LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryGET FIT & WELLNESS

Keep You on Track For Better Health All Year

written by Lush Editor January 22, 2019
Keep You on Track For Better Health All Year

သင့်ရဲ့ဘဝတစ်သက်တာလုံးကို ကျန်းမာကောင်းမွန်တဲ့ပုံစံနဲ့ဖြတ်သန်းနိုင်ဖို့အတွက် ဒီနည်းလမ်းတွေက အမြဲတမ်းအထောက်အပံ့ဖြစ်စေမှာပါ။ သင့်ရဲ့နေ့စဉ်ဖြတ်သန်းနေတဲ့ LifeStyle က ဒီအောက်ကနည်းလမ်းလေးတွေထဲက အနည်းဆုံး ၃ ခုနဲ့အထက်လောက်နဲ့ အချိတ်အဆက်မိနေခဲ့မယ်ဆိုရင် ဘဝတစ်သက်တာမှာခန္ဓာကျန်းမာ စိတ်ချမ်းသာတဲ့ဘဝကိုရရှိမှာပါ။ ကောင်းမွန်တဲ့ ကျန်းမာရေးလိုက်စားနည်းထဲက လေ့ကျင့်ခန်းတွေက အင်မတန်သက်တောင့်သက်သာနဲ့ပေါ့ပေါ့ပါးပါးရှိလှပါတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးတွေကိုကြည့်ကြည့်လိုက်ပါဦး။

Here are some tips that will give you a healthy lifestyle. You will enjoy wellness and good health if you follow at least 3 or more of these tips every day. The exercises in these tips are easy to follow so let’s take a look.

မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ဖို့ကြိုးစားကြည့်ပါ

လူတိုင်းသိကြတာက ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် အရမ်းကိုပဲလွယ်ကူစေပါတယ်။ တကယ်လို့ စိတ်တိုနေတာဖြစ်စေ၊ စိတ်ညစ်နေတာဖြစ်စေ လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ စိတ်ပျော်ရွှင်မှု၊ စိတ်လွတ်လပ်ပေ့ါပါးမှုကို ရုတ်တရက်ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ညနေခင်းတွေအစား မနက်ခင်းတွေမှာ လေ့ကျင့်ခန်းတွေစတင်လုပ်ကြည့်ပါ။ မနက်ခင်းနေထွက်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့စတင်ဖြစ်ခဲ့တယ်ဆိုရင် တစ်နေ့တာလုံးအတွက် စိတ်ကအတိုင်းအဆမဲ့ကြည်လင်လန်းဆန်းနေမှာဖြစ်ပြီး တစ်နေ့တာရဲ့တာဝန်တွေကို အောင်မြင်စွာနဲ့ဖြတ်သန်းနိုင်မှာပါ။ ညနေပိုင်းမှာဆိုရင်လည်း လူမှုရေးကိစ္စအ၀၀တွေကို လွတ်လပ်ပေါ့ပါးစွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မနက်ပိုင်းကို ရွေးချယ်စေချင်ပါတယ်။

Exercise in the morning

It is much easier for a lot of people to exercise in the morning. Workouts can change your bad mood to good almost instantaneously. However, try working out in the morning instead of the evening because you will start your day feeling great and energized. You will have more time for your social life in the evening as well.

အရင်ကထက် ရေတွေများများပိုသောက်ပေးပါ။

သင်သောက်နေကျ အချိုရည်ရေတွေအစား ရေကိုများများပိုသောက်ပေးပါ။ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ကြီးမားလွန်းလှပါတယ်။ အသားအရေကြည်လင်ရှင်းသန့်လာမယ်၊ အားအင်ပြည့်မှုကိုခံစားရစေမယ်၊ အဆီပိုတွေကိုလည်းလျှော့ချပေးတဲ့အတွက် ဝိတ်ကိုလည်းထိန်းညှိပေးပါလိမ့်မယ်။ အလုပ်သွား၊ အပြင်သွားတဲ့အခါမှာလည်းခဏခဏ ပြန်ဖြည့်ပြီးထည့်သောက်လို့ရတဲ့ ရေဘူးလေးဆောင်ထားတာကလည်း ရေများများသောက်ဖြစ်စေတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒီစာကိုဖတ်နေရင်း သင်လည်းအခုချက်ချင်း ရေတစ်ခွက်လောက်တော့ သောက်လိုက်ဖို့သင့်ပါပြီ။

Drink more water than usual

Instead of your usual soft drinks, do up your daily water intake because the benefits are very high. Your skin will be clearer and you will be more energized. It also helps you in trying to shed some weight. We would advise carrying a small water bottle when you are out or at work. This will reminds you to drink more water. Why not go grab a glass of water now?

လမ်းတွေပိုလျှောက်ပေးပါ

လေ့ကျင့်ခန်းတစ်ခုလုပ်နေတယ်လို့ စိတ်ထဲမသတိမထားမိဘဲ ဒီအတိုင်းပုံမှန်လမ်းလျှောက်ဖြစ်နေတာကလည်း အကောင်းဆုံး ကျန်းမာရေးလေ့ကျင့်ခန်းလေးတစ်ခုပါပဲနော်။ ကိုယ်လမ်းမလျှောက်ဖြစ်ဘူး၊ အထိုင်တွေအရမ်းများနေတယ်ဆိုရင်တော့ ကိုယ့်ဘာသာ သတိပြုမိဖို့ကောင်းပါတယ်။ လမ်းလျှောက်တာက အလွယ်ဆုံးနဲ့ အကောင်းဆုံး ကျန်းမာရေးလိုက်စားနည်းပါ။ တစ်ခါတစ်လေ ကိုယ်သွားရမယ့် အနီးအနားကနေရာတွေကို ကားမယူသွားဘဲ လမ်းလျှောက်ပြီးသွားနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ဘစ်စ်ကားစီးဖြစ်တယ်ဆိုလည်း ကိုယ့်အိမ်ကိုမရောက်ခင် တစ်မှတ်တိုင်စာလောက်ကကြိုဆင်းပြီး အိမ်ကိုလမ်းလျှောက်ပြန်တာမျိုးလုပ်နိုင်ပါတယ်။ လမ်းလျှောက်ခြင်းက ဖြစ်နိုင်ရင် တစ်ပါတ်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ရက်ဆိုပြီးသတ်မှတ်ထားတာထက် နေ့စဉ်ပုံမှန် အနည်းနဲ့အများလျှောက်ပေးတာက အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုအတွက် နည်းလမ်းတစ်ခုပါနော်။

Walk a little more

It might not feel like an exercise but walking daily is great for your health. If you feel like you have been sitting in and not moving around too much, it is time to make a conscious decision to walk more. You can walk to a nearby destination instead of taking a car. Or you can off the bus one stop before your stop and walk instead. It is best to walk daily instead of taking it as an exercise you do two or three times a week.

၅ ကီလိုမီတာပြေးကြည့်ပါ

၅ ကီလိုမီတာပြေးဖို့စတင်ကြိုးစားလိုက်ပါ။ ပြေးခြင်းဟာ ကျန်းမာရေးလိုက်စားသူတွေနဲ့ Gym ကြိုက်သူတွေကြားမှာ အကြိုက်အများဆုံးဖြစ်ပြီးတော့ ကျန်းမာရေးအတွက်အလွယ်နည်းနဲ့ထိရောက်အကောင်းမွန်ဆုံးအားကစားနည်းတစ်ခုလည်းဖြစ်ပါတယ်။ သင်ဟာ ဘယ်လောက်မြန်မြန်ပြေးနိုင်တယ်၊ မပြေးနိုင်ဘူးဆိုတာ ၅ ကီလိုမီတာအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ အပြေးအားကစားကို ဝါသနာပါအောင်လည်းကြိုးစားပြီး စတင်လုပ်ဆောင်သင့်ပါတယ်။ ၅ ကီလိုမီတာက မိုင်နဲ့တွက်မယ်ဆိုရင် ၃ မိုင်ကျော်ရှိပါတယ်။ ကိုယ့်ရဲ့သတ်မှတ်စံချိန်တစ်ခုအတိုင်းအတာနဲ့ စတင်ပြေးမယ့်ကာလမှာတော့ သိပ်အမြန်ကြီးပြေးစရာမလိုအပ်ပါဘူး။ နှေးနှေးလေးနဲ့ပုံမှန်လေးပြေးရင်ကိုရပါတယ်။ ဒါပေမယ့် အချိန်တစ်ခုတော့ သတ်မှတ်ထားတာပိုကောင်းပါလိမ့်မယ်။ ဥပမာ- မိနစ် ၃၀ အတွင်း၊ မိနစ် ၄၀ အတွင်း စသဖြင့်ပေါ့။ ပြီးတော့ ကိုယ်ပြေးနိုင်တဲ့နှုန်းနဲ့ သတ်မှတ်အချိန်တွေကို အမြဲမှတ်သားထားပါ။ ဒီလိုနဲ့တစ်ပါတ်ကို ၂ ကြိမ်လောက် ၅ ကီလိုမီတာကို ပြေးသင့်ပါတယ်။ အကျိုးရလဒ်ဘာတွေရှိမလဲ၊ ခန္ဓာကိုယ်ကျစ်လစ်လာမယ်၊ အမောခံနိုင်လာမယ်၊ အဆီကျလာမယ်၊ စိတ်ဖိစီးမှုလျော့လာမယ်၊ စိတ်တွေကြည်လင်လန်းဆန်းပြီးတက်ကြွလာမယ်။ ဒါကြောင့် ကျန်းမာရေးအထူးကောင်းမွန်စေပြီး လုပ်ဖို့လည်းလွယ်ကူတဲ့ အားကစားနည်းဖြစ်ပါတယ်။

Try running 5 km

Start preparing yourself to run 5 km. Running is a favorite exercise among health buffs and gym-goers. Whether you run faster or not is not crucial in a 5 km run (equivalent to 3 months). You just set an ideal finished time such as 30 or 40 minutes for yourself and start slow and steadily. If you run 5 km 2 times a week, you will become more toned, have more stamina, more energy, and less stress. It’s truly a way to better health.

သစ်သီးတွေကိုများများပိုပြီးစားပေးပါ

အသီးများမျာ းပိုစားပေးတာက ဟင်းသီးဟင်းရွက်များများပိုစားဖို့ရွေးချယ်တာထက်တော့ စိတ်ညစ်စရာကောင်းမှာမဟုတ်ပါဘူး။ ပြီးတော့ အချိုစားချင်စိတ်ပြင်းပြလာတဲ့အခါ သကြားထက်အသီးကို အလွယ်တကူအစားထိုးပြီးစားသုံးဖို့သင့်ပါတယ်။ ဒါကြောင့် သင့်အိမ်က ရေခဲသေတ္တာထဲမှာ သစ်သီးဝယ်ယူထည့်ထားဖို့နဲ့ Blender တော့ အဆင်သင့်ရှိနေဖို့အကြံပြုချင်ပါတယ်။

Eat more fruits

We are sure eating more fruits is a lot more fun than eating more vegetables. You can eat juicy fruits when you are craving for sugar. We recommend a blender and stocking up fruits in your fridge.

Plank လေ့ကျင့်ခန်းပြုလုပ်ပေးပါ

Gym ကစားခြင်းကို နှစ်သက်သူတွေအကြားမှာ ပေါ်ပြူလာအဖြစ်ဆုံးအားကစားနည်းလို့ပြောကြပါတယ်။ Plank ဆိုတာ အားကစားစက်ပစ္စည်းကိရိယာတွေကိုမသုံးဘဲ ခန္ဓာကိုယ်ကြွက်သားတွေကိုအသုံးပြုပြီး လုပ်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ Plank လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်အတွင်း ကြွက်သား၂ခုဖြစ်တဲ့ internal oblique နဲ့ transverse abdominal တို့ကိုသာ ထိရောက်စေတဲ့အတွက် Plank လေ့ကျင့်ခန်းလုပ်ရုံနဲ့ဗယ်လီတွေထွားလာမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဗယ်လီအတွင်း သားနံရံတွေ ကြံ့ခိုင်သန်မာလာပြီး ဝမ်းဗိုက်စူမထွက်လာစေဖို့ကို ထိန်းညှိပေးပါလိမ့်မယ်။ Plank လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အကောင်းဆုံးကတော့ ကိုယ့်ဖုန်းထဲကို Plank app လေးတစ်ခုထည့်သွင်းထားပြီးတော့ လိုက်လုပ်တာက ပိုပြီး နည်းစနစ်ကျစေမှာပါ။

Planking

It is becoming a popular workout in gyms. Planking does not require any equipment but just your own body. It is very effective for your stomach muscles; internal oblique and transverse abdominal. Although you will not immediately achieve six-packs from planking, it strengthens your core and you will have flatter and fitter tummy. The best way to do planking is to install the Plank app on your phone.

စိတ်ထဲမှာရှိနေတဲ့ Fitness Class ကိုတက်ဖို့ကြိုးစားကြည့်ပါ

Zumba ဖြစ်စေ၊ Boxing ဖြစ်စေ အနီးအနားက ယောဂသင်တန်းလေးတစ်ခုဖြစ်ဖြစ်ပေါ့။ အနည်းဆုံးတော့ တစ်ခါလောက် သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Bonus အနေနဲ့ တချို့ Gym တွေ၊ Fitness Class တွေက သင့်ရဲ့ ပထမဦးဆုံး Session ကို အခမဲ့ဖြစ်နိုင်ပါသေးတယ်။

That fitness class you want to try out

Be it Zumba, Boxing or a Yoga class around your area, we suggest you try them out once. As a bonus, most gyms and fitness classes give out the first session for free.

အိပ်ရေးဝအောင်ပိုအိပ်ပါ

ပိုအိပ်ပါဆိုတဲ့အလုပ်က အပြောလွယ်ပေမယ့် ခက်ခဲတဲ့အလုပ်တစ်ခုလို့ဆိုကြပါတယ်။ ကောင်းကောင်းအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အိပ်ရေးဝတဲ့အခါ စိတ်ကကြည်လင်ဆန်းပြီး ကိုယ်ခံအားလည်းအကောင်းမွန်ဆုံးပြည့်ဝနေတာပါ။ အိပ်ခန်းထဲကမီးတွေပိတ်ပြီး ညဘက်မှာ စောစောအိပ်ရာဝင်ဖို့ကြိုးစားသင့်ပါတယ်။ ကျန်းမာတဲ့ဘဝနဲ့ဖြတ်သန်းချင်ရင် သင့်ရဲ့မူလအလေ့အထတွေကိုတော့ ပြောင်းလဲပစ်ဖို့ စွန့်စားရပါမယ်။ အိပ်ရေးဝခြင်းနဲ့ အိပ်ရေးမဝခြင်းရဲ့ အရသာနဲ့အကျိုးကျေးဇူးကို သင်လည်းခံစားဖူးမှာပါ။

Get more sleep

It is easy to say but getting more sleep can be difficult to do. There are many benefits of getting good sleep such as clearer mind and a better immune system. Go to bed early and switch off all the lights in the bedroom. For a healthy life, you might need to change your normal lifestyle if necessary. The lack of sleep can be horrible to all of us who have experienced it.

words by a el ti:

LUSH get fitLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Meal Box Trend For Fit
next post
လူအများစိတ်ဝင်စားမှုကို ခံနေရတဲ့ တကယ့်လူမဟုတ်တဲ့ CG မော်ဒယ်လေး Imma

Recommended

LUSH December 2019 Issue Cover Story BTS

January 27, 2020

Giorgio Armani as the best PR Coverage for...

April 9, 2019

Norway The Land of Beautiful Landscapes

December 29, 2018

LONGCHAMP X POKÉMON COLLECTION

December 2, 2020

Excelsior Enchanted

December 25, 2018

Performance Art

January 11, 2019

High-Protein Vegetables and Peas for Health

April 11, 2019

LUXURY’S STATEMENT OF DESIGNER MINN THET SAEN

May 13, 2019

Htoo Eain Thin: The Legendary Artist

July 1, 2019

Recapturing the memories of 2019

December 13, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem