ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အကောင်းမြင်ဖို့၊ ကိုယ့်ဖြစ်တည်မှုကို လက်ခံဖို့ အားပေးစကားတွေ ပြောလေ့ရှိတဲ့ Ashley Graham က အခု Pronovias နဲ့ပူးပေါင်းပြီးတော့ Plus size ပိုင်ရှင်တွေအတွက်ရည်ရွယ်ပြီး Plus size wedding dress collection ကို ထုတ်လုပ်လိုက်ပါတယ်။ မင်္ဂလာဆောင်ကြမယ့် Plus size ပိုင်ရှင်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲကို ဖြေရှင်းပေးချင်တဲ့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက Graham ဟာ သူရဲ့မင်္ဂလာဆောင်ဝတ်စုံကိုဝယ်ခဲ့တုန်းက သူ့ size ရဖို့အတွက်ကို အခက်အခဲတွေကြုံခဲ့ရဖူးတယ်လို့ သတင်းစာရှင်းလင်းပွဲတုန်းက ပြောခဲ့ပါတယ်။ မင်္ဂလာဝတ်စုံရောင်းတဲ့ဆိုင်တွေမှာ ခန္ဓာကိုယ်အချိုးအစားအမျိုးမျိုးအတွက် သင့်တော်မယ့်ဝတ်စုံတွေရှိနေသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
Plus size wedding dress collection မှာ design ၁၆ မျိုးပါဝင်သွားမှာဖြစ်ပြီးတော့ off-the-shoulder style တွေ၊ long-sleeve lace dresses တွေ၊ dramatic strapless cuts တွေနဲ့ ရှေးခေတ်ကမင်းသမီးလေးတွေရဲ့ dress ပုံစံ ဒီဇိုင်းတွေပါဝင်ပါတယ်။ size ကတော့ 0 ကနေ 34 ထိ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းက $1,000 ကနေ $3,500 အထိရှိနိုင်ပါတယ်။ ဘယ်ခန္ဓာကိုယ်အချိုးအစားနဲ့မဆို Fit ဖြစ်နေမှာပါဆိုပြီး အာမခံထားပါတယ်။ “Ashley ရဲ့အကြံပေးမှုကိုလည်းကျေးဇူးတင်တယ်။ သူ့အကြံလေးကြောင့် ကျွန်မတို့ရဲ့ ပွဲတက်ဂါဝန်တွေ၊ မင်္ဂလာဝတ်စုံတွေကို မိန်းကလေးတိုင်းရဲ့အိပ်မက်ထဲကအတိုင်း ဖြစ်လာအောင် ချုပ်ဖြစ်ခဲ့တယ်” ဆိုပြီး Pronovias ရဲ့ Chief artistic director တစ်ယောက်ဖြစ်တဲ့ Alessandra Rinaudo က ပြောခဲ့ပါတယ်။