LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

written by Maeve August 16, 2019
ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

ရတာမလို၊ လိုတာမရတဲ့ စိတ်တွေကလည်း ခက်သားနော်။ “သူတို့လို ငါလည်းလှရင်ကောင်းမယ်” ၊ “ဒီလိုခန္ဓာကိုယ်လေး လိုချင်လိုက်တာ” ဆိုတာက ကိုယ့်အလှကိုယ်သတိမထားမိလို့ပါ။

တကယ်ဆို လူတော်တော်များများက အလှတရားရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းသဘောမပေါက်ကြပါဘူး။ ဒါကြောင့်မို့လည်း ကိုယ့်အလှကိုမမြင်ကြတာပေါ့။ ကွန်ဖြူးရှပ်ပြောတဲ့ စကားတစ်ခွန်းတောင် သတိရမိတယ်။

“လူတိုင်းမှာ အလှတရားကိုယ်စီရှိကြတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ဒီအလှတရားကို မမြင်ကြဘူး” တဲ့။

ဒီစကားက အခုခေတ်နဲ့အလိုက်ဖက်ဆုံးစကားတစ်ခွန်းလို့ပြောရမယ်ထင်တယ်။ လူတစ်ယောက်ရဲ့ အလှတရားကို ရုပ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ သတ်မှတ်တဲ့ခေတ်ကြီးထဲမှာ အထူးသဖြင့် အမျိုးသမီးတွေအတွက်ကတော့ အလှတရားနဲ့ပတ်သက်ရင် အမြဲဝိရောဓိဖြစ်နေတာပါ။

LUSHers လေးတို့ရော အလှတရားဆိုတာ ဘာလို့မြင်လဲ။ ဘယ်အရာကို အလှစစ်လို့သတ်မှတ်ထားလဲ ခဏလောက်ဖြစ်ဖြစ် တူတူပြန်စဉ်းစားကြည့်ရအောင်။

ပြောင်းလဲလာတဲ့နေထိုင်မှုပုံစံတွေနဲ့ လူတစ်ဦးချင်းစီရဲ့ Value တွေမတူတော့တဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူမျိုးတစ်ခုနဲ့တစ်ခု၊ လူတစ်ဦးနဲ့တစ်ဦးမြင်တဲ့ အလှတရားဆိုတာ တဖြည်းဖြည်းကွဲပြားလာတာ အားလုံးသိပြီးဖြစ်မှာပါ။

အာရှလူမျိုးတွေမြင်တဲ့အလှနဲ့ အနောက်နိုင်ငံသားတွေမြင်တဲ့အလှက ဘယ်လိုမှမတူသလို ချင်းလူမျိုးတွေမြင်တဲ့အလှနဲ့ ရှမ်းလူမျိုးတွေမြင်တဲ့အလှကလည်း တူနိုင်စရာမရှိပါဘူး။ တကယ့်အလှစစ်က Beauty Mind ဆိုတာ တစ်ကမ္ဘာလုံးကသဘောတူလက်ခံထားပေမယ့် ပြင်ပအလှမှာတော့ လူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ထားတဲ့ရလဒ်တွေ အများကြီးရှိပါတယ်။

ကမ္ဘာ့အလှဆုံးအမျိုးသမီးတွေရှိတဲ့နိုင်ငံ

တစ်ကမ္ဘာလုံးက အင်တာနက်အသုံးပြုသူတွေကို ကောက်ယူထားတဲ့စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာအလှဆုံး မိန်းကလေးတွေရှိတဲ့နိုင်ငံ ဘရာဇီးနိုင်ငံလို့ပြောကြပါတယ်။ ဒုတိယနဲ့ တတိယနိုင်ငံတွေကတော့ ယူကရိန်းနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရလဒ်တွေက အာရှနိုင်ငံတွေမှာပြန်လည်စစ်တမ်းကောက်ရင်တော့ တစ်မျိုးတမည်ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ အမျိုးသားတွေအတွက်ကတော့ ဘရာဇီးနဲ့ ယူကရိန်းကမိန်းကလေးတွေထက် တောင်ကိုရီးယားမိန်းကလေး နဲ့ ယောကျာ်းလေးတွေက နံပါတ် (၁) နေရာ ရချင်ရမှာနော်။

ယုံကြည်မှုနဲ့ အလှတရား

ဒီကမ္ဘာမှာ တစ်ခုတည်းသောအလှပဆုံးအရာက “စိတ်” ပါ။ တကယ်တော့ ကမ္ဘာပေါ်မှာ မလှတဲ့မိန်းကလေးဆိုတာမရှိပါဘူး။ ယုံကြည်ချက်မရှိလို့ ကိုယ့်ကိုယ်ကိုယ် မလှဘူးထင်တဲ့ မိန်းကလေးတွေ ပဲရှိတာဆိုတော့ လှချင်တယ်ဆို အရင်ဆုံးကိုယ့်ကိုယ်ကိုယ် Self-confidence အရင်တည်ဆောက်ဖို့ အကြံပေးချင်ပါတယ်။

စစ်မှန်တဲ့အလှတရားဆိုတာ ရုပ်ချောတာတစ်ခုတည်းမဟုတ်ပါဘူး။ ဉာဏ်ပညာကြီးမားတာ၊ စိတ်နှလုံးသဘောထားကောင်းမွန်တာ၊ Self-confidence ရှိတာ၊ လူသားချင်းစာနာသနားတတ်တာ၊ အနေအထိုင်ယဉ်ကျေးတာ၊ မှန်ကန်တဲ့အဝတ်အစားရွေးချယ်တတ်တာတွေပါသေးတာဆိုတော့ ရုပ်ချောဖို့ တစ်ခုတည်းရည်ရွယ်ပြီး အလှတရားရှာတာထက် တကယ့်စစ်မှန်တဲ့အလှသစ္စာကိုရှာဖို့ပဲ အားပေးချင်ပါတယ်။

လူတိုင်းနဲ့လိုက်လျောညီထွေအောင်နေတတ်ပြီး ခေတ်နဲ့အညီလိုက်ဖက်အောင်ဝတ်စားတတ်တယ် လူအချင်းချင်းလည်း လေးစားကြင်နာတတ်တဲ့သူတွေက ဘယ်တော့မှအထီးမကျန်သလို ဘယ်တော့မှရုပ်ဆိုး အကျည်းတန်မှာ မဟုတ်ပါဘူး။ ရာနှုန်းပြည့်ကိုသေချာပါတယ်။

နောက်ဆုံးတော့ အလှတရားဆိုတာ အဓိပ္ပာယ်ဖွင့်ရရင်တော့ ကိုယ်ကိုယ်ကိုယ်လှအောင်ပြင်ဆင်ပြီး ကိုယ့်ရဲ့အလှတရားကို ကိုယ်လက်ခံတာပါလို့ပဲ ရိုးရှင်းစွာဖွင့်ဆိုချင်ပါတယ်။

Beauty or Attraction

ရုပ်အချောကြီးမဟုတ်ဘဲနဲ့ တချို့သူတွေက ကိုယ့်ရဲ့ရုပ်သွင်ပြင်အပေါ် ဘာလို့ဒီလောက်ယုံကြည်မှုရှိနေတာလဲ စိတ်ပညာအရ ရှင်းပြဖူးတာတစ်ခု ဖတ်ဖူးပါတယ်။ လူတစ်ယောက်က ရုပ်ချောတာထက် ဆွဲဆောင်မှုသာရှိမယ်ဆို ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုကိုပိုရနိုင်ပါတယ်တဲ့။

ဒီိတော့ လူတိုင်းကိုယ့်ကိုယ်ကိုယ်လှနေဖို့၊ ဆွဲဆောင်မှုရှိနေဖို့ ယုံကြည်မှုရှိရှိနဲ့ပြင်ဆင်ကြမယ်။ ကျန်းမာအောင် နေထိုင်မယ်။ ဒီလောက်ဆို တကယ့်အလှစစ်ကို ကမ္ဘာပတ်ပြီးရှာစရာ မလိုတော့ပါဘူး။ မျက်နှာတွေကို ခဏခဏသွားခွဲစိတ်စရာလည်း မလိုတော့ဘူး။ လက်ရှိပိုင်ဆိုင်ထားပြီးသားအလှကိုပဲ တန်ဖိုးထားတတ်နေရင် လုံလောက်ပြီနော်။

LUSHer လေးတို့အားလုံးလည်း အခုချိန်ကစပြီး အလှစစ်နဲ့အလှဆုံးအပြုံးလေးတွေ ဖန်တီးဖို့ အဆင်သင့်ဖြစ်နေပြီမို့လား။

Editor: Lim

LUSH August 2019LUSH Beauty & SoulLUSH DAILYLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
Classic Jeans – Fashion Vocabulary
next post
၆၁ နှစ်ပြည့် သွားပြီဖြစ်တဲ့ Pop ဘုရင်မ Madonna

Recommended

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

Justin Bieber ရဲ့ ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်အကြောင်း

July 21, 2018

LUSH Beauty Program – Less is more with...

January 10, 2019

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

June 12, 2019

Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

February 21, 2019

အခုလာမယ့် weekend မှာဝယ်ယူနိုင်တော့မယ့် Nike Air Max 90/1 Hybrid

June 6, 2018

Inside Fashion’s Most Powerful Room: Julie Kegels Wins...

September 5, 2026

Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

September 18, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Chuck Taylors – Fashion Vocabulary

November 14, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem