Met Gala ပွဲလို့ဆိုလိုက်တာနဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် ဖက်ရှင်ပွဲကြီးကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပြေးမြင်မိကြမှာပါ။ Costume Institute Gala လို့လည်း လူသိများပြီး နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမဦးဆုံး တနင်္လာနေ့မှာ ကျင်းပလေ့ရှိတဲ့ Met Gala ပွဲကို နာမည်ကျော် ဆယ်လီဘရစ်တီတွေနဲ့ ဖက်ရှင်အသိုင်းအ၀ိုင်းကနာမည်ကျော်တွေ တက်ရောက်ကြပါတယ်။
ဒီနှစ် 2019 Met Gala ပွဲကို မေလ ခြောက်ရက်နေ့မှာ ဒေသစံတော်ချိန် ည ၇ နာရီကနေ ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ နေရာကတော့ Met Gala ပွဲ အမြဲ ကျင်းပနေကျ နေရာဖြစ်တဲ့ New York က Metropolitan Museum of Art မှာ ဖြစ်ပြီးတော့ Cocktail Hour ၊ညစာမစားခင်
ကော်ဇောနီတစ်လျှောက်က ပြပွဲကို လေ့လာတာတွေနဲ့အတူ ညနေခင်းအတွက် ဖျော်ဖြေတင်ဆက်မှုတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
Theme တစ်ခုနဲ့ အမြဲကျင်းပလေ့ရှိတဲ့ Met Gala ရဲ့ 2019 Theme ကတော့ “Camp :Notes on Fashion” ပါ။ ဒီနေရာမှာ Tent တွေနဲ့ အိပ်စက်ရတဲ့ “Camp” ကို မဟုတ်ဘဲ “Camp” ဆိုတဲ့ စကားလုံးဟာ ဖက်ရှင်မှာ Exaggerated ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒီ Theme ကိုတော့ Susan Sontag ရဲ့ 1964 Essay Notes on “Camp” ကနေ Inspired လုပ်ထားတယ်လို့ သိရပါတယ်။Camp Fashion ဟာဆိုရင် လူပြောစမှတ်ဖြစ်တယ်၊ ထင်ရှားမာကျောသလို သူ့ရဲ့ သဘာဝမှာကို ရိုးရှင်းစွာနဲ့ ပြင်းထန်ရှုပ်ထွေးပြီး ဆန်းဆန်းပြားပြားရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနှစ် Met Gala မှာ Lady Gaga နဲ့ Harry Styles တို့က Co-Host တွေ အနေနဲ့ ပါဝင်ခဲ့ပြီးတော့ ပွဲတစ်ခုလုံးကို
Gucci က Sponsor ပေးထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် Gucci ရဲ့ Creative Director ဖြစ်တဲ့ Alessandro Michele နဲ့ တင်းနစ်ချန်ပီယံနာမည်ကျော်တစ်ယောက်ဖြစ်တဲ့ Serena Williams တို့လည်း ပါဝင်ခဲ့ပါသေးတယ်။
“Camp” Theme နဲ့အတူ 2019 Met Gala ပွဲကြီးမှာ ဘယ်သူတွေ အမိုက်စား အဆန်းအပြားဖြစ်နေလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ရအောင်လား။
Lady Gaga
Janelle Monae
Zendaya
Harry Styles
Kylie Jenner and Kendall Jenner
Cardi B
Katy Perry
Celine Dion
Laverne Cox
Yara Shahidi
Cara Delevigne
Kerry Washington
Jared Leto
Nicki Minaj
Saoirse Ronan
Sara Sampaio
Emily Blunt
Kacey Musgraves
Zoe Kravitz
Priyanka Chopra and Nick Jonas
Tom Ford and Gemma Chan
Jennifer Lopez
Lily-Rose Deep
Ciara
Clare Waight Keller and Gal Gadot
Kanye and Kim Kardashian
Emma Roberts
Dua Lipa
Bella Hadid and Jeremy Scott
Charlie XCX
Rosie Huntington-Whitely