Bridal အလှပြင်ပစ္စည်းတွေနဲ့ ဖက်ရှင် Trend တွေလိုပဲ Wedding Photography Trend ဟာလဲ အရေးကြီးတဲ့နေရာကနေပါဝင်ကာ တစ်နှစ်နဲ့ တစ်နှစ်ပြောင်းလဲနေပြန်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ 2021ရဲ့ Wedding Photography Trend လေးတွေကိုအတူတူလေ့လာကြည့်ကြရအောင်။
Relaxed and Informal Shoot
ပေါ့ပေါ့ပါးပါးနဲ့ ရိုက်တဲ့ ချစ်စရာ Pre-wedding photography တွေက တစ်နှစ်ထက် တစ်နှစ်ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ မော်ဒယ်လို ပိုစ့်မျိုးတွေနဲ့မဟုတ်ဘဲ လှတဲ့ publicနေရာမျိုးတွေမှာ ပုံမှန်ဒိတ်လုပ်သလို ရိုက်တဲ့ ပုံစံမျိုးလေးတွေက ပိုပြီး အမှတ်တရဖြစ်စေပြီး သဘာဝဆန်တဲ့ ဓာတ်ပုံကောင်းလေးတွေကို ရရှိစေတာပဲ ဖြစ်ပါတယ်။
Drone Wedding Photo
နောက်ထပ် Hot အဖြစ်ဆုံး Trend တစ်ခုကတော့ Drone Wedding Shoots လေးတွေပဲ ဖြစ်ပါတယ်။ပုံမှန် ရိုးအီနေကျ Camera angles တွေကနေမဟုတ်တာကြောင့် အမြင်ဆန်းစေသလို ကိုယ့် အရင်းနှီဆုံး သူငယ်ချင်း၊မိသားစုတွေနဲ့လဲ လှပတဲ့ Drone Shoots လေးတွေရဖို့ ကြိုးစားရင် ပျော်စရာအမှတ်တရလေးတွေကို စုဆောင်းနိုင်ပါသေးတယ်။
Documentary Wedding Photography
နောက်ထပ် Trend ဖြစ်လာတဲ့ Documentary Wedding Photography လေးကတော့ Videography trends လေးမှာ အစားထိုးလာတဲ့ Trend လေးပဲ ဖြစ်ပါတယ်။ဓာတ်ပုံဆရာက သဘာဝဆန်ဆန်နဲ့ လျှပ်တပြတ် ရိုက်ချက်လေးတွေနဲ့ Wedding ကို ဖွင့်ဟပေးခဲ့တဲ့ အခါမှာတော့ လှပပြီး စစ်မှန်တဲ့ ခံစားမှုတွေနဲ့ ဓာတ်ပုံတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Love Filled Wedding Photos
သတို့သားနဲ့ သတို့သမီးတို့ရဲ့ နွေးထွေးပြီး နူးညံ့တဲ့ Romantic poses တွေကို ပေါ့ပေါ့ပါးပါးလေး ရိုက်ပေးတာဟာလဲ ဓာတ်ပုံကိုပြန်ကြည့်တဲ့အခါ အဲဒီအချိန်ရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရရှိစေမှာပါ။
Getting Ready Bridal Detail Shots
ဒါလေးကတော့ ကိုယ်အကြိုက်ဆုံး wedding photography လေးပါပဲ။ စစ်မှန်တဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ ရိုက်ချက်တွေလိုပဲ မင်္ဂလာဆောင်ရဲ့ အခမ်းအနား အပြင်အဆင်၊ အသေးစိတ်လေးတွေကို ရိုက်ကူးတာကလဲ နှလုံသားကို လှုပ်ခတ်စေပါတယ်။ အကြောင်းအရာသေးသေးလေးတွေက အစ အရေးပါတယ်ဆိုသလို ဒီ Bridal Details shots လေးတွေက မင်္ဂလာပွဲနေ့အကြောင်းကို ပြန်လည်ပြောပြပေးသလို ဖြစ်မှာပဲ ဖြစ်ပါတယ်။
ဒီနေ့ တင်ဆက်ပေးခဲ့တဲ့ 2021 ရဲ့ Wedding Photography Trend လေးတွေကနေ တစ်ဆင့် လှပတဲ့ မင်္ဂလာပွဲဓာတ်ပုံလေးတွေကို ဖန်တီးဖို့ အကြံရစေနိုင်ပြီး သာယာတဲ့ အိမ်ထောင်ရေးလေးကို လျှောက်လှမ်းနိုင်ကြပါစေနော်။
LUSH X Thi’s Fashion Alliances Collaboration
References
- https://theaisleweddingdirectory.com/top-7-wedding-photography-trends-that-will-rule-in-2021/
- https://www.weddingforward.com/wedding-photography-trends/
I know heaps of people that have stopped with Champix Good luck and keep going, it gets easier. cialis price Hi Nimax, I also used champix to quit.