LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

written by Lush Editor February 27, 2019
Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

အခုနောက်ပိုင်းမှာ လက်သည်းနီဆိုးတဲ့အခါမှာ ပုံမှန် Nail Polish အစား Gel Nail Polish (တစ်နည်းအားဖြင့် Gel လက်သည်းနီ)တွေကို ဦးစားပေး ဆိုးလာကြတာ တွေ့ရမှာပါ။ ပုံမှန်လက်သည်းနီတွေဆိုးတာထက် အချိန်ပေးရသက်သာသလို တစ်ခါဆိုးထားရင် အကြာကြီး ကြာရှည်ခံတယ်၊ အရောင်မကျဘူး စတဲ့ အချက်တွေကြောင့် Gel လက်သည်းနီတွေက ပိုပြီး ခေတ်စားလာတာဖြစ်ပါတယ်။ ဒါပေမယ့် Gel လက်သည်းနီချစ်သူတွေ စိတ်တိုင်းမကျတဲ့ အချက်တစ်ချက်လေးတော့ ရှိနေသေးတာ အမှန်ပါ။ အဲဒါကဘာလဲဆိုတော့ Gel လက်သည်းနီကို ပြန်ဖျက်ချင်တဲ့အခါမျိုးမှာဆိုရင် ဆိုင်သွားပြီးဖျက်ရတဲ့ အလုပ်ပါ။ ပုံမှန်လက်သည်းနီတွေထက် ပိုထူသလို ဖျက်တဲ့အခါ ဆွဲခွာလိုက်ရင် လက်သည်းအပေါ်ယံတွေ ပျက်စီးတတ်လို့  စိတ်ညစ်ရတဲ့အချက်ပေါ့။ ဒါပေမယ့် အခု LUSH က ပြောပြပေးမယ့် အချက်လေးတွေကို စိတ်ရှည်ရှည်နဲ့ စမ်းကြည့်လိုက်မယ်ဆိုရင် ဆိုင်သွားစရာမလိုဘဲ ကိုယ့်အိမ်မှာတင်ကိုယ် Gel လက်သည်းနီတွေ ဖျက်လိုက်လို့ရပါပြီ။

စစချင်းမှာ အများကြီး စဉ်းစားနေစရာ မလိုပါဘူး။ အိမ်မှာဖျက်တဲ့နည်းနဲ့ Salon မှာ သုံးတဲ့နည်းက သိပ်မထူးမခြားသလို လုပ်ဆောင်ရတဲ့အဆင့်ကလည်း အတူတူပါပဲ။

ပထမအဆင့်အနေနဲ့ အရင်ဆုံး ရှိနေတဲ့ လက်သည်းနီကို တံစဉ်းနဲ့ တိုက်ပြီး ပါးသွားအောင် လုပ်ရမှာပါ။ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ လက်သည်းနီတွေ ပါးသွားပြီ သိပ်မကျန်တော့ဘူးဆိုတဲ့အချိန်ကျ ရပ်လိုက်လို့ရပါတယ်။ တံစဉ်းနဲ့ တိုက်ပြီးသွားတဲ့ နောက်မှာတော့ လက်သည်းနီက ကြည်ကြည်ပြောင်ပြောင်လေး မဟုတ်တော့ဘဲ ကြမ်းကြမ်းလေးနဲ့ ပါးနေတာ တွေ့ရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်မှာတော့ လက်သည်းဖျက်ဆေးကို ဂွမ်းစမှာ စွတ်ပြီး လက်သည်းခွံပေါ်မှာ ဖိကပ်ထားပေးရမှာပါ။ Salon တွေမှာတော့ ခဲပတ်လေး ပတ်ပြီး အချိန်ခဏကြာအောင် ထားပေးပါတယ်။ ခဲပတ်မရှိလည်း ကိစ္စမရှိပါဘူး။ လက်သည်းခွံပေါ်မှာ ဂွမ်းစလေးကို ခပ်တင်းတင်းဖိကပ်ထားပြီး ၁၅ မိနစ်လောက်ထားထားပေးပါ။ ဒါမှ လက်သည်းဖျက်ဆေးက တဖြည်းဖြည်းနဲ့ Gel သားကို ပျော့အောင်လုပ်နိုင်မှာဖြစ်ပြီး ခွာရလွယ်စေမှာ ဖြစ်ပါတယ်။

၁၅ မိနစ်လောက်ထားပြီးတဲ့နောက်မှာတော့ Triple Cut  တံစဉ်းတံလေးနဲ့ လက်သည်းနီတွေကို ခြစ်ပြီး ခွာလိုက်လို့ ရပါပြီ။ အကယ်လို့ လွယ်လွယ်ကူကူ ခွာလို့ရတဲ့အနေအထား မဟုတ်သေးဘူးဆိုရင် လက်သည်းဖျက်ဆေးကို ဂွမ်းစလေးမှာ စွတ်ပြီး လက်သည်းခွံပေါ် ပြန်ဖိထားပေးပါ။

နောက်ဆုံးကိုယ့်လက်သည်းမှာ အကုန်ပြောင်စင်သွားပြီဆိုရင်တော့ လက်သည်းတိုက်တဲ့ ဖော့ အချောသားနဲ့ လက်သည်းထစ်တာတွေမရှိအောင် တိုက်ပေးပါ။ အဲဒီနောက်မှာတော့ လက်သည်းအရင်းနားကို အားဖြည့်ဆီ ထည့်ပေးပြီး Base Coat ပြန်ဆိုးထားဖို့ မမေ့ပါနဲ့။ ဒါဆို သင့်ရဲ့ Home-made Gel လက်သည်းနီဖျက်တဲ့ Process လေးပြီးဆုံးပါပြီ။

Editor – Su Yi Htet

LUSH Beauty & SoulLUSH DAILYLUSH February 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Prized cats of the world
next post
တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။

Recommended

Milan Fashion Week FW20 က celebrities တှရေဲ့ fashion...

February 26, 2020

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

January 9, 2019

LUSH PICK EP.2

September 6, 2019

All the details of Dior’s Cruise 2019 collection

May 31, 2018

သင်္ကြန်မှာကဲမယ်ဆို သိထားရမယ့် Fashion Tip များ

April 8, 2019

How to Upgrade your Personal Grooming?

June 25, 2019

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Get Fit With Flying YOGA

November 15, 2018

Unusual Decorations to put around the house

June 22, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem