LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICLUSH DAILY

ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ၆ ကား

written by Maeve March 25, 2019
ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ၆ ကား

ဒီနေ့ပြောပြပေးချင်တာကတော့ ဖက်ရှင်ချစ်တဲ့သူတိုင်း ကြည့်သင့်တဲ့ Fashion နဲ့ပတ်သက်ပြီး ဇာတ်ကား ၆ ကားကို ပြောပြပေးချင်ပါတယ်။ အခုဖေါ်ပြပေးမယ့် ဇာတ်ကားတွေကတော့ သိပြီးသားတွေလည်း ပါကောင်းပါနိုင်တယ်။ သိပြီးပေမယ့်လည်း ကြည့်ဖို့ သတိတရလေးဖြစ်သွားအောင် ဖေါ်ပြပေးလိုက်ပါတယ်။

6. Confessions of a Shopaholic

ဒီဇာတ်လမ်းလေးကတော့ ၂၀၀၉ ခုနှစ်လောက်က ထွက်ရှိထားတာဖြစ်ပြီး Film Adaptation, Comedy, Family, Romance အမျိုးအစားဖြစ်ပါတယ်။ ပေါ့ပေါးပါးပါးနဲ့ ကြည့်ရတာ fun to watch ဖြစ်တဲ့ဇာတ်လမ်းမျိုးပါ။ ဈေးဝယ်ရတာအရမ်းကိုကြိုက်တဲ့ Journalist တစ်ယောက်၊ အရမ်းဈေးဝယ်လွန်းလို့ အကြွေးတွေတောင် ပတ်လည်ဝိုင်းနေတဲ့သူရဲ့အကြောင်းကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဈေးဝယ်ရတာအရမ်းစွဲလမ်းနေတဲ့ကောင်မလေးကတော့ ချစ်စရာလည်းကောင်းသလို ရယ်လည်းရယ်ရပြီး branded တွေဝယ်ရတာအရမ်းကြိုက်တဲ့ Rebecca Bloomwood (Isla Fisher) ပါ။ ဒီဇာတ်လမ်းထဲမှာ Rebecca ရဲ့ Fashion ကျကျဝတ်စားပုံတွေကို တွေ့မြင်ရမှာပါ။

5. Breakfast at Tiffany’s

Breakfast at Tiffany’s က 1961 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ Audrey Hepburn လို့ဆိုလိုက်တာနဲ့ ဒီ Breakfast at Tiffany’s ဆိုတဲ့ဇာတ်လမ်းလေးကို ပြေးမြင်မိမှာသေချာပါတယ်။ Breakfast at Tiffany’s က Audrey Hepburn ကို အရမ်းလူသိများစေခဲ့တဲ့ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ Audrey Hepburn က သူ့ခေတ်သူ့အခါတုန်းက Fashion icon တစ်ယောက်ဖြစ်ရုံသာမက Film Icon တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီ Breakfast at Tiffany’s ဇာတ်လမ်းထဲမှာ Audrey ရဲ့ ရိုးရှင်း ကြော့ရှင်းပြီး Style ကျတဲ့ပုံစံတွေကိုတွေ့မြင်ရမှာပါ။ Audrey က ဒီဇာတ်လမ်းထဲမှာ ဇာတ်ဆောင် Holly Golightly အဖြစ်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ရုပ်က  Extrovert ဖြစ်တဲ့အတွက် Introvert ဖြစ်တဲ့သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ Breakfast at Tiffany’s က Academy Awards: Best Original Score နဲ့ Best Original Song for “Moon River” ဆုနှစ်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းကို မကြည့်ရသေးရင် ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

4. Funny Face

၁၉၅၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Funny Face ဆိုတဲ့ဇာတ်လမ်းကလည်း Audrey Hepburn ပါဝင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Comedy, Musical, Romance အမျိုးအစားပါ။ ဒီကားထဲမှာ Audrey Hepburn ရဲ့ အကစွမ်းရည် ကို တွေ့မြင်ရမှာပါ။ ဒီကားက Audrey ရဲ့ ပွဲဦးထွက် Musical film လည်းဖြစ်ပါတယ်။ ဒီကားမှာ Audrey က Model တစ်ယောက်အနေနဲ့သရုပ်ဆောင်ပြီး Fashion ကျလွန်းတဲ့သူ့ရဲ့ ပုံရိပ်တွေကိုတွေ့မြင်နိုင်မှာပါ။ ဒီကားထဲမှာ Audrey ဝတ်ဆင်ခဲ့တဲ့ Givenchy က Wedding Dress လေးဆို အရမ်းကို iconic ဖြစ်ပြီး classic ဖြစ်လွန်းလှပါတယ်။ ဒီဇာတ်လမ်းရဲ့ costumes တော်တော်များများကတော့ အထင်ကရ Costume Designer ဖြစ်တဲ့ Edith Head ရဲ့ design တွေပါ။ Fashion Inspiration တွေပြည့်နှက်နေတဲ့ Funny Face ဇာတ်လမ်းကတော့ Fashionista တို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါပဲ။

3. Gossip Girl

Gossip Girl series ကတော့ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်ထိ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းက TV-14 rating မို့ အသက် ၁၄ နှစ်အောက်ကလေးတွေ အတွက်တော့ သိပ်မသင့်တော်ပါဘူး။ ဒီကားကိုတော့ Fashionistas အားလုံးသိကြမှာပါ။ Gossip Girl ထဲမှာ ဇာတ်ဆောင်တွေက ထူးခြားပြီး စတိုင်လ်ကျလွန်းတဲ့ Fashion တွေနဲ့ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ထားကြတာကိုတွေ့ရမှာပါ။ Gossip Girl ရဲ့ fashion တွေက လူငယ်တွေကြားထဲမှာ အရမ်းကို လွှမ်းမိုးမှုရှိခဲ့ပါတယ်။ Gossip Girl ကို Fashion ကုမ္ပဏီတွေက သူတို့ရဲ့ပစ္စည်းတွေကို ဈေးကွက်ထိုးဖောက်နိုင်မယ့်နည်းလမ်းတစ်ခုလို့လည်း ရည်ရွယ်ထားခဲ့ပါတယ်။ တစ်ချို့ brand တွေက အခကြေးငွေပေးပြီးလည်းကြော်ငြာကြပါတယ်။ ဒီ show မှာပါတဲ့ ကြော်ငြာပစ္စည်းတွေကို ကြည့်တဲ့သူတွေဝယ်နိုင်အောင် ဒီ show ရဲ့ website မှာ ဈေးဝယ်နိုင်မယ့် သက်ဆိုင်ရာ link တွေဖေါ်ပြပေးတာမျိုးရှိပါတယ်။ 2009 ခုနှစ်တုန်းက Fashion Designer Anna Sui က Gossip Girl ကို Inspire ယူပြီး Collection တွေလည်းထုတ်ခဲ့ပါသေးတယ်။

2. Sex and the City

Sex and the City ကတော့ Series အနေနဲ့ရော၊ Movie အနေနဲ့ပါ ထွက်ရှိထားပါတယ်။ ဒီဇာတ်ကားက အမေရိကန် Romantic comedy drama အမျိုးအစားဖြစ်ပြီး Series ကိုတော့ HBO ရုပ်သံလိုင်းကနေ ၁၉၉၈ ခုနှစ် မှ ၂၀၀၄ ခုနှစ်ထိ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အပိုင်း ၉၄ ပိုင်းရှိပါတယ်။ Movie ကတော့ ၂ ကားထွက်ရှိထားပြီး ပထမကားက၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒုတိယကားက ၂၀၁၀ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ Series မှာ သရုပ်ဆောင်တဲ့ဇာတ်ဆောင်တွေကပဲ Movies တွေမှာလည်း ပါဝင်ထားတာပါ။ ဒီဇာတ်လမ်းက R rated မို့လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူး။ ဒီဇာတ်လမ်းကိုလည်း Fashionistas တွေ သိကြမှာပါ။ ဒီဇာတ်လမ်းရဲ့ costumes ပိုင်းကို တာဝန်ယူထားတဲ့သူကတော့ costume designer Patricia Field ဖြစ်ပြီး series ကိုရော movies မှာပါ သူ့ရဲ့လက်ရာတွေကို တွေ့ရမှာပါ။ Nameplate ဆွဲကြိုးတွေ၊ Oversize မျက်မှန်တွေ၊ Floral Dress တွေ၊ ဘော်လီကြိုးဖော်ထားတဲ့ style တွေကတော့ ခုချိန်ထိကို အရမ်းမိုက်နေတုန်းပါ။ Field ရဲ့ Sex and the City series ထဲမှာ Designer clothes တွေနဲ့ day-to-day fashion ကိုချပြခဲ့တဲ့ concept ကြောင့် သူ့ကိုလူသိများစေခဲ့ပါတယ်။

1. The Devil Wears Prada

The Devil Wears Prada ကတော့ ထွေထွေထူးထူးပြောပြစရာလိုမယ်မထင်တော့ဘူး။ Fashionistas တွေတော်တော်များများသိကြတဲ့ ဒီဇာတ်လမ်းကတော့ 2006 ခုနှစ်က ထွက်ရှိခဲ့ပြီး Comedy, Drama အမျိုးအစားပါ။ PG-13 rating ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Meryl Streep, Anne Hathaway, Emily Blunt, Stanley Tucci တို့ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းထဲက Fashion တွေကတော့ အခုထက်ထိတိုင် မိုက်နေတုန်းပါပဲ။

အခုဖေါ်ပြထားတဲ့ ဇာတ်ကား ၆ ကားမှာ မကြည့်ရသေးတာတွေရှိခဲ့ရင်လည်း အားလပ်ချိန်လေးမှာ ကြည့်ကြည့်ကြရအောင်နော်။

LUSH Art & MusicLUSH CHANNELLUSH DAILYLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Makeup နဲ့ Skincare Line ကို စတင် မိတ်ဆက်တော့မယ့် Hermès
next post
Tokyo Fashion Week Fall 2019 ရဲ့ လမ်းမထက်ပေါ်က အမိုက်စား Streetstyle ပုံရိပ်များ

Recommended

Boost your skills with these online classes

May 30, 2020

Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection

September 16, 2020

2020 Grammy Awards မှာ ဖျော်ဖြေသွားမယ့် Billie Eilish နဲ့...

January 10, 2020

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Hand Sanitizer တွေထုတ်လုပ်သွားမယ့် LVMH

March 16, 2020

2019 British Fashion Awards’ Fashion

December 4, 2019

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

BAIT x Pixar Toy Story x Reebok တို့...

June 11, 2020

လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

September 26, 2020

Workout မလုပ္ခင္ မစားသင့္တဲ့ အစားအစာမ်ား

June 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem