို အားလည်းကျမိခဲ့ပါ တယ်။ နောက်တော့ကိုယ့်မွေးရပ်မြေကိုပြန်လာခဲ့ပြီး ၁၉၂၁ ခုနှစ်မှာ the House of Gucci ဆိုတဲ့ small family-owned leather shop ကို စတင်ပြီး travel bags and accessories ကိုစတင်လုပ်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းစတဲ့အချိန်မှာက Guccio Gucci ရဲ့အသက်ဟာ ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
He started working as a dishwasher and waiter at the Savoy Hotel in London, and later he worked as an elevator driver. Since the Savoy Hotel is where affluent people came and stayed, Gucci had a chance to observe their appliances closely and felt envy about them. Afterward, he returned to his native. In 1921, he started a small family-owned leather shop named the House of Gucci where travel bags and accessories were produced. At that time, Guccio Gucci was already 40 years old.
ဆိုတော့ သူဟာ ဆယ်ကျော်သက်အရွယ်မှာ လန်ဒန်ကိုထွက်ခွာပြီး အလုပ်လုပ်ခဲ့တယ်။ အဲဒီကြားက ဘဝအပိုင်းအကန့်မှာ သူဟာ မိသားစုတစ်ခုတည်ဆောက်တယ်။ ဒီ leather shop လေးကိုစတင်ဖို့အတွက် အချိန်တွေလည်း အများကြီးပေးပြီး လေ့လာပြင်ဆင်ခဲ့မယ်ထင်ပါတယ်။ ပြီးတော့ Guccio Gucci ကိုညွှန်းဆိုရာမှာ Fashion Designer ဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းထည့်သွင်းညွှန်းထားကြပါတယ်။ ဆိုတော့ သမိုင်းကြောင်းလေးကို ဒီနေရာမှာပဲ ရပ်တန့်ခဲ့ပြီး အဓိအကြောင်းအရင်းဖြစ်တဲ့ Gucci တို့ရဲ့ Fine Jewelry ကိုဆက်သွားရအောင်ပါ။
So, he went to London in his teens to work. He built a family during his days in London. It seems like he took time studying to start this leather shop. When dedicating Guccio Gucci, the title fashion designer is a must. Then we will stop his history and let’s start the main content, Fine Jewelry of Gucci.
Gucci တို့ရဲ့ Fine Jewelry ကို ပြောဆိုတဲ့အခါမှာ အထက်မှာပြောဆိုခဲ့ပြီးဖြစ်တဲ့ Gucci ရဲ့ကျော်ကြားလှတဲ့ double G logo ဟာ Fine Jewelry တွေရဲ့အခန်းကဏ္ဍကိုလည်း ပိုပြီးတောက်ပစေခဲ့ပါတယ်။ ဒီ double G logo ကို Guccio Gucci ရဲ့သား ၃ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Aldo Gucci က 1933 မှာ သူ့ဖခင်ရဲ့ စွမ်းဆောင်မှုစွမ်းရည်တွေအတွက် ဂုဏ်ပြုဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ Logo ဖန်တီးမှုဟာ အင်မတန် artistically designed တစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုခံထားပြီး timeless and classic ကိုဆောင်ကြဉ်း နေတဲ့ပုံသဏ္ဍာန်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီ Logo ဟာ Gucci တို့ရဲ့ အိတ်တွေ၊ ခါးပတ်တွေစတဲ့ အသုံးအဆောင်တွေနဲ့ Accessories တွေမှာအသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် High-End Jewelry ရဲ့ ကဏ္ဍပိုင်းမှာ Gucci ဟာ တခြားသော High-End Jewelry ထုတ်ကုန် Brand တွေကိုယှဉ်ဖိုက်နိုင်တဲ့ အနေအထားရှိလာခဲ့တာတော့ သိပ်မကြာသေးပါဘူး။
As mentioned above, the famous design of the double G logo brightened the role of the Fine Jewelry of Gucci. This double G logo was created and appreciated in 1933 by Aldo Gucci, one of Guccio Gucci’s sons, to congratulate his father’s ability and skills. This logo was regarded as a very artistically designed and brings out the timeless and classic ways. This double G logo is used in Gucci’s bags, belts, and other accessories. However, it’s been only a while that Gucci could compete with other brands in high-end jewelry roles.
Gucci ဟာ High-End Jewelry List ထဲကိုသွင်းလို့ မရနိုင်သေးတဲ့ Fine Jewelry တွေကိုသာ ရောင်းချနေခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းတွေမှာသာ သူတို့ရဲ့ တကယ့် High-End Jewelry Line Up တွေနဲ့ High-End Jewelry Collections တွေကိုထုတ်ပြလာခဲ့ပါတယ်။ ပြီးတော့ ပဲရစ်နဲ့မီလန်တို့မှာလည်း High-End Jewelry သီးသန့်ဆိုင်တွေကိုဖွင့်လှစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် Gucci တို့ရဲ့ High-End Jewelry တွေဟာ သူတို့ရဲ့ ပုံမှန် Fine Jewelry အဆင့်မဟုတ်ဘဲ တကယ့် Royalty အသိုင်းအဝိုင်းတွေအတွက် ရည်ရွယ်ထားဟန်ရှိပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာတွေလည်း Royalty ဆန်ပြီး ဈေးနှုန်းအားဖြင့်လည်း Royalty အသိုင်းအဝိုင်း များသာ ပိုင်ဆိုင်ခွင့်ရနိုင်မယ့်ဈေးနှုန်းတွေဖြစ်နေတာကို တွေ့ရပါတယ်။
Gucci has been selling Fine Jewelry those cannot be listed as high-end jewelry, and it could only produce their true high-end jewelry line-ups and collections in just after 2010. Also, Gucci opened High-End Jewelry only shops in Paris in Milan. It looks like Gucci’s high-end pieces of jewelry are intended not for fine jewelry but for Royalty Circle. As for the design, they are so royal and the Royals can only afford their prices.
Gucci ရဲ့ Fine Jewelry တွေမှာ Gucci ရဲ့ကြီးမားတဲ့ ဖြစ်တည်မှုပုံရိပ်နဲ့အတူ အရမ်းနာမည်ကြီးတဲ့ Collections တွေရှိပါတယ်။ အဲဒါကတော့ GG Running Diamonds X Rings ၊ GG Running Yellow Gold Choker ၊ Yellow gold and diamond ring/bracelet with Interlocking G ၊ lion head earrings နဲ့ Ouroboros bracelet/ring စတဲ့ ဒီဇိုင်းတွေဟာ Gucci တို့ရဲ့ Fine Jewelry Iconic Design တွေဖြစ်ပါတယ်။ lion head နဲ့ Ouroboros တွေ ဒီဇိုင်းတွေကလွဲပြီး ကျန်တဲ့ ring/bracelet တွေကို အထက်မှာ ပြောခဲ့သလိုပဲ Gucci တို့ရဲ့ကြီးမြတ်တဲ့ double G logo ကို ဦးစားပေးပုံဖော်အသုံးပြုထားတာဖြစ်ပါတယ်။
Among Gucci’s Fine Pieces of jewelry, there are some famous collections along with its image. They are GG Running Diamonds X Rings, GG Running Yellow Gold Choker, Yellow Gold, and Diamond Ring/Bracelet with Interlocking G, Lion Head Earrings and Ouroboros Bracelet/Ring, etc. these designs are Gucci’s Fine Jewelry Iconic Designs. Except for lion head and Ouroboros, the rest designs use the great double G logo.
ဒီ Logo ကြောင့်ပဲ ဝတ်ဆင်သူဟာ ဂုဏ်အဆင့်အတန်းတစ်ရပ်ကိုအမြဲတမ်းခံစားနေမိစေသလို၊ ဒီ Logo ပါ Jewelry ကို ဘေးကနေမြင်တွေ့ရသူတွေအတွက်လည်း အထင်ကြီးမှုကိုဖြစ်စေပါတယ်။ ပြီးတော့ အထက်မှာပြောခဲ့သလိုပဲ Gucci တို့ရဲ့ High-End Line-Up ထဲက ထုတ်လုပ်တဲ့ Collections တွေမှာဆိုရင်တော့ double G logo ကို ဦးစားပေးဒီဇိုင်းတွေနဲ့ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ Royalty ဖြစ်မှုကို ပိုပြီးဦးတည်ထားတာကို တွေ့မြင်နိုင်ပါ တယ်။ Gucci Brand ဟာ Forbes Magazine ကနေနှစ်စဉ်ထုတ်ပြန်တဲ့ World’s Most Valuable Brands 2019 မှာ No.30 မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။
The wearers always feel majestic because of this logo and the beholders are impressed by this jewelry logo. And as mentioned above, Gucci’s high-end line-up collections don’t prioritize the double G logo but they highlight being royalty. Gucci Brand stands on No.30 in World’s Most Valuable Brands 2019, proclaimed by Forbes Magazine.
words by a el ti:
English translated by Oakkar Thin