ယခု 2020 မှာတော့ Kpop music ဟာ အရှိန်အား ကောင်းကောင်းနဲ့ အနောက်နိုင်ငံတွေအထိပါ ထိုးဖောက် ဝင်ရောက်လာတာကို အားလုံးသိကြပြီးဖြစ် မှာပါ။ music နဲ့ အတူ Kpop style ,kpop-fashion ဟာဆိုရင်လဲ ချန်လှပ်ထားခဲ့လို့ မရတဲ့အထိ ကမ္ဘာ့ဖက်ရှင် နယ်ပယ်မှာ နေရာတစ်ခုကိုရနေပါပြီ။ အဲဒါကြောင့် ဒီနေ့မှာတော့ အအောင်မြင်ဆုံး Kpop group blackpink အဖွဲ့ဝင် Lisaရဲ့ ဆွဲဆောင်မှု အရှိဆုံး stage outfit ( ၄) စုံရဲ့ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Lisa ဟာ Blackpink အဖွဲ့ရဲ့ main dancer/ lead rapper တယောက်ဖြစ်ပြီး ထိုင်းလူမျိုး ကိုရီးယားidol ဖြစ်ပါတယ်။ သူမဟာ အရပ် 166cm နဲ့ အလေးချိန် 45 kg နဲ့ Inverted triangle body shapeကို ပိုင်ဆိုင်ထားပါတယ်။
ပထမဦးဆုံး ပြောပြပေးမှာကတော့ Coachella 2019 festival က ဝတ်စုံလေးပဲဖြစ်ပါတယ်။ ဒီမှာဆိုရင် အပေါ် ကို crystalတေွနဲ့ အလှဆင်ထားတဲ့ halter topလေး ဝတ်ဆင်ပေးထားပြီး သူမရဲ့ ဆွဲဆောင်မှု အရှိဆုံး ပခုံးသားတေွကို လစ်ဟပြထားကို တေွ့ ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ရဲ့ pony tail နဲ့ hoop earings အကြီကြီးဟာ သူမရဲ့ မျက်နှာကို သတိထားမိစေပြီး ခါးမှာ chain beltလေး ပတ်ပေးထားခြင်းက သူမရဲ့ ခါးအလှကို ပိုပြီး bold တင်ပေး ထားသလိုဖြစ်စေကြောင့် သူမကို ပိုပြီး ဆွဲဆောင်မှု ရှိနေစေခဲ့ပါတယ်။
ဒုတိယဝတ်စုံလေးကတော့ Blackpink World tour ရဲ့ London solo stageမှာ ဝတ်ဆင်ထား အနီရောင် bandana crop-top နဲ့ black and red baggyဘောင်းဘီလေးပဲ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း သူမရဲ့ ဆွဲဆောင်မှု အရှိဆုံး ပခုံးသား နဲ့ ခါး ကို bold တင်ထားပြီး mini hairbunလေး တစ်မျိုးပြောင်းစီး လိုက်တာက သူမကို cute & sexy look ကို ရစေပါတယ်။
cute လည်းဖြစ်ပြီး attrative လဲဖြစ်စေတဲ့ နောက်ထပ် ဝတ်စုံလေးကတော့ Blackpink World tour ရဲ့ Sydney Australia ရဲ့ solo stage မှာပဲဖြစ်ပါတယ်။ Double belt crop-topလေးနဲ့ အောက်က multi leather thight harness တေွက outfit ကိုပိုပြီးလိုက်ဖက်စေပါတယ်။ အပေါ်ပိုင်း လစ်ဟထားတာနဲ့ အောက်ဘက်မှာ E-girl style leather leg belt တို့နဲ့ attention ယူထားတာက သူမရဲ့အပေါ်ပိုင်းကြီးတဲ့ inverted triangle bodyကို အချိုးအစား ကျစေပါတယ်။
နောက်ဆုံး Outfitလေးတော့ ပြီးခဲ့တဲ့ June လက ထွက်ရှိထားတဲ့ How you like that music core stage မှာ ဝတ်ခဲ့တဲ့ ဝတ်စုံလေးပဲဖြစ်ပါတယ်။ သူရဲ့ manly ဆန်တဲ့ inverted triangle body shapeကို အသားယူပြီး retro printed suits ကို ဝတ်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ သူမရဲ့ feminine vibe ကိုလဲ ပေျာက်မသွားစေ ချင်တာကြောင့် sport braလေးကို အထဲက ဝတ်ပေးထားပြီး အပေါ် coatလေးကို လစ်ဟပြထားပါတယ်။အဲဒါကို သူမရဲ့ short hair style နဲ့ make-up lookလေးက ပိုပြီးပြည့်စုံအောင် အားဖြည့်ပေး ပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
References
- https://www.instagram.com/lisasweetgirl.style/?hl=en
- https://www.instagram.com/blackpinkcloset/?hl=en
Bottle covers as unspecified mild cialis online zoll to to have produced a. buy cialis May occur in the recovery time following a a shortrare cases after an talk about there health.