နှစ်တစ်နှစ်ဆီကနေ နောက်ထပ်နှစ်သစ်တစ်နှစ်သို့ကူးပြောင်းတဲ့အခါမှာ လူတိုင်းဟာ အပြောင်းအလဲလုပ်မယ် ဆိုပြီးစိတ်ကူးကြပါတယ်။ အားလုံးကတော့ ဖြတ်သန်းခဲ့ပြီးတဲ့နှစ်မှာ နေခဲ့တဲ့သူထက် ပိုကောင်းတဲ့ လူတစ်ယောက်အနေနဲ့ နေထိုင်သွားဖို့စိတ်ကူးပါပဲ။ ဒါဟာ လူတစ်ယောက်အတွက် ကောင်းတဲ့စိတ်ကူး ဖြစ်ပေမယ့် အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ရတာဟာ အရမ်းကိုပဲ ခက်ခဲတာကိုတော့ လက်ခံရပါမယ်။ ဒါပေမယ့် ပြောင်းလဲချင်စိတ်သာ အမှန်တကယ်ရှိမယ်ဆိုရင် ခင်ဗျားဟာ သေချာပေါက်ပြောင်းလဲနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ Get Fit Section ကနေ ပိုပြီးကျန်းမာပျော်ရွှင်တဲ့လူတစ်ယောက်အဖြစ်ဖြတ်သန်း နိုင်ဖို့အတွက် အကျိုးရှိမယ့် Tips တချို့ကိုမျှဝေလိုက်ပါတယ်။
Everyone thinks of a change whenever the Old year shifts to the New Year. Everyone thinks of being better than they were in last year. It is a good try for people; however, we have to accept that it is a very tough work to accomplish this idea. But if one has a true enthusiasm, he or she can surely be able to change. We, Get Fit Section, would like to share some tips to benefit you to be a happier and healthier person.
Be love yourself
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုတယ်ဆိုတာဟာ မထူးဆန်းတဲ့အကြောင်းတစ်ခုဖြစ်တယ်ထင်ရပေမယ့် တကယ်တမ်းကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် တကယ်ချစ်ရဲ့လားဆိုတာ မေးခွန်းထွက်လာပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို အစွဲအမြဲချစ်နေသလိုမျိုး မိမိကိုယ်ကိုယ်လည်း ချစ်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ တချို့သော လူအမျိုးအစားဟာ ကိုယ့်ကိုယ်ကိုမေ့နေအောင် တခြားတစ်ယောက်ကိုချစ်မိနေတတ်ပါတယ်။ တခြားတစ်စုံတစ်ယောက်ကို ချစ်ပေးနိုင်သလိုမျိုး၊ ဂရုစိုက်ပေးချင်သလိုမျိုး ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ပေးဖို့ တွေးကြည့်ပေးပါ။ ကိုယ်တိုင်ကောင်းမွန်ကျန်းမာပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းကနေ စတင်နိုင်ဖို့လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ်ချစ်ခြင်းမှာ မိမိမိကိုယ်ကိုခွင့်လွှတ်ခြင်းဆိုတာ လည်းပါဝင်ပါတယ်။ ကိုယ်သွားခဲ့တဲ့နည်းလမ်းအမှားတွေ၊ အပြုအမူအမှားတွေအတွက် နားလည်ခွင့်လွှတ်ပေး နိုင်ဖို့လိုပါတယ်။ စစ်မှန်တဲ့မိမိကိုယ်ကိုယ်ချစ်ခြင်းဟာ မိမိကိုယ်ကိုသက်ညှာခြင်းကိုဆိုလိုတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းကိုဦးတည်ပါတယ်။ ဒီလိုကနေအစပြုနိုင်မှ သင်ဟာ ပိုကျန်းမာမှုရလာမယ်၊ ပိုပျော်ရွှင်မှုကိုရလာနိုင်စေဖို့အခြေခံဖြစ်ပါတယ်။
Although it seems that loving oneself is not a big deal, once you examine yourself whether you truly love yourself, it will still be a mystery. You need to love yourself the way you love someone else deeply. Sometimes, there are some people who love other people so much that they even forget to love themselves. Consider trying to love and care for yourself as you do to someone else. It is necessary to start loving yourself in order to be a happy and healthy person. Loving yourself includes forgiving yourself, which means understanding the mistakes you did and misbehaviors you made. True love to you doesn’t mean you are lenient of yourself but having the ability to control yourself. So, you can get a happier and healthier life in the future.
