LUSH CREATOR April 2019 – Artist Moe Nyo’s Journey in Art
CREATOR – Artist Moe Nyo’s Journey in Art
Words by Aung Lynn Thit
English translated by Oakkar Thin Victor Summers
Photographed by Aung Myo Thant (Now Studio)
#LUSHmagazineMyanmar #LUSHitRight #LUSHcreator
မြန်မာနိုင်ငံက ဂုဏ်ယူဖွယ်ကြီးမြတ်တဲ့အနုပညာရှင်တွေအကြောင်းပြောကြရတဲ့အခါမှာ ပန်းချီအနုပညာသမား တွေကို ထိပ်ဆုံးမှာထားပြီးပြောရမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြီး အနုပညာအရာမှာ ရင်ကော့ခေါင်းမော့ နိုင်တာကလည်း ပန်းချီပါပဲ။ ပန်းချီသမားတွေရဲ့ အနုပညာလုပ်အားနဲ့ မြန်မာ့ပန်းချီလောကကလည်း ကမ္ဘာမှာ မျက်နှာလန်းပွင့်နေနိုင်တာပါပဲ။ ဒါဆိုရင် မြန်မာပြည်က ကမ္ဘာသိပန်းချီဆရာတွေများမှာပေါ့လို့ ထင်နိုင်ပါတယ်။ များသလားဆိုရင်တော့ များပါတယ်။ မနည်းဘူးလားဆိုရင်လည်း နည်းပါတယ်ဆိုတဲ့အဖြေကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒီ့ထက်ပိုတာတစ်ခုကတော့ ဆယ်စုနှစ်တစ်ခုချင်းစီတိုင်းမှာ ပြောင်မြောက်တဲ့ ပန်းချီသမားတွေ ရှိနေတာက ကျွန်တော်တို့နိုင်ငံရဲ့ဆုလဒ်တွေပါပဲ။
When we talk about the greatest artists, we have to put the painting artists on the top of the list. The art of painting itself is an impressive work as the whole world, and thanks to the works of painting artists, Myanmar Painting Society is still recognized by the world. Then, it can be said that there are many world-known artists in the country. Well, it may be true but it is also only a few numbers of artists too. Moreover, it is the gift that we have many masterly artists in every decade.
ယခုတစ်လ ကျွန်တော်တို့ရဲ့ Creator စာမျက်နှာပေါ်မှာ တွေ့ရမယ့်သူကတော့ ပန်းချီဆရာမိုးညိုပါ။ မြန်မာ ပြည်က ထိပ်တန်း watercolor ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ watercolor နဲ့ပတ်သက်ရင် မိုးညိုနာမည် ကတော့ မှတ်ကျောက်တင်ပြီးသားဖြစ်ပါတယ်။ သူရေးတဲ့ ရေးဆေးတွေဆိုတာကလည်း ထာဝရမပျက်တော့မယ့် ပန်းချီကားတွေပါပဲ။
Our Creator section of the month, you will be introduced to the artist Moe Nyo, whose name was already put to record, is a top-ranked watercolor artist of the country. His masterpieces can be visible forever.
