ဒီနှစ်ရဲ့ MTV VMAs က လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာကျင်းပသွားမှာပါ။ ဖျော်ဖြေသွားမယ့်ထဲမှာ Lady Gaga လည်း ပါ၀င်ပါတယ်။ ဒါဟာ Gaga ရဲ့ MTV VMAs မှာ ၂၀၁၃ ခုနှစ်က ဖျော်ဖြေတာပြီးကတည်းက ပထမဆုံးပြန်ဖျော်ဖြေတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို သြဂုတ်လ ၁၃ ရက်နေ့မှာ Lady Gaga က သူ့ရဲ့ social media တွေပေါ်မှာတင်ပြီး ကြေညာခဲ့တာပါ။ Lady Gaga ရဲ့ Chromatica album ထဲက သီချင်းတွေကို live performance အနေနဲ့ ကြည့်ရမှာဆိုတော့ တော်တော်ကို ကြည့်လို့ကောင်းမှာပါ။ ဖျော်ဖြေမယ့်ထဲမှာ Lady Gaga အပြင် The Weeknd, Maluma, Roddy Ricch, CNCO, BTS, Doja Cat နဲ့ J Balvin တို့လည်း ပါမှာပါ။ host အနေနဲ့ကတော့ Keke Palmer က ပါ၀င်သွားမှာပါ။
အစက Barclays Center မှာ ကျင်းပဖို့စီစဥ်ထားတဲ့ 2020 MTV VMAs ပွဲက အခု Covid19 ကြောင့် public event အနေနဲ့မလုပ်ဖြစ်တော့ဘဲ နယူးယောက်မြို့အနှံ့ကို ပတ်ပြီး outdoor performance တွေကို စည်းကမ်းချက်တွေနဲ့အညီ ပရိတ်သတ်အရေအတွက် ကန့်သတ်တာမျိုး ဒါမှမဟုတ် ပရိတ်သတ်လုံး၀မပါတာမျိုးဖြစ်ဖြစ် စီစဥ်ပြီး ဖျော်ဖြေကျင်းပသွားမယ်လို့ သိရပါတယ်။ အကြောင်းကတော့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ချက်တွေအရ indoor event ထက် outdoor မှာ ပရိတ်သတ်အရေအတွက်ကန့်သတ်ပြီး ဒါမှမဟုတ် ပရိတ်သတ်လုံး၀မပါဘဲလုပ်တာက ပိုပြီး အန္တရာယ်ကင်းပြီး ဖြစ်နိုင်ချေပိုရှိတာကြောင့်လို့ ဆိုပါတယ်။
အခု Voting လည်းဖွင့်ထားတာမို့လို့ ကိုယ်ကြိုက်တဲ့အဆိုတော်ကို MTV website မှာ သွားပြီး vote ပေးလို့ရပါပြီ။