Determine your readiness
ေ၀ဝါးပြီး ဆုံးဖြတ်ရခက်နေရမယ့်အချိန်တွေကို နှစ်ဟောင်းမှာပဲချန်ပြီး နှစ်သစ်ကိုခေါ်ယူမလာပါနဲ့တော့။ အခုခေတ်ဟာ အရာရာ Smart era ကိုရောက်လာတဲ့အချိန်မှာ အဘက်ဘက်မှာ smart person တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားလာကြတာကို တွေ့ကြရမှာပါ။ လူသားအားလုံးဟာ ပိုက်ဆံကိုအသဲအသန်ရှာဖွေပြီး မိမိကိုယ်ကိုကောင်းမွန်တဲ့ဘဝကို တည်ဆောက်ကြတာဟာ ပြိုင်ဆိုင်မှုအရမ်းပြင်းထန်လာတဲ့ကာလဖြစ်လာခဲ့ပါ တယ်။ အဲဒီထဲမှာမှ ခန္ဓာကိုယ်ရဲ့ Smart ဖြစ်တည်မှုကိုရှာဖွေလာသူတွေဟာ တစ်နှစ်ထက်တစ်နှစ်တိုးပွားလာမှု ဟာ အံ့သြသင့်စရာကောင်းလောက်အောင်ပါပဲ။ ဒီနှစ်ပိုင်းမှာ အနယ်နယ်အရပ်ရပ်မှာ ဖွင့်လိုက်ကြတဲ့ gym တွေဆိုတာ မျက်မြင်ပဲလေ။ ဖွံ့ဖြိုးမှုနဲ့အပြိုင်သွားနေရတဲ့အချိန်မှာ ဒါတွေဟာ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
Leave the indecisiveness in the Old Year and never take it to the New Year. Nowadays, you can see that everyone is attempting to be smart people in all-rounder. People try to earn much more money in competition to construct a perfect lifestyle. Among them, those who tend to be physically smart are surprisingly increased in recent years. The increasing numbers of Gyms opening in the country have proven the fact. However, it is not unusual for a developing country.
Related Article
Gym ကိုသွားမယ်လို့ ဆုံးဖြတ်ချက်ဟာ အလွယ်တကူချလို့ရတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ပါဘူး။ စိတ်ရော၊ ကိုယ်ရောအဆင်သင့်ဖြစ်နေပြီလားဆိုတာ သေချာအောင်လုပ်ဖို့လိုပါတယ်။ bodybuilding ဆိုတဲ့ကိစ္စဟာ လွယ်ကူတဲ့ကိစ္စထဲမှာမပါပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ အစားအသောက်တွေ ဂရုစိုက်ရပါတယ်။ gym တွေမှာ တစ်နှစ်စာ ပိုက်ဆံသွင်းပြီး တစ်နှစ်ပြည့်အောင်ဆော့တဲ့သူဟာ ၅၀ ရာခိုင်နှုန်းတောင်မရှိဘူးလို့ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Plan အချိန်အဆထဲမှာ အံဝင်အောင် လုပ်ဆောင်နိုင်မယ့်သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ bodybuilding လုပ်တဲ့နေရာမှာ gym ကိုသွားမှ ဖြစ်တာတော့မဟုတ်ပါဘူး။ ကိုယ့်နည်းလမ်းနဲ့ကိုယ့်ဘာသာတည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် စနစ်တကျ လုပ်မယ်ဆိုရင်တော့ gym ကိုသွားပြီးလုပ်တာကပိုကောင်းပါတယ်။ ဒီမှာလည်းတစ်ခုရှိလာပြန်ရော၊ gym သွားပြီး exercise လုပ်တယ် ဆိုတာကို တာဝန်တစ်ခုလိုဖြစ်မနေအောင်လည်း ကိုယ့်စိတ်ကိုပြင်ဆင်ထား နိုင်ဖို့လိုပါတယ်။ ဒီတော့ gym ဆော့တဲ့နေရာမှာ ဒီနည်းလမ်း ၃ ခုကိုနှလုံးသွင်းထားနိုင်ဖို့လိုပါတယ်။ အဲဒါတွေ ကတော့ –
ပထမဆုံးအချက်က ကိုယ့်ရဲ့လေ့ကျင့်နိုင်စွမ်း(exercise ability)အပေါ်မှာ ယုံကြည်မှုပြည့်ဝဖို့လိုပါတယ်။ ဒုတိယအချက်က ကိုယ်နဲ့အနီးဆုံးကိုယ့်ရဲ့စီနီယာကစားတွေနဲ့နည်းပြဆီက တိုက်တွန်းစကားတွေကိုလက်ခံ တတ်ဖို့လိုပါတယ်။ တတိယနဲ့နောက်ဆုံးအချက်က ကိုယ့်ရဲ့ exercise ဆီကနေ ပျော်ရွှင်မှုကိုရယူနိုင်အောင် ကြိုးစားဖို့ပါ။
The decision of going to the gym cannot be made easily. You need to be sure that you are physically and emotionally ready to do so. Bodybuilding is not a relaxed job and it takes several months. You must take care of your diet. The total number of people who have paid for the annual membership at gyms and go there for the whole year is not even 50%. Thus, you need to be a person who can fit into your plan. Bodybuilding can be performed not just at gyms but also in your own way. However, if you want to do it professionally, you’d better go to the gym. There’s one more point. You must not regard that you are going to the gym as a duty or responsibility. Remember the following 3 steps while you are going to the gym.
First, you have to be confident about your ability to do exercise. And second, you have to listen to advice from your seniors and instructors. And finally, you should try to attain happiness from your exercises.
Be Realistic
လက်တွေ့ကျပါ။ New Year’s resolutions ချမှတ်တဲ့နေရာမှာ ပြဿနာတစ်ခုကဘာလဲဆိုတော့ လက်တွေ့ မကျတာပါပဲ။ ပန်းတိုင်တစ်ခုခုထားတာကကောင်းတဲ့ အရာပါပဲ။ ဒါပေမယ့် အဲဒါဟာ ကိုယ့်ရဲ့အခြေအနေကိုပါ ထည့်တွက်ပြီး လက်တွေ့ကျပြီးဖြစ်နိုင်တဲ့အရာဖြစ်ဖို့လိုပါတယ်။ စစ်တမ်းလို့ပြောရမလား၊ ဘယ်လိုပြောရမလဲ။ ကမ္ဘာပေါ်မှာ gym နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ စကားလေးတစ်ခုရှိတယ်။ ဘာလဲဆိုတော့ နှစ်သစ်မှာချမှတ်တဲ့ ကိုယ်အလေးချိန်ကျရမယ်ဆိုတဲ့ရည်မှန်းချက်တွေ၊ ဆုံးဖြတ်ချက်တွေဆိုတာ ဘယ်တော့မှ ဖြစ်မလာကြပါဘူးတဲ့။ အဲဒီစကားကို သင်ဟာ ရိုက်ချိုးပြနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ဖို့လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့လုပ်ငန်းခွင်၊ ကိုယ်သွားလာနေရတဲ့ပတ်ဝန်းကျင် ကိုယ့်ရဲ့နေ့စဉ်ဘ၀ အားလုံးကိုသုံးသပ်ပြီးတော့ လက်တွေ့ကျကျဖြစ်နိုင်ဖို့လိုအပ်ပါတယ်။ ဥပမာတစ်ခုပြောရရင် bodybuilding တည်ဆောက်ဖို့ကြိုးစားတဲ့သူတွေမှာ ရှိတတ်တာအကျင့်တစ်ခုက body လှပြီးသားသူနဲ့သွားယှဉ်မိတာပါပဲ။ အဲဒါဟာ အရမ်းမှားယွင်းတဲ့ အမှားကြီးကြီးမားမားတစ်ခုဖြစ်ပါတယ်။
One problem in making the New Year resolution is being unrealistic. Setting a goal is good, but it should be set up based on your situation to be realistic. Maybe a survey, or something, there is a famous saying about the gym. That is, the New Year’s resolution about weight loss goals is something that can never be achieved. You must be someone who can break this saying. So, you need to be realistic by pondering your social, professional and daily life environments. Let’s say, there is a habit in some gym starters that they comparing themselves to other people with nice bodybuilding. It is an enormous mistake.
Take it Easy
တစ်ခုခုကိုစတင်မယ်ဆိုရင် အရမ်းခက်တာကနေ မစတင်ပါနဲ့။ လွယ်ကူတဲ့အရာကနေစတင်မယ်ဆိုပြီး ပိုပြီးအောင်မြင်ကြတယ်လို့ဆိုတယ်။ ဥပမာအားဖြင့် gym ဆိုရင် အရမ်းပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေကို ခင်ဗျားတွေ့ရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့အရမ်းပြင်းထန်စရာမလိုအပ်ပါဘူး။ တချို့တွေဟာ တစ်ပါတ် ၆ ရက်လောက်အထိ အသည်းအသန်ဆော့နေတာတွေ့ရပေမယ့် ခင်ဗျားကတော့ တစ်ပါတ်ကို သုံးရက်လောက်ပဲ Try ပြီးစလိုက်ပါ။ ဝိတ်ကျချင်တဲ့သူတွေအနေနဲ့လည်း သူများတွေမဟားတရားစားသောက် နေပေမယ့် ကိုယ်ကတော့ နည်းနည်းလေးပဲစားပြီးစတင်လိုက်ပါလို့။ ဒီလိုအလွယ်ကနေစတင်ခြင်းကနေ ခင်ဗျားရဲ့မှန်းထားတဲ့ Goal ကိုတဖြည်းဖြည်းရောက်သွားမှာပါ။ ဖိုက်တင်း။
If you are starting something, don’t start it from a very difficult situation. Start with an easy one instead, and you will be more successful. For example, you can see some people at the gym doing hefty exercises, but you don’t need to start like them. You should start going to the gym three days a week, though other people go to the gym for six days. Once you want to lose weight, why don’t you start with a light diet instead of heavy diets others do. Starting from an easy point like this will gradually take you to your desired goal. Fighting!!!
words by a el ti:
english translated by Oakkar Thin