Hello… Pride Month လေးက မပြီးသေးဘူးနော်။ ဆိုတော့ Pride Month ကိုကျင်းပဖို့ ဒီလကုန်ထိ အချိန်ရသေးတယ်။ စာဖတ်သူတို့က LGBTQIA+ အသိုင်းအဝိုင်းထဲကပဲဖြစ်ဖြစ်၊ LGBTQIA+ ကို support လုပ်ပေးတဲ့ Ally တွေပဲဖြစ်ဖြစ် ဒီဇွန်လကတော့ ကိုယ့်ရဲ့ခံယူချက်ကို အားလုံးသိအောင် ပြောပြဖို့အတွက် အကောင်းဆုံးလလေးပါပဲ။ ပြီးခဲ့တဲ့တပတ်က Pride Month ကို ကျင်းပဖို့ပြင်ဆင်လို့ရတဲ့ makeup look တွေကို မျှဝေပေးခဲ့ပြီးပြီမို့လို့ ဒီတပတ်တော့ Fashion ပိုင်းနဲ့ ကျင်းပလို့ရမယ့်နည်းတွေကို မျှဝေပေးသွားချင်ပါတယ်။
A Sparkling Accessory
အရောင်အများကြီးသုံးရတာမကြိုက်ဘူး၊ neutral color လေးတွေကိုမှ ကြိုက်တယ်၊ Pride Month ကိုလည်း celebrate လုပ်ချင်တယ် ဘာဝတ်ရမှန်းစဉ်းစားမရဘူးဆို accessories လေးတွေကို try ကြည့်စေချင်တယ်။ Pride Month ရဲ့ rainbow color လည်းမပျောက်သွားအောင် ကျောက်ကလေးတွေ၊ စီကွင့်စ်လေးတွေနဲ့ အလှဆင်ထားတာမျိုးလေးတွေပေါ့။
Printed Tee
Pride Month ကိုကိုယ်စားပြုတဲ့ print မျိုးပါတဲ့ Tee လေးတွေကိုလည်း ထည့်စဉ်းစားဖို့မမေ့နဲ့ဦးနော်။ အခုဆို local brand တွေမှာလည်း ဒီလို printed tee လေးတွေကို တွေ့နေရပြီဆိုတော့ ဝယ်ရတာလည်း ပိုအဆင်ပြေ၊ local business ကိုလည်း support ရာရောက်တာပေါ့။
A Studded Gown
ဒီလထဲမှာ ပွဲတက်ဖို့တွေရှိနေတယ်ဆို Pride Flag ထဲက အရောင်တရောင်ထဲကိုပဲ ကိုယ်စားပြုပေးမယ့် ကျောက်တွေနဲ့အလှစီထားတဲ့ dress မျိုးတွေကို ဝတ်ကြည့်စေချင်ပါတယ်။ ဒီလို dress မျိုးနဲ့ဆို ပွဲမှာအလှဆုံးနဲ့တောက်ပနေမှာသေချာတယ်။
Pride Tote Bag
အသုံးအဆောင်တွေထဲက dailywear အတွက်အဆင်ပြေမှာမျိုးလေး ရှာနေတယ်ဆို Pride Month ကို ကိုယ်စားပြုတဲ့ Tote Bag လေးတွေကို စဉ်းစားကြည့်ပါ။
Statement Denim
Casual လေးတွေပဲဝတ်ပြီး Pride Month ကို ကျင်းပချင်ပါတယ်ဆို အများကြီးစဉ်းစားနေစရာမလိုပါဘူး။ Pride Month ကို ကိုယ်စားပြုတဲ့ဟာတခုခုပါတဲ့ Denim ဘောင်းဘီလေးတွေကို try ကြည့်နော်။ Denim pant လေးဝတ်၊ အပေါ်က shirt အဖြူလေးနဲ့ဆို သန့်ပြန့်ပြီး အထာကျနေမှာအသေအချာပါပဲ။
Pajama
အိမ်မှာနေရင်းလည်း Pride Month ကို celebrate လုပ်လို့ရတယ်နော်။ Pajama ကို rainbow အရောင်လေးတွေပါတာမျိုး လှလှလေးတွေဝတ်ပြီး ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့ celebrate လုပ်ကြည့်ကြပါဦး။
Platform Pride
တနေ့လုံးလျှောက်သွားရမယ့်နေ့တွေမျိုးဆို သက်သောင့်သက်သာနဲ့ စီးလို့ကောင်းတဲ့ ဖိနပ်မျိုးစီးချင်တယ်။ Pride Month ကိုလည်း တနည်းနည်းနဲ့ကိုယ်စားပြုနေတာမျိုးလည်းဖြစ်ချင်တယ်ဆို Converse Run Star Motion ထဲက Converse Pride Run Star Motion Hi platform trainers မျိုးတွေရှိပါတယ်။ ဒါလေးဆို အရမ်းအထာကျလို့ အခုလို Pride Month လမှမဟုတ်၊ အမြဲစီးဖို့လည်း အရမ်းအဆင်ပြေတယ်။