ဒီ ၂၀၁၉ ခုနှစ်ကတော့ ဆံပင်အတိုတွေ အရမ်းခေတ်စားတဲ့နှစ်လို့ပြောလို့ရပါတယ်။ ဒီဆံပင်အတို trend ကလည်း ၂၀၁၈ ခုနှစ်လောက်ကနေအစချီပြီး Celebrity တွေညှပ်ရာကနေ ခေတ်စားလာတာလို့ပြောရင်လည်း မမှားပါဘူး။ Long Bob (Lob), Midi Cuts, Blunt Bob, Shag လို့ခေါ်တဲ့ 1970 ခုနှစ်ကနေစပြီး ခေတ်စားလာတဲ့ Hairstyle လိုမျိုးစတဲ့ Haircut မျိုးတွေခေတ်စားလာကြပါတယ်။ LUSHers တို့ထဲမှာရော ဆံပင်အတိုကို ကြိုက်တဲ့သူတွေရှိလား၊ ကိုယ်တိုင်ရော လိုက်ညှပ်ကြည့်ပြီးပြီလား။ အခု ၂၀၁၉ ခုနှစ်က ကုန်တော့မယ်ဆိုပေမယ့် ဆံပင်အတိုကတော့ နှစ်မကုန်ခင်ရော၊ လာမယ့်နှစ်သစ်မှာပါ တစ်ခါလောက်တော့ ထားကြည့်သင့်ပါတယ်။ ဆံပင်အတိုတွေနဲ့ အရမ်းမိုက်နေတဲ့ Celebrity တွေထဲကနေမှ သဘောကျမိတဲ့ Kendall Jenner, Dua Lipa, Bella Hadid, Kim Kardashian စတဲ့ celeb တွေရဲ့ Hairstyle တွေကို ရွေးချယ်ပေးထားပါတယ်။ ဆံပင်အတိုညှပ်ဖို့စဉ်းစားထားတယ်ဆို Inspiration ယူလို့ရအောင် ဒီ Celebrity တွေရဲ့ Short Haircut တွေကို ကြည့်လိုက်ကြရအောင်။ LUSHers တို့ရော ဘယ် Celebrity ရဲ့ ဆံပင်ပုံစံမျိုးကို လိုက်ညှပ်ဖို့စိတ်ကူးထားလဲဆိုတာ ပြောသွားပေးဦးနော်။
Short Hair Trends of 2019
previous post