တစ်ကျော့ပြန်ခေတ်စားလာတဲ့ trend တွေထဲမှာ ယောကျာ်းလေး ဆံပင်ရှည်ထားတာလည်း ပါပါတယ်။ ယောကျာ်းလေး ဆံပင်ရှည်ထားတဲ့ trend က ဟိုးရှေးခေတ်ကတည်းကနေ ဒီနေ့ခေတ်အထိကို တစ်ကျော့ပြန်ခေတ်စားနေဆဲပါ။ အနီးစပ်ဆုံးပြောရရင် ၁၉၈၀ ခုနှစ်လောက်မှာ ဆံပင်အရှည်ထားတာ ပြန်ခေတ်စားလာပါပြီ။ အခုဆို ဒီနှစ်ပိုင်းအတွင်းမှာ ယောကျာ်းလေးတွေက ဆံပင်အရှည်ထားတာခေတ်ပြန်စားလာတာ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ ဆံပင်ရှည်ထားတဲ့အခါ ဆံပင်ရှည်လာတာနဲ့အမျှ ထိန်းသိမ်းဖို့ကိုလည်း အရင်ကထက်ပိုပြီး လုပ်ရပါတယ်။ ဆံပင်ရှည်ထားတာက ဆံပင်အတိုတုန်းကထက် စိတ်ရှည်ဖို့တော့လိုပါတယ်။ ဆံပင်ရှည်ထားဖို့စဉ်းစားထားတဲ့သူတွေရှိရင်တော့ တစ်ခါလောက်တော့ထားကြည့်ဖို့တိုက်တွန်းပါရစေ။ ဒါပေမဲ့ ဆံပင်ရှည်က စိတ်ရှည်ဖို့၊ သန့်ရှင်းမှုရှိဖို့လိုလို့ အဲ့အတွက်တော့ ကြိုတွေးထားရပါမယ်နော်။ အရင်ခေတ်တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်ရှည်ပုံစံတွေ၊ ဒီဘက်ခေတ်ဆံပင်ရှည်ထားတဲ့ Celebrity တွေရဲ့ပုံတွေကို ဆံပင်ရှည်ထားဖို့စိတ်ကူးထားတဲ့သူတွေ inspiration ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။
next post