LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Fashion PerspectiveLUSH DAILYTRENDS

THE CHANGING OF THE GUARD: HOW NEW CREATIVE VOICES ARE SHAPING PARIS FASHION WEEK SS27

written by Thi October 8, 2026
THE CHANGING OF THE GUARD: HOW NEW CREATIVE VOICES ARE SHAPING PARIS FASHION WEEK SS27

Paris Fashion Week ဟာ နာမည်ကျော် fashion house တွေ၊ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဒီဇိုင်းအမှတ်အသားတွေ၊ creative heritage တွေနဲ့ သတ်မှတ်ခံလာရတဲ့ ဖက်ရှင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Spring/Summer 2027 ရာသီမှာတော့ creative voice အသစ်တွေရဲ့ မျိုးဆက်တစ်ခုက Paris ဖက်ရှင်ရဲ့ အနာဂတ်အမြင်ကို တဖြည်းဖြည်း ပြောင်းလဲပုံဖော်လာနေပါတယ်။

September 28 ကနေ October 6 အထိ ကျင်းပခဲ့တဲ့ Paris Fashion Week SS27 မှာ shows 68 ခုနဲ့ presentations 34 ခု ပါဝင်ခဲ့ပြီး၊ established fashion maisons တွေနဲ့အတူ emerging designers တွေနဲ့ နိုင်ငံတကာက creative voices အသစ်တွေပါ တစ်နေရာတည်းမှာ ပါဝင်လာခဲ့ပါတယ်။ ယခင်ရာသီနဲ့ နှိုင်းယှဉ်ရင် creative director အသစ်တွေရဲ့ major debut အရေအတွက်က နည်းပါးပေမယ့် Courrèges နဲ့ Carven တို့မှာ leadership အသစ်တွေ ဝင်ရောက်လာခြင်းက Paris ဖက်ရှင်ရဲ့ direction ပြောင်းလဲလာမှုကို ထင်ရှားစွာ ပြသနေပါတယ်။

NEW LEADERSHIP, NEW PERSPECTIVES

ဒီရာသီမှာ အထူးစောင့်ကြည့်ခံခဲ့ရတဲ့ အခိုက်အတန့်တွေထဲမှာ Courrèges နဲ့ Carven တို့ရဲ့ debut တွေက အရေးပါခဲ့ပါတယ်။

Courrèges မှာ Drew Henry ဟာ Nicolas Di Felice ရဲ့ ငါးနှစ်ခန့်တာဝန်ယူမှုအပြီး Artistic Director အဖြစ် ပထမဆုံး collection ကို တင်ဆက်ခဲ့ပါတယ်။ Henry ဟာ Courrèges ရဲ့ ရင်းနှီးပြီးသား Space Age minimalism ကို ရိုးရိုးပြန်လည်အသုံးချမယ့်အစား fashion house ရဲ့ archive ထဲကို ပြန်လည်လေ့လာပြီး အစောပိုင်း 1960s ရဲ့ ပိုမိုတောက်ပပြီး playful ဖြစ်တဲ့ဘက်ကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။

သူ့ရဲ့ debut collection မှာ neon yellow, acid green, tangerine, burgundy နဲ့ navy တို့လို အရောင်တွေကို ထင်ရှားစွာ အသုံးပြုခဲ့ပြီး knitwear နဲ့ colour ကို အဓိကထားကာ Courrèges ရဲ့ ရင်းနှီးပြီးသား codes တွေကို ပိုမိုလွတ်လပ်ပြီး ခေတ်ပြိုင်တဲ့ပုံစံနဲ့ ပြန်လည်ဖော်ပြခဲ့ပါတယ်။ Collection မှာ proportion၊ texture၊ shoes နဲ့ bags တွေကိုပါ အသစ်တစ်မျိုးသော energy နဲ့ ပြန်လည်တည်ဆောက်ထားတာကို တွေ့ရပါတယ်။

ကလည်း Kai Nesselrath ကို Design Director အဖြစ် ခန့်အပ်ပြီး SS27 မှာ သူ့ရဲ့ ပထမဆုံး runway collection ကို တင်ဆက်ခဲ့ပါတယ်။ Saint Laurent မှာ nearly a decade အတွေ့အကြုံရရှိခဲ့ပြီး Chanel မှာလည်း အလုပ်လုပ်ခဲ့ဖူးတဲ့ Nesselrath ဟာ Carven ရဲ့ late-1950s နဲ့ early-1960s archive ကို ပြန်လည်လေ့လာပြီး collection ကို တည်ဆောက်ခဲ့ပါတယ်။

သူ့ရဲ့ debut collection မှာ sculptural tailoring၊ rounded shoulders၊ mini skirt-and-jacket ensembles၊ white-and-green stripes နဲ့ striped pyjamas တွေအပြင် workwear-inspired pieces တွေကိုပါ ထည့်သွင်းထားပါတယ်။ Nesselrath ကိုယ်တိုင်ကလည်း collection ကို အစကနေ အားလုံးပြန်စတင်တာမျိုးမဟုတ်ဘဲ Carven ရဲ့ ရှိပြီးသား direction နဲ့ continuity ရှိစေချင်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒီ debut နှစ်ခုစလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိပါတယ်။ Designer အသစ်တွေဟာ heritage ကို museum piece တစ်ခုလို ထိန်းသိမ်းထားရမယ့် အရာတစ်ခုအဖြစ် မမြင်ဘဲ၊ contemporary fashion အတွက် ပြန်လည်အသုံးချနိုင်တဲ့ creative material တစ်ခုအဖြစ် မြင်လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် Courrèges နဲ့ Carven တို့ရဲ့ SS27 debut တွေဟာ fashion house နှစ်ခုရဲ့ designer change တစ်ခုတည်းမဟုတ်ဘဲ Paris ရဲ့ established maisons တွေက သူတို့ရဲ့ heritage codes တွေကို creative voices အသစ်တွေနဲ့ ဘယ်လိုပြန်လည်ဖတ်ရှုနိုင်သလဲဆိုတာကို ပြသတဲ့ အခိုက်အတန့်တွေ ဖြစ်လာပါတယ်။

 

BEYOND THE TRADITIONAL PARIS FASHION NARRATIVE

Paris ဖက်ရှင်ရဲ့ ပြောင်းလဲမှုဟာ major fashion houses တွေအတွင်းမှာပဲ ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ Paris SS27 မှာ designer မျိုးဆက်သစ်တွေနဲ့ နိုင်ငံတကာက creative perspectives တွေလည်း ပိုမိုထင်ရှားလာခဲ့ပါတယ်။

ဒီရာသီမှာ အာရုံစိုက်ခံခဲ့ရတဲ့ နာမည်တွေထဲမှာ 2026 LVMH Prize winner Julie Kegels၊ Central Saint Martins graduate Fidan Novruzova နဲ့ South African label Maxhosa Africa တို့ ပါဝင်ပါတယ်။ Fidan Novruzova ဟာ 2024 LVMH Prize semi-finalist တစ်ဦးဖြစ်ပြီး SS27 မှာ Paris Fashion Week official calendar ပေါ်ကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။ သူမရဲ့ “La Vanité” collection မှာ signature ဖြစ်တဲ့ architectural approach ကို softer fabrics၊ asymmetry နဲ့ playful structures တွေနဲ့ ပိုမိုချဲ့ထွင်ဖော်ပြခဲ့ပါတယ်။

Julie Kegels အတွက်လည်း ဒီရာသီဟာ LVMH Prize ရရှိပြီးနောက် ပထမဆုံး collection ဖြစ်တာကြောင့် အထူးအရေးပါခဲ့ပါတယ်။ သူမက gravity ကို collection ရဲ့ conceptual starting point အဖြစ် အသုံးပြုပြီး falling၊ weight နဲ့ movement တို့ကို elongated proportions၊ draping နဲ့ experimental construction တွေကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်။

 

Maxhosa Africa ကတော့ ဒီရာသီမှာ Paris Fashion Week ရဲ့ official calendar မှာ ပထမဆုံးအကြိမ် full runway show အဖြစ် ပါဝင်လာခဲ့ပါတယ်။ Laduma Ngxokolo တည်ထောင်ထားတဲ့ South African label ဟာ signature knitwear၊ saturated colours နဲ့ cultural references တွေကို အသုံးပြုပြီး African creative perspective ကို Paris runway ပေါ်မှာ ပိုမိုကျယ်ပြန့်တဲ့ global audience ဆီ ရောက်ရှိအောင် ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Torishéju Dumi နဲ့ Marie Adam-Leenaerdt တို့လို independent voices တွေလည်း ဒီရာသီမှာ ဆက်လက်အာရုံစိုက်ခံခဲ့ရပါတယ်။ ဒီလို designer တွေရဲ့ ပါဝင်မှုက Paris Fashion Week ကို established maisons တွေရဲ့ creative direction တွေကိုသာ ကြည့်ရှုရတဲ့နေရာတစ်ခုအဖြစ်မဟုတ်ဘဲ၊ မတူညီတဲ့ cultural backgrounds၊ personal experiences နဲ့ creative languages တွေ ဆုံစည်းနိုင်တဲ့ platform တစ်ခုအဖြစ် ပိုမိုကျယ်ပြန့်လာနေကြောင်း ပြသနေပါတယ်။

 

Maxhosa Africa — SS27

Torishéju Dumi — SS27

Marie Adam-Leenaerdt — SS27

Paris ဟာ heritage luxury ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပေမယ့်၊ ဒီရာသီမှာ မြင်တွေ့ရတဲ့ designer မျိုးဆက်သစ်တွေနဲ့ နိုင်ငံတကာ creative voices တွေက Paris ရဲ့ fashion identity ကို tradition တစ်ခုတည်းအပေါ်မှာ မထားတော့ဘဲ ပိုမိုကျယ်ပြန့်တဲ့ perspectives တွေနဲ့ ပြန်လည်ပုံဖော်လာနေပါတယ်။

HERITAGE IS BEING REINTERPRETED

SS27 မှာ ထင်ရှားလာတဲ့ အဓိကအကြောင်းအရာတစ်ခုက fashion heritage ကို ပယ်ချခြင်းမဟုတ်ဘဲ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။

Courrèges က ဒီအချက်ကို ထင်ရှားစွာပြသတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ Drew Henry ဟာ brand ရဲ့ DNA၊ aesthetic နဲ့ modernist spirit တွေကို ဆက်လက်ထိန်းသိမ်းရင်း သူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ ပြန်လည် decode လုပ်ခဲ့ပါတယ်။ Space Age minimalism ရဲ့ လူသိများတဲ့ဘက်ကိုသာ အဓိကထားမယ့်အစား 1960s အစောပိုင်းကာလရဲ့ ပိုမိုတောက်ပပြီး playful ဖြစ်တဲ့ spirit ကို ရွေးချယ်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Chanel ရဲ့ SS27 collection ကလည်း heritage ကို contemporary perspective နဲ့ ပြန်လည်ဖတ်ရှုနိုင်တဲ့ နောက်ထပ်ဥပမာတစ်ခု ဖြစ်ပါတယ်။ Matthieu Blazy ဟာ Chanel ရဲ့ iconic tweed၊ suit နဲ့ 2.55 bag တို့လို house codes တွေကို ထိန်းသိမ်းထားရင်း sheer fabrics၊ stretch tweed နဲ့ smocking တို့လို contemporary techniques တွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

 

ဒီအချက်က contemporary fashion ရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ direction တစ်ခုကိုလည်း ထင်ဟပ်စေပါတယ်။ ယနေ့ခေတ်မှာ archives တွေဟာ ရိုးရိုးပြန်လည်ကူးယူဖို့အတွက် reference တစ်ခုအဖြစ်သာ မဟုတ်တော့ဘဲ၊ designer တွေအနေနဲ့ brand identity ကို မျိုးဆက်သစ်အတွက် ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပြီး အသစ်တစ်ဖန် တည်ဆောက်ဖို့အတွက် creative starting point တစ်ခုအဖြစ် အသုံးပြုလာကြပါတယ်။

A MORE GLOBAL PARIS, A NEW GENERATION REDEFINING IT

Paris SS27 က ဖက်ရှင်ရဲ့အနာဂတ်ဟာ ပိုမို global ဖြစ်လာနေကြောင်း ပြသခဲ့ပါတယ်။ Official calendar နဲ့ surrounding fashion events တွေမှာ နိုင်ငံနဲ့ဒေသအမျိုးမျိုးက creative voices တွေ ပိုမိုပါဝင်လာခဲ့သလို၊ FHCM ရဲ့ SPHERE showroom လို initiative တွေကလည်း emerging designers တွေအတွက် international visibility နဲ့ development opportunities တွေကို ပံ့ပိုးပေးနေပါတယ်။ ဒီလို expanding ecosystem ကြောင့် Paris fashion ရဲ့ conversation ဟာ ရိုးရာ Parisian institutions တွေအတွင်းမှာသာ မကန့်သတ်တော့ဘဲ မတူညီတဲ့ cultural backgrounds နဲ့ creative perspectives တွေအတွက် ပိုမိုဖွင့်လှစ်လာပါတယ်။

Paris Fashion Week SS27 ရဲ့ အရေးပါမှုဟာ creative director အသစ် ဘယ်နှစ်ယောက်ပါဝင်လာသလဲဆိုတာထက်၊ heritage နဲ့ idea အသစ်တွေ ဘယ်လိုဆက်နွယ်လာသလဲဆိုတာမှာ ပိုမိုထင်ရှားပါတယ်။ Established maisons တွေက Paris fashion ရဲ့ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပေမယ့်၊ creative voices အသစ်တွေက ဒီ heritage ကို မတူညီတဲ့ perspectives တွေနဲ့ ပြန်လည် ပုံဖော် လာကြပါတယ်။

ဒီလိုပြောင်းလဲမှုဟာ ရှိပြီးသား heritage ကို ချန်ထားခဲ့ဖို့မဟုတ်ဘဲ၊ ဘယ်အရာတွေကို ဆက်လက်ယူဆောင်သွားမလဲ၊ အဲဒီအပေါ်မှာ ဘယ်လိုအတွေးအခေါ်အသစ်တွေကို တည်ဆောက်မလဲဆိုတာ စဉ်းစားဖို့ ဖြစ်ပါတယ်။

Fashion WeekLUSH Magazine MyanmarLUSH October 2026LUSHmagazineParis Fashion Week 2026
0
Facebook Twitter Google + Pinterest
Thi

previous post
Waiian: Where Heritage Meets a New Vision

Recommended

Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace...

April 9, 2019

Selpink Collaboration

August 27, 2020

Marvel Phase 4: The Eternals မှာ သရုပ်ဆောင်မယ့် တောင်ကိုးရီးယားမင်းသား...

July 26, 2019

Rihanna just dropped a new single: you better...

June 2, 2020

Lady Gaga stole the show and slayed it...

September 2, 2020

Fashion Vocabulary: Amethyst

February 13, 2020

DISNEY x KITH x CONVERSE

November 19, 2019

How not to be a shallow person

April 4, 2019

Professional Drivers Move to Virtual Tracks

June 12, 2020

Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

February 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem