LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
STYLETRENDS

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

written by Maeve December 30, 2023
2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

အခုနှစ်ပိုင်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အဖက်ဖက်ကနေလုပ်ကိုင်နေကြသလို ဒီလိုထိန်းသိမ်းဖို့အတွက် ဖက်ရှင်ပိုင်းကလည်း အရေးပါတဲ့နေရာတခုမှာရှိပါတယ်။ လူတိုင်း နေ့စဉ်ဝတ်စားနေတဲ့အဝတ်အစားပိုင်းမှာ အခုဆို fast fashion လို့ခေါ်တဲ့ brand တွေက မှိုလိုပေါက်လာတော့ trend ဖြစ်တဲ့အဝတ်တွေကို အလွယ်တကူဝယ်ဝတ်လို့ရလာတာနဲ့အညီ trend ဆိုတဲ့အတိုင်း ခေတ်စားတဲ့အချိန်ကုန်သွားပြီဆိုတာနဲ့ အဲ့အဝတ်အစားတွေက expired ဖြစ်ပြီး လူတိုင်း ထပ်မဝတ်တော့ပဲ clothing waste တွေဖြစ်ဖြစ်လာပါတယ်။

ဒီလို waste တွေကို ထိန်းသိမ်းဖို့ brand အကြီးတွေကလည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြပြီး အရင်ဝတ်ခဲ့ဖူးတာတွေပြန်ဝတ်တဲ့ recycling looks တွေကလည်း ပြန်ပြီး trend ဖြစ်လာပါတယ်။ Versace, Prada, Christian Dior စတဲ့ ဒိတ်ဒိတ်ကြဲ brand ကြီးတွေရဲ့ Archival piece တွေကို အခုအချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ပြန်ဝတ်လာကြသလို ဒီလိုဝတ်ဆင်တာက အများနဲ့မတူ ထင်းပြီး ကွဲထွက်နေတာမို့ celebrities တွေ တော်တော်များများကလည်း ပြန်ဝတ်ပြီး Sustainablity ကို သွယ်ဝိုက်ပြီး promote လုပ်ပေးနေကြပြီ ဆိုရပါမယ်။

အခုလာမယ့် ၂၀၂၄ မှာဆို ကိုယ်ပိုင် style ကို ထိန်းသိမ်းပြီး သူများနဲ့မတူတဲ့၊ တခုဆိုတခု ထူးခြားတဲ့ fashion piece တွေပိုင်ဆိုင်ထားတာမျိုးက ပိုပြီး trend ဖြစ်လာမယ့် အခြေအနေမှာရှိပါတယ်။ ဒါက Sustainablity ကို အားပေးမယ့် နည်းလမ်းတခုလို့ဆိုလည်း မမှားပါဘူး။

ဆိုတော့ ဒီ ၂၀၂၃ ခုနှစ်ထဲမှာဆို Chanel, Prada, Mugler စတဲ့ brand တွေရဲ့ archive တွေထဲက piece တွေကို ပြန်ဝတ်ပြီး ပွဲတက်ခဲ့ကြတဲ့ celebrities တွေအများကြီးပါပဲ။ အဲ့ထဲကမှ နာမည်ကြီးခဲ့တာတွေဆို Olivia Rodrigo ရဲ့ စီကွင့်တလက်လက်နဲ့ Todd Oldham miniskirt၊ Kendall Jenner ရဲ့ ၉၀ ခုနှစ်နှောင်းပိုင်းတုန်းက Jean Paul Gaultier ရဲ့ Vintage pieces စတာတွေပေါ့။ တချို့ကြတော့လည်း ကိုယ်တိုင်ဝတ်ခဲ့ဖူးတဲ့ look တွေကို ပြန်ဝတ်ကြပါသေးတယ်။ Claudia Schiffer ဆိုရင် သူ့ရဲ့ ၁၉၉၄ ခုနှစ် Gianni Versace metallic miniskirt ကို Milan Fashion Week မှာ ပြန်ဝတ်ထားပါသေးတယ်။

ဖက်ရှင်ပိုင်းကနေလည်း တထောင့်တနေရာကနေ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြရင်း အခုတော့ ဒီ ၂၀၂၃ ခုနှစ်ရဲ့ အမိုက်ဆုံး Celebrity တွေရဲ့ Vintage moment တွေကို ကြည့်ပြီး motivation လေးယူလိုက်ကြတာပေါ့။

Zendaya

Zendaya Looks Stunning In Two Different Looks For the NAACP Image Awards

Zendaya ကတော့ အရင်ကတည်းက vintage fashion တွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီး အကောင်းဆုံး ဒီဇိုင်နာတွေထဲက တချို့ရဲ့ vintage piece တွေကိုလည်း ဝတ်ခွင့်ရလေ့ရှိပါတယ်။ ဒီထဲကမှ NAACP Image Awards ရဲ့ red carpet မှာ ဝတ်ခဲ့တဲ့ Versace ရဲ့ spring/summer 2002 couture collection ထဲက အစိမ်းနဲ့အနက်ရောင် Gown၊ ဆုကြေညာတဲ့အချိန်မှာ ဝတ်ခဲ့တဲ့ Prada ရဲ့ Spring/Summer 1993 collection ထဲက ကြယ်ပုံစံ bralet နဲ့ ဆင်တူ အဖြူရောင် skirt တွေက Vintage look တွေကို သေချာစောင့်ကြည့်နေရတဲ့ ဒီလိုကာလမှာ တော်တော်ကို လူကြိုက်များသွားခဲ့ပါသေးတယ်။

နောက်ပြီး Coachella ပွဲမှာ surprise အနေနဲ့ဖျော်ဖြေတုန်းကလည်း Aralda Vintage ဆိုင်ကနေ ရထားတဲ့ ပန်းရောင် leather Roberto Cavalli 2004 mini dress လေးကို ဝတ်ခဲ့တာကလည်း မှတ်မှတ်ရရပါပဲ။

 Zendaya performs with Labrinth at the Mojave Tent

Olivia Rodrigo

Olivia Rodrigo celebrated the release of her sophomore album Guts in springsummer 1995 Todd Oldham.

လူကြိုက်အရမ်းကိုများခဲ့တဲ့ Olivia Rodrigo ရဲ့ အဖြူရောင်ခါးတို button-down shirt နဲ့ လိမ္မော်ရောင် စီကွင့်စ် mini skirt လေးