Fenty Beauty အနေနဲ့ beauty products တော်တော်များများကို ထုတ်လုပ်လာခဲ့တာ ၂ နှစ်ဝန်းကျင်ရှိပါပြီ။ အခုလည်း Mascara နဲ့ Pencil Eyeliner တို့ကို ထုတ်လုပ်တော့မှာဆိုတော့ Fenty Beauty ပရိတ်သတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။
Pencil Eyeliner ကို Flypencil လို့နာမည်ပေးထားပြီး long-wearing လည်းဖြစ်သလို matte, metallic, shimmer နဲ့ glitter finish တွေပါဝင်ပြီး အရောင် ၂၀ တောင်ထွက်ရှိသွားမှာပါ။ water-resistant, smudge-free formula တွေပါဝင်ပြီး ဈေးနှုန်းအနေနဲ့ကတော့ တစ်ချောင်းကို $22 USD ဝန်းကျင်ရှိပြီး Sephora နဲ့ Fenty Beauty website တွေမှာဝယ်လို့ရနေပါပြီ။
နောက် product အသစ်တစ်ခုကတော့ Full Frontal Mascara လို့နာမည်ပေးထားတဲ့ Mascara ပါ။ မျက်တောင်ထူထူထဲထဲနဲ့ ရှည်လျားပြီး ကော့စေတယ်။ lightweight ဖြစ်ပြီး ultra-black formula လည်းပါဝင်သလို “flat-to-flat brush” ဒီဇိုင်းနဲ့ပြုလုပ်ထားတယ်လို့ပြောပါတယ်။ Water-resistant လည်းဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ $24 USD ဝန်းကျင်ပါ။ သူ့ကိုလည်း Sephora နဲ့ Fenty Beauty website တွေမှာဝယ်ယူလို့ရနေပါပြီ။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #FentyBeauty #Flypencil #FullFrontalMascara #Rihanna