I can’t help bringing home extra bags, despite of having so many of them already crammed into my closet. As saying goes, “new year, new start”, so it is time to put your old bags behind and get something new for 2019. In order to give you some shopping motivation, we summed up a few fashionista’s picks that will worth your every single penny.
‘’ I LIKE MY MONEY RIGHT WHERE I CAN SEE IT: HANGING IN MY CLOSET” – CARRIE BRADSHAW
Some people say that the obsession of bags as “unhealthy”, but their comments are quickly forgotten when my long awaited dream bag arrives at my doorstep.
The list of top trending, fashionista selections bags will end up on every bag enthusiast’s wish list. In the past three quarters of 2018, we’ve seen some fun twists on old favorites on the runway. For the remaining of 2018 and beginning of 2019, it’s better to shop for something bold and exciting instead. You will find five of the hottest bag trends that we picked to suit your everyday look. We have covered every aspect from casual daily wear to cool night out mini bags. Check out our favorite selections on the best five hottest bags of 2018 before deciding on getting your own special bags.
It is funny how things have changed. I always used to say I disliked Gucci for their monogram print were old fashioned and all of a sudden, their new designer and the re-branding last year caused everyone coveting their pieces and going crazy for “GUCCI”. With their belts, bags and shoes along-side with their hoodies and famous slogan t-shirts, 2017 was a great year for Gucci and 2018 will be just as big.
အိတ်နဲ့ပတ်သက်လာရင် ဘယ်လောက်ပဲ ကိုယ့်မှာပုံနေပါစေ အသစ်၊ အသစ်တွေ ထွက်ပြီဆိုတာနဲ့ မဝယ်ဘဲ မနေနိုင်တဲ့ သူတွေထဲမှာ ကျွန်မကိုယ်တိုင်လည်းပါတာပေါ့။ နှစ်သစ်မှာ အသစ်တွေပဲဖြစ်ရမယ်ဆိုသလိုပဲ ကိုယ့်မှာရှိပြီးသားအိတ်တွေကို ထားခဲ့ပြီးတော့ ၂၀၁၉ မှာပိုပြီး ဒီဇိုင်းဆန်းတဲ့ အိတ်တွေနဲ့အသစ်ဖြစ်အောင်နေလိုက်တာ အကောင်းဆုံးပါ။ ပစ္စည်းစုံစီနဖာထည့်ဖို့ ဖက်ရှင်ချစ်သူတွေ ရွေးချယ်ခဲ့ကြတဲ့ အိတ်လေးတွေအကြောင်းကို တစ်စုတစ်စည်းတည်းပြောပြပေးဖို့ ရွေးထားတယ်ဆိုတော့ဈေးဝယ်ထွက်ဖို့ အကြောင်းရင်းလုံလောက်သွားပြီပေါ့နော်။
“ကျွန်မက ပိုက်ဆံဆိုရင် ကိုယ့်အရှေ့မှာမျက်မြင်တွေ့နေရမှကြိုက်တဲ့သူမျိုးပါ။ အဲ့ဒါကြောင့်မို့လည်း ကျွန်မရဲ့ဗီရိုထဲမှာ အမြဲချိတ်ထားပေါ့”
CARRIE BRADSHAW
တချို့တွေကပြောကြတယ် အိတ်တွေအများကြီးပိုင်ဆိုင်တာက မစဉ်းစားမဆင်ခြင်တတ်တဲ့သူတွေရဲ့ အလေ့အကျင့်လို့ ဆိုပါတယ်။ တကယ်တော့ ဒီလိုဝေဖန်တဲ့သူတွေကိုယ်တိုင် သူတို့အိမ်ရှေ့မှာ အကြာကြီးစောင့်ပြီးရလာတဲ့ ကိုယ်အရမ်းလိုချင်နေတဲ့အိတ်တစ်လုံး ရောက်လာလိုက်ပါလား။ ဒီလိုဝေဖန်မှုကို မေ့သွားကောင်းမေ့သွားမှာပါ။
နောက်ပြီး ဖက်ရှင်ချစ်သူတွေ ရွေးချယ်တဲ့အိတ်တွေဆိုတာ နောက်ဆုံးတော့လည်း နာမည်ကြီး Brand တွေမှာပဲ အဆုံးသတ်သွားကြပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့သုံးပုံတစ်ပုံက ဖက်ရှင်ရှိုးတွေကြည့်လိုက်ရင် ဟိုးအရင်ကဖက်ရှင်တွေကို ပြန်လည်ဆန်းသစ်ထားတဲ့ပုံစံတွေပဲ အမြဲတွေ့ရပါတယ်။ ဒါပေမဲ့ နောက်ကျန်ရှိနေသေးတဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အစပိုင်းမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ထူးခြားမှုလေးတွေ လာမယ်လို့ထင်ပါတယ်။
အခုလောလောဆယ်တော့ နေ့စဉ်သွားသွားလာလာဖက်ရှင်အတွက် ရွေးချယ်ဖြစ်ကြတဲ့ ကမ္ဘာကျော်ဖက်ရှင်အိတ်တွေကို ဆက်ပြီးပြောပြပေးချင်ပါတယ်။ ညဖက် Night Out ထွက်တဲ့သူတွေရဲ့ Mini bag တွေကနေ ပုံမှန်ထသွားထလာ အမြဲလွယ်နိုင်တဲ့ Designer bag လေးတွေအထိ ၂၀၁၈ ခုနှစ်မှာ ဟိုးလေးတကျော်နာမည်ကြီးခဲ့တဲ့ Luxury branded အိတ်လေးတွေကို ဒီလကဏ္ဍအတွက် ရွေးချယ်ပေးထားပါတယ်။
အပြောင်းအလဲများတဲ့ ဒီဖက်ရှင်လောကမှာ ကျွန်မဆိုလို့ရှိရင် Gucci ကို အရင်ကမကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က Gucci ရဲ့ဒီဇိုင်နာအသစ်က Brand တစ်ခုလုံးကို အသစ်ပြန်လည်ပုံဖော်လိုက်တာကစပြီး လူတိုင်းက Gucci မှ Gucci ဖြစ်သွားကြတာပါပဲ။ သူတို့တွေရဲ့ ခါးပတ် ၊ အိတ်နဲ့ ဖိနပ်တွေကအစ T-Shirt တွေ Hoodies တွေအထိ Gucci ကနေရာယူနိုင်တဲ့အထိကို လျမ်းလျမ်းတောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က Gucci ရဲ့အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့နှစ်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိလည်း ဒီအောင်မြင်မှုတွေ ဆက်တိုက် ကြီးမားနေဆဲပါပဲ။
Gucci:
Gucci is trying to “redefine modern luxury fashion” with it’s socially- conscious approach to marketing, innovative digital initiatives and maximalist aesthetic that seems to be “Made for Instagram”. Gucci’s snake graphics and green and red stripes have become highly coveted and fuels Gucci’s online engagement rates. Influencer’s favorite Gucci’s accessories such as their Princeton slipper, designer sneakers and the GG logo belt have struck a chord with the younger affluent generations and have taken social media by storm.
A breakdown of the hottest products of Gucci in 2018: the GG logo belt – an influencer favorites that’s been worn by Alexa Chung, Lou Doillon and Kendall Jenner – was number one.
ခေတ်မီပြီး အဆင့်တန်းမြင့်မားတဲ့ဖက်ရှင်ရဲ့အနှစ်သာရကို အနက်အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုပြလိုက်တဲ့ ကမ္ဘာကျော် Gucci က ဈေးကွက်ထဲမှာတော့ ကျွမ်းကျင်တဲ့ချဉ်းကပ်မှုတွေ ၊ စွန့်ဦးနည်းပညာဖန်တီးမှုတွေနဲ့ Instagram ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုင်နိုင်စွာအသုံးချပြီး ခြေလှမ်းချနိုင်ဖို့ ကြိုးစားနေပါတယ်။ Gucci ရဲ့မြွေပုံစံဂရက်ဖစ်နဲ့ အစိမ်း၊ အနီရောင်လိုင်းလေးတွေက ဖက်ရှင်ချစ်သူတွေကို လိုချင်တပ်မက်စိတ်ပြင်းပြလာအောင်ဆွဲဆောင်သလို အွန်လိုင်းသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုနှုန်းကိုလည်း ပိုမြင့်တက်လာစေပါတယ်။ Influencer တွေရဲ့အနှစ်ဆုံးဖြစ်တဲ့ Princetown ဖိနပ် ၊ Designer Sneaker နဲ့ GG logo ပါတဲ့ ခါးပတ်တွေလို Gucci အသုံးအဆောင်တွေက ငယ်ရွယ်တဲ့မျိုးဆက်သစ်တွေအထိပါ လွမ်းမိုးမှုရရှိခဲ့ပြီး လူမှုကွန်ရက်တွေမှာလည်း အခိုင်အမာနေရာယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ဟော့အဖြစ်ဆုံး Gucci အသုံးအဆောင်ပစ္စည်းတစ်ခုကတော့ GG Logo ပါခါးပတ်ဖြစ်ပြီးတော့ ကမ္ဘာကျော် Influencer တွေဖြစ်တဲ့ Alexa Chung၊ Lou Doillon နဲ့ Kendall Jenner တို့လို နာမည်ကျော်တွေရဲ့ အကြိုက်ဆုံးအသုံးအဆောင်တစ်ခု ဖြစ်ခဲ့ပါတယ်။
Louis Vuitton:
Louis Vuitton’s a brand that could reach out all range of customers and it’s always been in every girl’s list for the first ever luxury branded bag. In the year of 2018, Louis Vuitton has launched the mini hat box has been seen on the arms of the most followed influencers in the world, and now, you can expect any woman worth her weight in Vuitton to follow suit. An ode to the French house’s iconic luggage and inspired by their Monogram hat-box trunks, it’s a timeless bag that exudes vintage glamour. But here’s the winning trick of this mini bag: it actually fits an iPhone 7.
Petite Boite Chapeau crocodile leather bag – $37,00 AUD
အမျိုးသမီးတိုင်းမြတ်နိုးတဲ့ ကမ္ဘာကျော် Luxury branded အိတ်ထဲမှာ ထိပ်ဆုံးမှာအမြဲပါတဲ့ Louis Vuitton ကဆိုရင် လူတန်းစားအားလုံးဆီကို ရောက်ရှိတဲ့ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Louis Vuitton က Mini hat box ပုံစံအိတ်လေးတစ်လုံးကို အိတ်ချစ်သူတွေအတွက် မိတ်ဆက်ပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးက နာမည်ကျော်ဖက်ရှင်ချစ်သူတွေရဲ့အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း အမျိုးသမီးတိုင်းရဲ့အလိုချင်ဆုံးအိတ်ထဲမှာပါနေဆဲ ဒီအိတ်လေးက French house ရဲ့သင်္ကေတ ခရီးဆောင်အိတ်ပုံစံနဲ့ LV တံဆိပ်ပါတဲ့ Hat-box ပုံစံက ဘယ်တော့မှရိုးမသွားတဲ့ စွဲမက်ဖွယ် ကောင်းတဲ့အလှကို ဖန်တီးပေးနိုင်မှာပါ။ ဒါပေမဲ့ ပြောရမယ်ဆိုရင် Louis Vuitton ရဲ့ဒီ Mini hat-box က iPhone တစ်လုံးစာထည့်ထားရုံလောက်ပဲဆန့်တဲ့ Mini bag လေးတစ်လုံးပါပဲ။
Chanel:
Chanel is one of the most valuable luxury brands in the world, with a total brand value of $7 billion. One of the most expensive Chanel items is the “The Chanel “Diamond Forever” Classic Bag, sold at approximately $261,000. Moreover,Chanel owns all women heart with the classic flap 2.55, a must for have in their collection. In 2018, clear PVC was a major trend on the spring runway, heralded in large part by Chanel. Let it all show with this translucent twist on the classic 2.0 bag.
Chanel PVC and Leather Bag, $3,000.USD
ကမ္ဘာ့ဈေးအကြီးဆုံး Luxury brands တွေထဲကတစ်ခုဖြစ်တဲ့ Chanel အမှတ်တံဆိပ်ရဲ့တန်ဖိုးက အခုဆို အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိတောင် ရှိခဲ့ပါပြီ။ Chanel ရဲ့ဈေးအမြင့်မားဆုံးအသုံးအဆောင်တစ်ခုကတော့ “Diamond Forever” လို့ခေါ်တဲ့ Classic Bag လေးဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၂၆၁ဝ၀ဝ အထိ တန်ဖိုးရှိပါတယ်။ ဒါ့အပြင် Chanel ရဲ့ Classic flap 2.55 ကလည်း ဖက်ရှင်ချစ်တဲ့မိန်းကလေးတိုင်းရဲ့ နှလုံးသားကို ပိုင်စိုးခြယ်လှယ်နိုင်တဲ့ Collection လေးတစ်ခု ဖြစ်ပါတယ်။ ဒီ PVC အိတ်တွေကို ၂၀၁၈ ခုနှစ်က နွေဦးဖက်ရှင်ရှိုးမှာ ရှေ့တော်ပြေးအနေနဲ့ Chanel ကထုတ်ပြခဲ့ပါတယ်။ ဖက်ရှင်ရှိုးအားလုံးမှာပြခဲ့တာကတော့ အကြည်ရောင် PVC အသားနဲ့ Classic 2.0 အိတ်တွေပါ။
words by Klzziah M. Myint