LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Fashion Perspective

Ever-Changing Fashion Trends

written by Maeve January 3, 2020
Ever-Changing Fashion Trends

ဖက်ရှင်ဆိုတာက အမြဲဆန်းသစ် လည်ပတ်နေပြီးတော့ ဘယ်တော့မှ သေဆုံးသွားခြင်းမရှိပါဘူး။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ လူအများ သဘောတူထားတာကတော့ ဖက်ရှင်ဟာ သေဆုံးသွားခြင်း မရှိပဲ ပြောင်းလဲနေပါတယ်။ ဖက်ရှင်တစ်ခုဟာ သေဆုံးသွားခြင်း ပျောက်ကွယ်သွားခြင်းမရှိပဲ အချိန်တစ်ခုကြာတဲ့အခါမှာ တကျော့ပြန် ဆန်းသစ်မှုတွေနဲ့ ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်။

Fashion always rotates itself and never dies. People dealing with fashion agree with the statement that fashion never dies and it is changing. A fashion can never be wrecked and in some times it appears again with some modifications.

လွန်ခဲ့တဲ့ နှစ်တစ်ရာရဲ့ ဖက်ရှင်စက်ဝိုင်းကို ကြည့်ကြမယ် ဆိုပါစို့။ ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ ရာစုနှစ် တစ်ခုရဲ့ ဖက်ရှင်တွေဟာ လွန်ခဲ့တဲ့ ခုနှစ်တွေဆီက ဖက်ရှင်ဟောင်းတွေကိုပဲ အသွင်သစ်နဲ့ ပြောင်းလဲပြီး trend အသစ်တစ်ခုအနေနဲ့ ပေါ်ထွက်လာကြပါတယ်။ ဥပမာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က old school fashion တွေဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ပိုပြီးလှပစွာ အရောင်အသွေးစုံစွာနဲ့ ခေတ်ကာလနဲ့ အညီ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်များရဲ့ Hip Hop ဖက်ရှင်တွေဟာပဲ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ ပိုပြီး ခေတ်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲလာပါတယ်။

Let’s observe the fashion designs from the previous Century. We can witness the fashion from that time period modified and comes up with a new trend as the fashion we make today. For example, old school fashion from the 1950s has returned with more colorful and prettier updates in the 2000s. Hip Hop fashion from the 1950s has been restored with up to date designs in the 2000s.

ဖက်ရှင်ဟာ လူတစ်ယောက်ရဲ့ Image ပါပဲ။ ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာ သင်ရဲ့ ဝတ်စားဆင်ယင်မှုတွေက ပြောပြနေပါတယ်။ ဖက်ရှင်ချစ်သူတွေဟာ စတိုင် တစ်ခုခုကို စတင်တော့မယ်ဆိုရင် online media တွေ မဂ္ဂဇင်း စာအုပ် အစရှိတာတွေနဲ့ မိမိ ပတ်ဝန်းကျင်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေ ခေတ်ပေါ် အကြောင်းအရာတွေနဲ့ တခြားခေတ်စားလာနိုင်တဲ့ အခြေနေတွေပေါ် မူတည်ပြီး တီထွင်ဆန်းသစ်ပြီး ဆင်ယင်တတ်ကြပါတယ်။ ဒါတွေကပဲ သူတို့ကို အများနဲ့ မတူ ထူးခြားတဲ့ သူတွေ ဖြစ်လာစေတာပါ။

Fashion is an image of a person. The way you wear defines what kind of person you are. When they start to do a fashion, fashion lovers have to observe and modify what is popular and other possible fashion and wear their new designs. This makes them peculiar among others. 

၁၉၅၀ ဒုတိယကမ္ဘာစစ်အပြီးမှာ ခေတ်စားလာတဲ့ ဖက်ရှင်တွေကတော့ အမျိုးသမီးတွေအတွက်ဆိုရင် ကိုယ်ကျပ်အကျီတွေ၊ ပုခုံးမှာ ဖော့ပါပြီး ကော်လံပြား အဝိုင်းတွေနဲ့ အကျီတွေ ၊ အမျိုးသားတွေ အတွက်ဆိုရင် နတ်ခ်တိုင်နဲ့ ခါးမြင့်၊ ခါးအတိရှိတဲ့ ဘောင်းဘီတွေ ခေတ်စားခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်များဆီရဲ့ အကြီးမားဆုံး trend ကတော့ ဦးထုပ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ရုပ်ရှင်မင်းသမီး Audrey Hepburn လို ဆံပင်တိုတိုနဲ့ ဦးထုပ်အကြီးတွေ ဆောင်းတဲ့ ဖက်ရှင်ဟာ အမျိုးသမီးတွေကြား ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ အမျိုးသား အများစုကတော့ ခါးမြင့် ဘောင်းဘီတွေကို ဝတ်ကြတုန်းပါပဲ။

After World War II, during the 1950s, the popular fashions for women are tight tops and peter pan collar blouses, also for men are neckties and high waist pants. The biggest trend in the 1950s is hat, especially like the star Audrey Hepburn’s short hair and big hat fashion are very well recognized among women. Men still wore high waist pants. 

၁၉၆၀ အရောက်မှာတော့ အမေရိကမှာ ပြောင်းလဲမှုတွေ အများကြီး စတင်လာပါတယ်။ အဝတ်အထည်၊ အပြင်အဆင်၊ ဆေးဝါး၊ လိင်ခွဲခြားမှုနဲ့ ပညာရေး ပြောင်းလဲမှုတွေဟာ သိသိသာသာ ဖြစ်ပေါ်ခဲ့တဲ့အတွက် လူတွေဟာ လွတ်လပ်မှုကို ပိုလိုအပ်လာကြတယ်လို့ သိသာလာပါတော့တယ်။ လူမှုရေးရာနှင့် အနုပညာရသ ခံစားမှုတွေ ပုန်ကန်ထကြွလာကြပါတယ်။ လွတ်လပ်စွာ ဖန်တီးနေထိုင်ခြင်းကို ပြသဖို့ hippie လှုပ်ရှားမှုတွေကို ပြုလုပ်လာကြတော့တယ်။ တမူထူးခြားတဲ့ နေထိုင်ဟန်တွေ၊ ဆံပင်ရှည်တွေနဲ့ နဖူးစည်းတွေ၊ ဒါတွေသာမက ရှပ်အကျီ၊ ဘောင်းဘီနဲ့ ရှူးဖိနပ်တွေအထိ သဘာဝဆိုးဆေးကို အသုံးပြုပြီး ဆေးဆိုးတာတွေ ပြုလုပ်လာကြတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ ဘောင်းဘီဝတ်တာကို ပိတ်ပင်ခံနေရတုန်းပါပဲ။ အမျိုးသမီးများ ဂျင်းဘောင်းဘီ ဝတ်ဆင်ခြင်းက မသင့်တော်ဘူးလို့ ယူဆကြတယ်။ စကဒ်နဲ့ ဂါဝန်ရှည်တွေကသာ အမျိုးသမီးတွေအတွက် ဝတ်ဆင်စရာလို့ သတ်မှတ်ခံထားရဆဲပဲ ကာလဖြစ်ခဲ့ပါတယ်။

There came many changes in the 1960s in the United States. The most obvious ones are attires, makeovers, medicines, gender discrimination, and education. Therefore, people needed more freedom. They revolutionized social and entertainment feelings. Hippie activities have been made for the freedom of expression. Natural dye was used to show different styles such as long hair, headbands, shirts and pants, shoes. However, women were still prohibited to wear short pants. It was assumed that it was very unappropriated for women to wear jeans. So, they were only expected to wear long skirts and gowns.

1970 ခုနှစ်များမှာတော့ အောက်နားက ပွနေတဲ့ ခေါင်းလောင်းဘောင်းဘီတွေ၊ သိုးမွှေးကုတ်၊ ဆေးဆိုးပန်းရိုက် အထည်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ စီးပွားရေး လူမှုရေး နိုင်ငံရေး လည်ပတ်ပုံတွေ ပြောင်းလဲလာပြီး အမျိုးသမီးတွေ လွတ်လပ်ခွင့်ပိုရလာကြတယ်။ ဖက်ရှင်ကဏ္နတွေမှာ သာမက ဂီတနဲ့ ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုတွေ ရှိလာကြတယ်။ The Grateful Dead, The Rolling Stones, Led Zeppen Lin တို့ရဲ့ hippie စတိုင်တွေ ခေတ်စားကြတယ်။

In the 1970s, bell-bottoms and woolen coats, printed fabrics have appeared. Women got more freedom as Economy, Social and Political situation has changed. They were influenced not only in fashion but also in the music and film sectors. Hippie fashions of The Grateful Dead, The Rolling Stones, Led Zeppen Lin were popular.

၁၉၈၀ ခုနှစ်များမှာတော့ နည်းပညာတွေ တိုးတတ်လာပြီး ဂီတအမျိုးစားတွေလဲ အများအပြား ပေါ်ထွက်လာပါတယ်။ Michael Jackson, Madonna, Prince တို့ရဲ့ pop music video တွေဟာ ၁၉၈၀ ခုနှစ်ရဲ့ အကောင်းဆုံး ဗီဒီယိုတွေ ဖြစ်လာပြီး သူတို့ရဲ့ စတိုင်တွေကလဲ ယဉ်ကျေးမှုတွေ ပုံစံ အဟောင်းတွေကို လွှမ်းမိုးလာပါတယ်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းတွေကစပြီး Heavy Metal တွေ ခေတ်စားလာခဲ့ပြီး Heavy Metal ဖက်ရှင်တွေ ဖြစ်တဲ့ ပုခုံးမှာ ဖော့ပါတဲ့ အကျီတွေ၊ ဂျင်းအကျီ၊ သားရေဘောင်းဘီတွေနဲ့ jumpsuit တွေ ခေတ်စားလာကြပါတယ်။

In the 1980s, technology was improved and many kinds of music emerged. Pop Music Videos of Michael Jackson, Madonna, and Prince became the best hits of the 1980s and their fashion styles influenced the old fashion culture. Starting from the late 1970s, Heavy Metal became popular and its fashion design of jeans coats, leather pants and jumpsuits got favored. 

ဆိုတော့ ဖက်ရှင်ဆိုတာဟာ အမြဲတစ်ပါတ်ပြန်လည်ခေတ်စားတတ်ပြီး အမြဲပြောင်းလဲနေတဲ့စက်ဝန်းလေး တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ခန့်မှန်းမထားတဲ့အချိန်တွေမှာ ခန့်မှန်းမထားမိတဲ့ဖက်ရှင် Trend တွေဟာလည်း ခေတ်စားလာတတ်ပါတယ်။

Therefore, fashion is something that can rotate itself and ever-changing circle. Moreover, unexpected fashion trends can be accepted at unexpected times. 

words by Jeune

English Translated by Oakkar Thin

fashionLUSH December 2019LUSH Fashion PerspectiveLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Dad Shoes: Fashion Vocabulary
next post
Best Hair and Makeup Looks from Golden Globes 2020

Recommended

Fashion ကိုစိတ်ဝင်စားတဲ့သူတွေကြည့်သင့်တဲ့ Netflix ရဲ့ Next in Fashion

February 17, 2020

The fashion retail in Myanmar

February 22, 2019

BAPE founder NIGO နဲ့ LV ရဲ့ artistic director...

July 2, 2020

Accessorize Yourself

December 26, 2018

Trendy Designer Bag of 2018

December 15, 2018

Paris Men’s Fashion Week မှ အမိုက်စား Street Style...

January 21, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Fine Luxury Watches 2019 Look Book

December 6, 2019

Back In Fashion From The 70’s & 80’s

April 10, 2020

Victoria Secret’s First Transgender Model Valentina Sampaio

August 5, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem