၂၀၁၉ ရဲ့ Oscars ဆုပေးပွဲကတော့ ခမ်းနားတောက်ပမှုတွေ အပြည့်နဲ့ပါ။ ပွဲတက်ရောက်လာတဲ့ ငွေကြယ်ပွင့်တို့ကလည်း တောက်ပမှုတွေ၊ ခမ်းနားထည်ဝါမှုတွေနဲ့အတူ တစ်ဦးချင်းရဲ့ လှပမှုတွေကို သယ်ဆောင်လာခဲ့ကြတာကိုး။ အထူးသဖြင့် Glamorous ဖြစ်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့အတူ တစ်ဦးနဲ့တစ်ဦး အလှချင်း ပြိုင်နေလို့ ငေးကြည့်ရတာ လက်မလည်လောက်အောင်ပါပဲ။ ငွေကြယ်ပွင့်တို့ ဘယ်လို မိတ်ကပ်ပြင်ဆင်မှုတွေနဲ့ ပွဲတက်လာလဲဆိုတာ သိရအောင် သူတို့ရဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Editor : Su Yi Htet