ဆရာမိုးညိုကို ၁၉၇၆ ခုနှစ် ပွင့်ဖြူမြို့နယ်မှာ ကျောင်းဆရာဇနီးမောင်နှံဖြစ်တဲ့ ဆရာကြီးဦးလှမိုး၊ ဆရာမကြီး ဒေါ်ခင်ညိုညိုတို့က ဖွားမြင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံကျော်၊ ကမ္ဘာသိပန်းချီဆရာတစ်ယောက်ဖြစ်လာ ပေမယ့် ဒီအိပ်မက်ဟာ ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ ဆရာမိုးညိုရဲ့အိပ်မက်တော့မဟုတ်ပါဘူး။ ဒါဆို ဆရာမိုးညိုရဲ့ ငယ်ဘ၀အိပ်မက်ကရော ဘာလဲ။ ဒါလည်း သူ့မှာ ရေရေရာရာကြီးတော့မရှိခဲ့ပါဘူး။ ကြီးလာရင် တပ်ထဲဝင်မယ်၊ စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတော့ရှိခဲ့ပါတယ်။ အဲဒါဟာ သူ့ရဲ့တကယ်ချစ်မြတ်နိုးရာ၊ ယုံကြည်ရာအိပ်မက်အစစ်အမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ လူငယ်တစ်ယောက်ရဲ့ ဒီအတိုင်းပဲ ဖြစ်ချင်ရုံသက်သက်ပဲဖြစ်ပါတယ်။ နယ်မှာမွေးဖွားသူတွေရဲ့ ခံစားခွင့်မရတဲ့အခွင့်အရေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ နယ်က ကလေးတစ်ယောက်ရဲ့ဘ၀မှာ စံပြအတုယူစရာအရေအတွက်တွေ ရှားပါးလွန်းလှပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ယနေ့အထိ အခြေအနေတစ်ခုပါ။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းတစ်ခုကို ပြသတဲ့လက္ခဏာတစ်ရပ်ဆိုရင်လည်းမမှားပါဘူး။ ထားပါတော့လေ။ ဆရာမိုးညိုမှာ မွေးရာပါ ကံကောင်းထောက်မစွာရရှိထားတာကတော့ ဖခင်၊ မိခင်ရဲ့ဗီဇအပြည့်ပါလာတာပါပဲ။ ဆရာမိုးညိုရဲ့အမေဟာ ကျောင်းသူဘ၀တုန်းကရော၊ ဆရာဖြစ်တက္ကသိုလ်တက်တဲ့အထိရော ပန်းချီကို အထူးပြုသင်ယူခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဆရာမိုးညိုဟာ ငယ်စဉ်က ပန်းချီသမားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေ မရှိခဲ့ပေမယ့်ရယ်လို့ ကလေးဘ၀ကတည်းက ပန်းချီတွေဆွဲနေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆရာမိုးညို ကတော့ ဒါဟာ သူ့အမေဆီက အမွေအပြည့်ရထားတဲ့ဗီဇပါပဲလို့ယုံကြည်ကြောင်းပြောပါတယ်။ “အနုပညာ ဗီဇကတော့ အမေ့ဆီက ပါတယ်လို့ပဲပြောရမယ်။ သူတို့တုန်းက ပညာရေးစနစ်မှာ ပန်းချီတို့ကို အထူးပြုယူရတယ်လို့ပြောတယ်။ ဆယ်တန်းအထိအမေတို့က ပန်းချီကိုတောက်လျှောက်ယူခဲ့တာ။ B.Ed သင်တန်း ရန်ကုန်ပညာရေးတက္ကသိုလ်မှာတက်တဲ့အခါကျတော့ ဆရာကြီးဦးဘကြည်နဲ့ဆက်ပြီးသင်ရတယ်ပေါ့။ ဆရာကြီးဦးဘကြည်ကရန်ကုန်ပညာရေးတက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီမှာလည်း ဆရာကြီးတပည့်ခံရင်း အမေက ပန်းချီကိုပဲဆက်ယူဖြစ်တယ်။ ဒါ့ကြောင့် ဒီဗီဇကလေးဟာ အမေ့ဆီက ရတာလို့ထင်ပါတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် အနုပညာနဲ့ပတ်သက်ပြီးလုပ်ခဲ့တာကတော့ ပန်းချီပေါ့။ အမေက ခရိုင်အဆင့်တွေအထိ ဆုတွေရခဲ့ဖူးတာ။ အမေက ပန်းချီဝါသနာပါတယ်၊ ပန်းချီလည်း သင်ခဲ့ရတာဖြစ်တဲ့အတွက် အမေ့သေတ္တာထဲမှာ ဆေးဗူးတွေရှိတယ်။ အမေက မြတ်နိုးတယ်။ ငယ်ငယ်တုန်းက ကျွန်တော်တို့က အမေ့ပန်းချီဆေးတွေကိုအရမ်းဆော့ချင်တာ။ အမေက မပေးဘူး။ ငယ်ငယ်ကတည်းက ပန်းချီရေးနေရင် အမေကလည်း နည်းနည်းသင်ပေးတာတွေရှိတယ်။ အလယ်တန်းအဆင့်လောက်မှာဆိုရင် ကျောင်းက ပန်းချီဆေးတွေထုတ်ပေးတယ်။ မူးယစ်ဆေးဝါးဆန့်ကျင်ရေးပန်းချီပြိုင်ပွဲတို့၊ ဇာတိသွေး ဇာတိမာန်ပြိုင်ပွဲတို့ဆိုရင် ကျွန်တော်ဆုရဖူးတယ်။ ဆယ်တန်းအောင်ပြီး ကျွန်တော် ဒီမှာ တက္ကသိုလ် ၀င်ခွင့်အင်တာဗျူးဖြေတော့ အဲဒါလေးတွေယူလာသေးတယ်။ အဲဒါတွေကြောင့် ၀င်ခွင့်ရခဲ့တာထင်ပါတယ်။” ဆရာမိုးညိုက သူ့ငယ်ဘ၀နဲ့ ပန်းချီဆက်နွယ်နေပုံ၊ သူ့အမေဆီက ဗီဇပါလာပုံကို အခုလိုပဲ အားရပါးရ ပြောပြပါတယ်။
Sayar Moe Nyo was born in Pwint Phyu Township in 1976 and his parents are both teachers, Sayar Gyee U Hla Moe, and Sayar Ma Gyee Daw Khin Nyo Nyo. Although he is now a well-known artist, not only in Myanmar and also abroad, his actual dream was not to be a painting artist. Then, what was his dream? It was vague too. He dreamed of joining the army to be a military officer. But, he wasn’t also sure if his dream was his passion. He just wanted to be one as a young man. Children from rural areas have very scarce role models. It is still a bad situation in the country so far. It is also a sign that shows the country’s development. Let’s continue. Luckily, Sayar Moe Nyo has got an inborn talent, which inherited, from his parents. His mother specialized the art of painting since she was a high school student to university student. Even though he didn’t dream of being an artist, he has drawn many pictures. “I am sure I got the talent of painting inherited from my mother,” he said “she needed to specialize the art according to the education system that time. Until high school, she had to take the subject. When attending BED, she had to study the art from Sayar Gyee U Ba Kyi, when he was serving at the University of Education. So, I believe I got it from my mother.” He continued, “When I was young, the art of painting is the only art I did. My mom has got high prizes until district levels. She is so into it. So, she kept the paints in her chest. I wanted to play with the paints but she never let me do. She guided me with my drawings. When I was a middle school student, our school gave me some paints to be in the painting contests. I won some prizes in “Say no to drugs” painting contests and other patriotism based painting contests. After being a high school graduate, I took the interview for my university. I brought my paints until then”. He was so keen talking about his early life, his art, and his mother’s gene.
အသားညိုညို၊ ပြည့်ပြည့်။ သူက ပန်းချီမိုးညို။ ရေးဆေးပန်းချီကျော် မိုးညိုပေါ့။ မျက်နှာကလည်း ရွှင်လိုက်တာမှ လွန်ရောဗျာ။ ဆရာ့မျက်နှာပေါက်က မင်းသားလိုခန့်တဲ့ချောတဲ့ ဥပဓိမျိုးလည်းမဟုတ်။ သို့ပေမယ့် သဘာဝအမွေအနှစ်လို ဆရာ့မျက်နှာဟာ တန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေ၊ ချစ်ခင်စရာတွေနဲ့ ပြည့်နေသလိုမျိုး။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို ဆရာက အပြည့်ရထားတဲ့ပုံမျိုး။ အဲဒီလို ဆရာ့မျက်နှာက။
Plump body, brownish hue complexion, and a merry man he is. He is not handsome as a movie star, but full of values, compassion and he’s got a face that everyone who sees will be pleased.
ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်စတင်ဖွင့်ခါစကာလမှာ ဆရာမိုးညို ဆယ်တန်းအောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာမိုးညိုရဲ့အစ်မဖြစ်သူက ရန်ကုန်မှာ အီကိုနဲ့ကျောင်းတက်နေတာပါ။ ဆရာမိုးညိုကတော့ ဆယ်တန်းကို ဇာတိမြေဖြစ်တဲ့ ပွင့်ဖြူမြို့နယ်ကနေပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အစ်မဖြစ်သူတို့ရဲ့ အကြံပေးမှု၊ မိခင်ဖြစ်သူရဲ့ဆန္ဒနဲ့ အနုပညာတက္ကသိုလ်ကို လျှောက်လွှာတင်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာက အခုလိုပြောပြပါတယ်။ “ဆယ်တန်းပြီးတော့ ကျောင်းဆက်တက်ဖို့လုပ်တဲ့အထဲမှာ ဒီယဉ်ကျေးမှုတက္ကသိုလ်က ပါကိုမပါဘူး။ ကိုယ့်မှာအားကျစရာဆိုတာ ဘာမှထွေထွေထူးထူးမရှိဘူး။ မရှိတဲ့အခါကျတော့ ဘာလုပ်မလဲဆိုတော့ ဆယ်တန်းအောင်ပြီးရင် တပ်ထဲဝင်မယ်ဆိုတာပဲ။ DSA လျှောက်မယ်၊ စစ်ဗိုလ်လုပ်မယ်ဆိုတာလောက်ပဲရှိတာ။ အဲဒီတုန်းက အစ်မက ရန်ကုန်မှာ အီကိုတက်နေတယ်။ ဒီအနုပညာနဲ့ယဉ်ကျေးမှုတက္ကသိုလ်ကလည်း ဖွင့်နေတာကို အမေတို့၊ အစ်မတို့ကသိတယ်။ သူတို့နဲ့တိုင်ပင် ပြီးတော့ လျှောက်လွှာတင်တယ်။ ဖောင်တွေလျှောက်လွှာတွေကိုလည်း အစ်မကနေပဲတင်ပေးလိုက်တာ။ အင်တာဗျူးဖြေရတော့မယ်ဆိုတော့မှပဲ ရန်ကုန်ကို ကျွန်တော်ကလာရတာပေါ့။” ဆရာ့စကားသံပါ။
He passed his matrix exam by the time the University of Culture was opened. At that time, his sister was studying economics. He passed his matrix in his native Pwint Phyu. And he applied for the University of Culture according to his mother’s wish and his sister’s advice. He said, “the University of Culture was never on the list of choosing the school. There was nothing to emulate for me. Then, all I had to choose is joining the army, apply for DSA and be an officer. My sister was in Yangon studying economics. She and mother knew that the University of Arts and Culture had opened. I discussed with them and submitted the application there. My sister helped me submitting the applications. I only needed to come to Yangon for the interview.
နိုင်ငံကျော် ရေဆေးပန်းချီဆရာတစ်ယောက်ဟာ ဟိုးတစ်ချိန်တုန်းကတော့ ကမ္ဘာကျော် ပန်းချီဆရာတွေ၊ နိုင်ငံကျော်ပန်းချီဆရာတွေ တစ်စုံတစ်ယောက်ကိုမှ မသိခဲ့ပါဘူး။ ငယ်စဉ်ကတည်းက မိမိစိတ်ကွန့်မြူးရာ ၀ါသနာအရ ပန်းချီဆွဲတယ်။ ဒါပေမယ့် ပန်းချီဆရာဖြစ်ဖို့မရည်ရွယ်ခဲ့သူ။ သူသိတဲ့ တစ်ယောက်တည်းသော ပန်းချီဆရာက ကိုသိန်းစိုးပဲ။ ကိုသိန်းစိုးက ပွင့်ဖြူမြို့နယ်မှာ ဆိုင်းဘုတ်တို့လို၊ Commercial ပန်းချီတွေ ရေးတယ်။ “ကျွန်တော်ယဉ်ကျေးမှုတက္ကသိုလ်ကိုရောက်တဲ့အချိန်မှာ ပန်းချီက ဘာမှန်းရေရေ ရာရာတောင်မသိခဲ့ဘူး။ မြန်မာပြည်မှာ ဘယ်ပန်းချီဆရာက နာမည်ကြီးတယ်။ ဘယ်ပန်းချီဆရာက ဘယ်လိုကားမျိုးဆွဲတယ်ဆိုတာလည်း ကိုယ်ကမသိဘူး။ ကိုယ်သိတာက ကိုယ့်မြို့မှာ ကိုသိန်းစိုးဆိုတဲ့ ဆိုင်းဘုတ်ဆွဲတဲ့သူကိုပဲ ပန်းချီဆရာ လို့ထင်တာ။ ဒီမှာအင်တာဗျူးလာဖြေတော့ ဘယ်ပန်းချီဆရာတွေ သိလဲဆိုတော့ ကိုယ်က ကိုသိန်းစိုး သိတယ်လို့ဖြေခဲ့တာ” ဆရာမိုးညိုက ရိုးသားပွင့်လင်းစွာနဲ့ ပြောပြပါတယ်။
ဆရာမိုးညို တက္ကသိုလ်စတက်တော့ အခက်အခဲတွေအတော်များပါတယ်။ အဓိကက မြန်မာ့ပန်းချီလောကအကြောင်း၊ ကမ္ဘာ့ပန်းချီလောကအကြောင်းကောင်းကောင်းမသိသေးတာကြောင့်ပါပဲ။ ဒါကြောင့် စကားဝိုင်းတွေမှာလည်း ဆရာမိုးညိုဟာ လူပိုတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ ဆရာမိုးညိုဟာ ပန်းချီအ၀န်းအ၀ိုင်း၊ အနုပညာအ၀န်းအ၀ိုင်းက လာသူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ “ဒီယဉ်ကျေးမှုတက္ကသိုလ် စဖွင့်ခါစဆိုရင် ကျောင်းကိုရောက်လာတဲ့သူတွေက ဒီပန်းချီအသိုင်းအ၀ိုင်းနဲ့ဆက်စပ်သူတွေများတယ်။ ကိုယ်က ဆယ်တန်းအောင်ပြီး နယ်ကလာတက်တဲ့ကျောင်းသားတစ်ယောက်ဖြစ်တော့ ယဉ်ကျေးမှုတက္ကသိုလ်တက် ဖြစ်တော့ ကိုယ့်အတွက်က လုံးဝအစိမ်းသက်သက်ဖြစ်နေတယ်။ အများစုပြောနေတဲ့ Technology Terms တွေ၊ Ism တွေကို ဘာမှမသိတဲ့အခါကျတော့ ဒီ midterm ပြီးတာနဲ့ပြန်တော့မယ် ပြန်မလာတော့ဘူး လို့ဆုံးဖြတ်ခဲ့တာ။ စိတ်ဓာတ်ကျလာတာပေါ့။” ဆရာ့ရဲ့ စိတ်ဓာတ်အကြီးအကျယ်ကျခဲ့ရတဲ့ကာလတွေပါပဲ။ midterm ပြီးရင် ကျောင်းကို ပြန်မလာတော့ဘူးလို့တောင်ဆုံးဖြတ်ခဲ့သတဲ့လေ။
ပန်းချီမိုးညိုဖြစ်ဖို့၊ Watercolor မိုးညိုဖြစ်ဖို့ အပြောင်းအလဲကြီးက ဒီနေရာမှာဖြစ်တည်လာပါတယ်။ ကျောင်းပြန် လာရင် ပန်းချီမိုးညိုဖြစ်တော့မယ်။ ပြန်မလာတော့ဘူးဆိုရင် တခြားမိုးညိုတစ်ယောက်ပဲဖြစ်သွားတော့မယ်။ ဘယ်အရာက ဆရာမိုးညိုကို ကျောင်းတော်ဆီပြန်ပို့ပေးခဲ့တာလဲ။
The famous watercolor painting artist didn’t know each of the world known and country known artists. He drew for fun but didn’t intend to be an artist. The only painting artist he knew is Ko Thein Soe who painted and drew signboards and commercial paintings in Pwint Phyu. “I didn’t even know what the real art of painting was, and who the famous artists were, which painter drew which pictures. The only thing I knew was Ko Thein Soe from my native. When I was asked the artists I knew, my answer was Ko Thein Soe,” he honestly admitted.
When Sayar Moe Nyo started the university, there were many difficulties, mainly, because of not knowing well about the painting society in both Myanmar and abroad. He was like a supernumerary in conversations. He wasn’t a person from painting and artist circle. “When the university started, most of the students were from the painting and artists connection. And me, who passed my matrix from a small town, it was totally unusual. I got depressed and decided to leave the university as I got zero understanding about technical terms and ISM those most students were saying” he said. Those are his most difficult times and even decided not to come back after the midterm.
Then, there came the time for a great chance to be the watercolor artist Moe Nyo. If he went back to school, he would be the artist Moe Nyo and if he didn’t, he would be the other Moe Nyo. What took him to the University?
“အတန်းတူသူငယ်ချင်းတွေထဲမှာ မင်းဇော်ဆိုတာရှိတယ်။ ကာတွန်းမင်းဇော်။ ပန်းချီမင်းဇော်ပေါ့။ ဘိုဘိုကာတွန်းကိုရေးတဲ့မင်းဇော်ပေါ့။ သူ့ကျောင်းနာမည်က ကိုဇော်ဟိန်းတဲ့။ သူကစကားနည်းတယ်။ လိုအပ်သလောက်ပဲပြောတယ်။ ပိုမပြောဘူး။ ပန်းချီကျောင်းလည်းပြီးပြီးသားသူက။ သူနဲ့က သူငယ်ချင်း။ အခုအချိန်ထိလည်း သူငယ်ချင်းကောင်းပဲ။ ကိုယ်အဲဒီလိုဖြစ်နေတာကို သူက ရိပ်မိပုံရတယ်။ midterm ပိတ်လို့ အိမ်ပြန်တော့ ကိုမင်းဇော်က ပန်းချီနဲ့ပတ်သက်တဲ့စာအုပ်တွေပေးလိုက်တယ်။ ဂျီလှမောင်ရဲ့ “မြန်မာ့ပန်းချီသိ၊ ကမ္ဘာ့ပန်းချီသိ”စာအုပ်၊ ခင်ဝမ်းရဲ့ “စိတ္တဇပန်းချီ” တို့လို ပန်းချီနဲ့ပတ်သက်တဲ့စာအုပ်တွေ ပေးလိုက်တယ်။ “ကိုဇော်ဟိန်း ကျွန်တော်က ပြန်လာချင်မှလာတော့မှာ”လို့ပြောတော့ သူက “ယူသာယူသွား ရော့ဒါတွေဖတ်လိုက်ပါဦး” ဆိုပြီး အတင်းပေးလိုက်တယ်။ အိမ်ရောက်သွားတော့ အမေကလည်း ကျွန်တော့်ကို ဖျောင်းဖျတယ်။ ပြီးတော့ ပိတ်ရက်မှာ အဲဒီစာအုပ်တွေဖတ်လိုက်တော့ အဲဒီမှာပေါက်သွားတယ်။ ဒီကောင်ပြောတာတော့ ဒါတွေ၊ ဟိုကောင်ပြောနေတာကတော့ ဒါပေါ့ဆိုပြီးတော့ပေါ့။ အဲဒီတွေဖတ် လိုက်ရတဲ့အတွက် ကျောင်းပြန်လာချင်စိတ်ပေါက်သွားတယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် ကျွန်တော့်ဘ၀မှာ စာအုပ်စာပေရဲ့ ကျေးဇူးအများကြီးရှိသလို၊ အဲဒီစာပေတွေကိုလမ်းညွှန်ပေးခဲ့တဲ့ ကိုမင်းဇော်ရဲ့ကျေးဇူးလည်း အများကြီးပါပဲ။” မိုးညို တက္ကသိုလ်ဆီပြန်လာနိုင်ခဲ့ပါပြီ။
Sayar said “There was a classmate, named Min Zaw, also known as, Cartoonist Min Zaw, Artist Min Zaw, who draws Bo Bo comic books. His name from school was Ko Zaw Hein and he didn’t speak much without necessity. He also passed the painting class. He was my friend, and we are still so far. I guessed he got a hint about my situation. When I got back home after midterm, he gave me some books about painting such as G Hla Maung’s “Myanma Panchi Thi, Gaba Panchi Thi” and Khin Wan’s “Sate Ta Za Panchi”. I told him that I wasn’t sure if I would come back. Then he replied to me “take them and read first”. When I got home, mother also coaxed me to go back. Afterward, I read those books and realized the words students discussed. After reading them, I wanted to come back to university again. So, I have to thanks to the books as well as Ko Min Zaw.” Moe Nyo has finally come back to the University.
ဘာကြောင့် Watercolor ကိုမှ ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတဲ့အခါမှာတော့ ဆရာက “ကျောင်းမှာကတော့ မီဒီယမ်တွေအကုန်သင်ရတာပေါ့။ ပန်းချီသမားတိုင်းလည်း ရေဆေးကိုရေးဖူးကြတာပဲ။ ကျွန်တော် တို့ကျောင်းသားဘ၀မှာ ပန်းချီလောကက ဟုန်းဟုန်းထတောက်လိုက်သေးတယ်။ ကျွန်တော်တို့ ကျောင်းပြီးတော့ ပန်းချီလောကက ပြန်ကျသွားပြန်တယ်။ အဲဒီအချိန်မှာ ရေဆေးရေးတဲ့သူဟာ လက်ချိုးရေလို့ရတယ်။ ကျွန်တော်က ကျောင်းသားဘ၀ကတည်းက Watercolor ကိုနှစ်သက်တယ်။ ချစ်တယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့သူငယ်ချင်းတွေလည်းဖြစ်တယ်။ မြင်ဆရာတွေလည်းဖြစ်တဲ့ ကိုမင်းဇော်တို့လည်း Watercolor တွေရေးတယ်။ ပြီးတော့ အပြင်မှာထိတွေ့ပြီး ရင်းနီးရတဲ့ ကိုမုတ်သုန်တို့ပေါ့၊ ကျွန်တော်တို့ကျောင်းသားဘ၀တုန်းက ပထမဆုံးဌါနမှူးဖြစ်ခဲ့တဲ့ ဆရာဦးကျော်လေး၊ သူတို့ ပန်းချီကားတွေကို အရမ်းသဘောကျတယ်။ Watercolor ရဲ့ ကြည်ပပုံလေးတွေကိုပေါ့။ ကျောင်းပြီးသွားတော့လည်း ကျွန်တော်က ဒီ Watercolor ကိုပဲ ရေးရတာပျော်ပြီးတော့ ဆက်ရေးဖြစ်တယ်။ နောက်တစ်ခုက Transparent of Watercolor မှာ အဖြူမသုံးဘူး။ အဖြူ Subject ရေးရတာခက်တယ်ဆိုတဲ့ဟာလေးရှိတယ်။ ဘာကြောင့်ခက်တယ်ပြောလဲဆိုတော့ အမှန်ကပျက်တာလွယ်လို့ခက်တယ်ပြောတာပါ။ စက္ကူအဖြူသားကိုပဲ ချန်ရတယ်။ ဆေးအဖြူလုံးဝမသုံးရဘူး။ Negative ကိုပဲရေးရတာဖြစ်တယ်။ အဲဒီတော့ ဆေးစက်စင်သွား တာပဲဖြစ်ဖြစ်၊ သူ့ရဲ့အမှောင်ခိုဖို့အတွက် Tone လေးတင်လိုက်တာပဲဖြစ်ဖြစ်၊ လက်လွန်သွားရင် ကုစားလို့ မရဘူး။ ကျွန်တော်က ရေးရင်းရေးရင်းနဲ့အဲဒီခက်တယ်ဆိုတဲ့ဟာကြီးကို ရွေးပြီးတော့ ရေးချင်တယ်။ ကိုယ့်ရဲ့ စိတ်အခံကြောင့်လား၊ အသက်အရွယ်အရလားတော့မသိဘူး။ အကန်သဘောမျိုးပေါ့။ ခက်တာကိုရွေးပြီး ရေးကြည့်ရင်းနဲ့စဖြစ်လာတယ်ပြောရမှာပဲ။ နောက်တော့ အဲဒီအဖြူရေးရတာကို ပျော်သွားပြီးတော့ watercolor ကိုမှာ Tone နုနုလေးနဲ့ အစွန်းထင်းမခံတဲ့ဟာမျိုးပေါ့နော်။ ခက်တယ်၊ အပျက်များတယ်ဆိုတဲ့ဟာကို လေ့ကျင့်ရင်းနဲ့အဲဒီမှာပျော်သွားပြီးတော့ ထပ်ပြီးလုပ်စရာတွေတွေ့လာလို့ ဒါကို ရေးဖြစ်လာတယ်ပေါ့” ဆရာမိုးညို watercolor ထဲမှာ နှစ်ဝင်ခဲ့ပုံကို ရှင်းပြတာဖြစ်ပါတယ်။
He answered the question of why he chose the watercolor “ At the university, we had to study all the medium. Every artist has used watercolor too. The Painting world became very popular when we were students. But afterward, it faded again when we graduated. At that time, there was only a handful of the watercolor artist. I really loved watercolor since I was a student. My friends and mentors, Artist Min Zaw and Ko Mote Thone also paint watercolor. I really liked the paintings of Sayar U Kyaw Lay, our first department head. After I graduated, I continued painting watercolor, as it was my true passion. Another thing is that white paint isn’t used in transparent watercolor for its difficulty. Why? Because it is easy to fade. We never use white paint instead we left out the white paper. We had to paint the Negative. So, we couldn’t cure it if it was spilled. I gradually wanted to try for that difficult one, not sure if it was my consciousness or my age. I was being the opposite. I chose the difficult ones and then I was happy painting white and watercolor with light tones. As I kept practicing the difficult ones, I had found new things to do”
While observing Sayar Moe Nyo’s masterpieces, coldness, silence, and calmness are found. Mostly, white is prioritized. He painted freely and delicate details. Delicate doesn’t mean Photorealism, for example, he painted foregrounds carefully in drawing big trees such as Hta Naung or Koke Ko. Since he graduated, he tried to stand as a watercolor artist and he made many struggles. He even faced the time when watercolor was priced lower than other kinds. But fortunately, he got his mother who stood for him and she always told him not to paint for the money. If he hadn’t earned money, she would be there for him. Paint for your belief, not for the money. He felt also grateful for having such an environment.
အနုပညာသမားတစ်ယောက်ဖြစ်တည်မှုမှာ ဆရာမိုးညိုခံယူထားတာကတော့ “လူသားတွေတစ်ယောက်နဲ့ တစ်ယောက်က အကျိုးပေးကြပုံခြင်း၊ ရှင်သန်ရပ်တည်ပုံခြင်းမတူကြဘူး။ တချို့ကျတော့ သနားသရုဏာ သက်ရတယ်။ တချို့ကိုကျတော့ အားကျရတယ်။ ဘာပဲပြောပြော အနုပညာသမားတစ်ယောက်လို့ ကိုယ့်ကိုခံယူတဲ့အခါမှာ မှန်ကန်တဲ့မာနလေးတွေနဲ့ စိတ်ကိုအဖြူထည် လေးထားပြီး ကောင်းကောင်းမွန်မွန် လည်ပတ်ရပ်တည်စေချင်တာပေါ့” လို့ ရိုးရှင်းစွာပဲပြောပါတယ်။
His conviction is that people are different from one another in their prosperity, surviving and positions. Some are pathetic, some are respected. However, when standing as an artist, always try to be good and honest.
ဆရာမိုးညိုဟာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာပဲ နည်းပြဘ၀နဲ့ ၉၈/၉၉ ကနေ ၂၀၁၄ ခုနှစ်အထိ နည်းပြဆရာအနေနဲ့ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုလက်ရှိ အနုပညာအထက် တန်း ကျောင်း(ရန်ကုန်)မှာ ကျောင်းအုပ်အဖြစ်နဲ့ ၂၀၁၅ ခုနှစ်ကနေ ယနေ့အထိ တာဝန်ထမ်းဆောင်ရင်း ဖြတ်သန်းနေပါတယ်။ အဲဒါကြောင့် အထက်မှာ ပြောခဲ့သလို ဖခင်၊ မိခင်ရဲ့ဗီဇအပြည့်ပါလာတယ်ပြောရတာပါ။
Sayar Moe Nyo served as an instructor at the University of Arts and Culture from 1998/1999 to 2014. And he is serving as a principal of the Yangon High School of Arts since 2015 until now. Therefore, it can still be said that he’s got talent from his parents’ genes.
ဆရာမိုးညိုဟာ တစ်ကိုယ်တော်ပန်းချီပြပွဲ ၉ ကြိမ်ပြုလုပ်ထားပြီး ၁၀ ကြိမ်မြောက်ကိုတော့ ယခုနှစ်ကုန်ပိုင်း လောက်မှာ ထပ်မံပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။
Sayar Moe Nyo has made 9 Solos and the 10th is planned to be held at the end of this year.