Artist: Chuu Wai Nyein
Styling by Jeune
Photographed by Monn
Interviewed by Aung Lynn Thit
English Translated by Oakkar Thin
March လအတွက် Art နဲ့ပတ်သက်ပြီး Feature လုပ်ချင်တဲ့နေရာမှာ ကျနော်တွေ့ဆုံချင်တဲ့သူတစ်ယောက် အမြဲရှိနေခဲ့ပါတယ်။ ဒီ March လထဲမှာ International Women’s Day ကလည်း ရှိနေတော့ Art ကဏ္ဍ အတွက် Feature လုပ်မယ့်အကြောင်းအရာစဉ်းစားဖြစ်တဲ့အခါမှာ သူ့အကြောင်းက သီးသန့်ဖိတ်ခေါ်စရာ မလိုဘဲ ခေါင်းထဲရောက်လာခဲ့တာပါ။ ဒါကြောင့် သူမနဲ့တွေ့ဆုံပြီးဒီကဏ္ဍလေးကိုလုပ်ခဲ့ကြပါတယ်။ သူမကတော့ အမျိုးသမီး Artist တစ်ယောက်ဖြစ်တဲ့ ခြူးဝေငြိမ်းပါ။
“Art enables us to find ourselves and lose ourselves at the same time”.
—Thomas Merton
For artist Chuu Wai Nyein, Merton’s words are amongst her favorites, resonating within her a deep yearning to pursue her arts with brazen passion, to seek creative expression without trepidation or fear of judgment. And through it, she would find her voice and that of countless others.
သူမက အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုတွေ ကို ဖန်တီးရေးဆွဲသူတစ်ယောက်လည်းဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ဖြစ်တည်မှုဆိုတာမှာလည်း မြန်မာ အမျိုးသမီးတွေအကြောင်းပါ။ သူမပန်းချီကားထဲက အမျိုးသမီးတွေဟာ သတ္တိရှိတယ်၊ ယဉ်ကျေးတယ်၊ လှတယ်၊ ခေတ်ဆန်တယ်၊ လွတ်လပ်တယ် စတဲ့အသွင်တွေကို လှစ်ဟပြနေပါတယ်။ သူမရဲ့ပန်းချီကားထဲက အမျိုးသမီးတွေက တကယ့် အာဂအမျိုးသမီးတွေလို့ပြောလို့ရနိုင်တယ်။ သူမရဲ့ပန်းချီကားတွေမှာ ရှေးကျပြီး အင်မတန်နန်းဆန်ပါပေတယ်ဆိုတဲ့ ရိုးရာအဝတ်အစားနဲ့အမျိုးသမီးတွေကိုတွေ့ရနိုင်သလို၊ ဝတ်လစ်စလစ်နဲ့ အမျိုးသမီးတွေကိုလည်းတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးတွေဟာ ကြောက်ရွံ့မှုအတိကင်းပြီး ဘာမထီတဲ့မျက်ဝန်းတွေနဲ့ ရဲရဲရင့်ရင့် ဖြစ်နေဟန်ကိုသတိထားမိစေနိုင်ပါတယ်။ တကယ့်ပြင်ပကမ္ဘာက မြန်မာ အမျိုးသမီးတွေရဲ့လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်ရှင်သန်ဖြတ်သန်းရင်ဆိုင်နေရတဲ့ ဘဝတွေထဲက ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်အကြမ်းဖက်ခံရတာ၊ မလေးမစားလုပ်ခံရတာ၊ ထုံးတမ်းစဉ်လာထဲမှာ ပိတ်မိနေတာ စတာတွေကို အံတုပြီး စိန်ခေါ်မှု၊ ယုံကြည်မှုတွေကို ထည့်သွင်းရေးဆွဲတတ်သူတစ်ယောက်ပါ။ ပြီးတော့ သူမရဲ့အမှတ်အသား၊ သူမရဲ့ရေးဟန်၊ သူမရဲ့ DNA လို့ပြောနိုင်မယ့်အရာတစ်ခုက ဘာလဲဆိုရင် သူမရဲ့ဇာတ်ကောင်တွေမှာ တစ်နည်းတစ်ဖုံနဲ့ မြန်မာ့ရိုးရာကနုတ်ပန်းတွေကို ယှက်သွယ်စီးဆင်းနေစေတာပဲလို့ ကျွန်တော်ထင်ပါတယ်။
A female artist in a conservative Buddhist society, Chuu Wai Nyein seeks to use her paintings to speak out in celebration of the beauty and power of women. Perhaps not surprisingly, this has made her a controversial figure in some circles within Myanmar, particularly those who see her as insulting Myanmar traditions. Refusing to let such criticisms weaken her resolve, she declares: “Judgment, be they positive or negative, is within my right to accept or reject. I choose to embrace my creativity, hold true to my knowledge, and keep a clear mind in order to not deviate my entire life’s works just because of some critics.”
သူမရဲ့ ပန်းချီသက်တမ်း ၁၂ နှစ်အတွင်းကိုရောက်ရှိလာတဲ့အချိန်မှာ ပြည်တွင်း ပန်းချီပြပွဲတွေတင်မကဘဲ ပြည်ပပန်းချီပြပွဲတွေလည်း များစွာသွားရောက်ပြသထားနိုင်တာကိုတွေ့ရပါတယ်။ ပြင်သစ်၊ အမေရိကန်၊ သြစတြေးလျ၊ စင်္ကာပူ၊ ဟောင်ကောင်၊ ပိုလန်၊ အင်္ဂလန် စတဲ့နိုင်ငံတွေမှာ ပန်းချီပြပွဲတွေ သွားရောက်ပြသနိုင်ခဲ့ပြီး ကမ္ဘာ့ပန်းချီအဝန်းအဝိုင်းမှာ အတော်အတန်လူသိများတဲ့ အမျိုးသမီးပန်းချီဆရာမ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမက ပန်းချီနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုလည်း အမြဲဝေမျှဆွေးနွေး ပေးနေသူတစ်ယောက်ပါ။ ဆိုတော့ သူမရဲ့အကြောင်းအရာတွေက media ပေါ်က platform အသီးသီးမှာ များစွာပျံ့နှံ့မှုရှိပြီး၊ အောင်မြင်မှုရပြီးဖြစ်တဲ့အတွက် အလွယ်တကူပဲရှာတွေ့နိုင်ပါတယ်။ ဒီတစ်ခါမှာ ကျွန်တော်နဲ့တွေ့ဆုံခဲ့တဲ့အခါ ပုံမှန် မေးလိုက်ဖြေလိုက် အင်တာဗျူးတစ်ခုပုံစံမျိုးမဟုတ်ဘဲ ကျွန်တော် ပေးလိုက်တဲ့ ခေါင်းစဉ်တွေအောက်မှာ သူမရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြန်လည်ပြောပြထားတဲ့ပုံစံလေးနဲ့ တင်ဆက်ပေးထားပါတယ်။ ဒီတော့ သူမရဲ့ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေကို လိုက်ပါခံစားကြည့်ကြရအောင်ပါ . . .
Since 2008 when she first ventured into the art scene, Chuu Wai Nyein’s objective is to reflect on the female identity through works that raise awareness of the ways society scrutinizes and oppresses women. Indeed, whether the women are clad in traditional Myanmar royal costumes or barely there in the nude, her extraordinary (and at times provocative) paintings depict women as playful, thoughtful, courageous, and yes, sexy. They challenge convention and empower women everywhere to be themselves—confident and independent—even when society expects passivity and obedience. Now entering her 12th year as an artist, Chuu Wai Nyein is making her presence known across the world, having done over 30 exhibitions spanning the globe from Mandalay to Sidney, Paris to London, Warsaw to New York. On this unique occasion of sitting down with Chuu Wai Nyein, we asked for her unique perspective on some of humanity’s greatest ideals, transcending ethnicity, gender, age, or social status.
Risk-Taking in Pursuit of One’s Dream
အိပ်မက်တွေကို ယုံကြည်တယ်၊ စိတ်ကူးတွေကို ယုံကြည်တယ်။ အထည်ဒြပ် မရှိပေမယ့် အိပ်မက်ပုံရိပ်တွေကို ယုံယုံကြည်ကြည်ဆုပ်ကိုင်ထားပြီး ပြေးလိုက်နေခဲ့ရင်၊ အိပ်မက်ဆိုတာ ဘယ်လောက်များ အပြေးသန်နိုင်မှာလဲ။ အကောင်းဝေဖန်မှုရော၊ အဆိုးဝေဖန်မှုရော နားထောင်သင့်တဲ့အချိန်မှာ နားထောင်ပြီး ဆက်လုပ်သင့်တဲ့အချိန်မှာ ဆက်လုပ်ရတာပဲ။ ဒီဝေဖန်မှုဆိုတဲ့ ဘဝရဲ့အချိန်အတိုင်းအတာ သေးသေးလေးတွေကြောင့် ကိုယ့်ဘဝတခုလုံးကိုပြောင်းလဲပြီး လမ်းလွှဲပုံဖော်မသွားဖြစ်ဖို့ကတော့ ကိုယ့်ရဲ့အသိပညာကြွယ်ဝမှုနဲ့ ရှင်းသန့်တဲ့ စိတ်ထားလေးတွေကို မွေးမြူထားရတာပေါ့။ အိပ်မက်ဘယ်နှစ်ခုကို အကောင်ထည်ဖော်ပြီးပြီဆိုတာ အရေးမကြီးပါဘူး။ အိပ်မက်တွေက အဆုံးမှမရှိတာပဲ။ ဒီအိပ်မက်တွေကို လက်တွေ့ဘဝထဲဆွဲခေါ်လာတဲ့အခါကျရင်သာ လျှောက်ရမယ့်လမ်း၊ ဖြတ်ကျော်ရမယ့် ခရီးအဆင့်ဆင့်တွေက အဓိပ္ပာယ်ရှိစေတာပါပဲ။ အဲဒီ ခရီးအဆင့်ဆင့်ကျော်ဖြတ်ရတယ်ဆိုတာလည်း ဘဝရဲ့အနှစ်သာရပါပဲ။
It is not about how many dreams have been achieved, for dreams can be infinite. Rather, it is important for us to have meaningful steps when we pull those dreams into our lives. Pacing out those steps to turn our dreams into reality is the essence of life.
Exploring One’s Creativity
အနှောင်အဖွဲ့ ကင်းလွတ်မှုတွေအောက်မှာ လွတ်လပ်စွာ မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီး – နှလုံးသားတံခါးကို အကြီးကြီးဖွင့်ထားတဲ့အခါမှာ ဖန်တီးမှုအသစ်တွေကို ရှာတွေ့ပါတယ်။
We can only find innovation and creativity when we widely open our eyes, ears, and heart without any preconception, without any bias.
Finding Motivation
အဝေးကြီးကိုကြည့်ပြီး အလှမ်းတွေဝေးခဲ့ဖူးတယ်။ တကယ်တမ်းက အနီးအနားမှာပဲ တချိန်လုံးရှိနေခဲ့တာ။ အရိုးရှင်းဆုံးဆိုတဲ့ အနီးကအရာတွေကိုရှာတွေ့သွားချိန်ကစပြီး Motivation တွေဆိုတာလည်း အဆုံးအစမရှိဖြစ်တည်ရောက်လာတာမျိုးပါပဲ။
I have been lost while gazing from afar, searching for things that are actually right in front of me. It is only after realizing there is truth in the simplest of objects around me that endless motivations come pouring in.
Nurturing One’s Imagination
မျက်လုံးတွေမှိတ်ထားရင်းက ကမ္ဘာကြီးတခုလုံးကို ခံစားလို့ရနေနိုင်သလိုမျိုး။ ပြီးတော့ ကိုယ်မြင်ရတဲ့ ကမ္ဘာအသစ်တခုဟာ နှုတ်ခမ်းတစ်စုံရဲ့အပြုံးကနေ ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးနေရာထိ လှိုင်းတွေပုတ်ခတ်လိုက်သလို ရောက်သွားစေတယ်။ Imagination မပါဘဲ ကျွန်မရဲ့ပန်းချီကားတွေကို အသက်မဝင်စေချင်ဘူး။
It is like relishing the entire universe while closing my eyes. And this whole new world I imagine would collide with the deepest corner of my heart. I want my paintings to be alive with imagination.
Having Strong and Clear-Minded Aspiration
အသက်ကြီးခြင်း၊ ငယ်ခြင်း၊ ယောင်္ကျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း စတာတွေ ပါဝင်ပတ်သက်မနေဘဲ အားပေးသင့်လို့ကို အားပေးရတဲ့ လက်ခံမှုမျိုး။
A strong aspiration requires acceptance of truth, of what is supposed and meant to be, regardless of age or gender.
Embracing One’s Identity
ရိုးလွန်းလို့ ဆန်းရတဲ့ မေးခွန်းတွေ၊ အရောင်အားပြင်းပြင်း၊ စုတ်ချက်ကြမ်းကြမ်း၊ နောင်တကင်းမှု၊ ပြန်လည်တူးဖော်မှု၊ မြန်မာ့ချည်ထည်၊ စကားပြောသော အကြည့်၊ ဒါပေမယ့် အဲဒါတွေဟာ ပုံမှန်အရိုးစွဲ အကြောင်းအရာတွေ။ ဒါတွေဟာ ခြူးဝေငြိမ်းရဲ့ဖြစ်တည်မှုတွေပါပဲ။
My presence, my sense of self, is expressed through the simplicity of what‘s around me: Myanmar’s cotton fabrics, strong strokes, and colors, unwavering determination, rediscoveries, revealing looks that bespeak a thousand words…
Feminism
ကျွန်မဆွဲတဲ့ ပန်းချီကားတွေဟာ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝတွေ၊ စိန်ခေါ်မှု အခက်အခဲတွေကို ဖော်ပြပုံ ဆန်းဆန်း ဖန်တီးမှုရဲရဲ ရေးဆွဲလေ့ရှိပါတယ်။ ဖြစ်လေ့ဖြစ်ထရှိလွန်းလို့ ထူးတယ်လို့မထင်ရတော့တဲ့ အကြောင်းအရာတွေကို ရှုထောင့်ဆန်းဆန်းကနေ အမြင်သစ်နဲ့ပြေင်းလဲပြီး တင်ပြနိုင်အောင် အားထုတ်ပါတယ်။ လူမှုပတ်ဝန်းကျင်ကို မေးခွန်းထုတ်ချင်တဲ့ အကြောင်းအရာတွေအတွက် အမျိုးသမီးကိုယ်ခန္ဓာဖွဲ့စည်းပုံနဲ့ ပေါင်းစပ်ပြီး ခပ်ကြမ်းကြမ်းတော်လှန်ရေးဆွဲခြင်းတွေက မိန်းကလေးတစ်ယောက်ရေးဆွဲထားတဲ့ ပန်းချီကားတွေလို့ မခန့်မှန်းနိုင်အောင်ပါပဲ။ မြန်မာ့ချိတ်ထဘီ၊ သတင်းစာအဟောင်းတွေ၊ ဓါတ်ပုံ အဟောင်းတွေနဲ့ ပေါင်းစပ်ပြီးတော့လဲ သမိုင်းနဲ့ လက်ရှိအချိန်ကို ဆက်စပ်မေးခွန်းထုတ်တဲ့ ပန်းချီကားတွေ ရေးဆွဲဖူးပါသေးတယ်။ ကျွန်မထင်ပါတယ် ကျွန်မရဲ့ပန်းချီကားထဲက အမျိုးသမီးတွေအားလုံးက Feminism ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေနဲ့ များစွာထပ်တူကျနေနိုင်ပါတယ်။
I paint to portray the difficulties and challenges women face in their daily lives. They are meant to provoke thoughts, to challenge conventional customs, to present a different point of view. Each woman I paint is a picture of feminism. Each paint stroke on my canvas begs society to question itself, to reflect on its cultural history and to find its place in our progressive, modern world.
“We don’t make mistakes, just happy little accidents.”
—Bob Ross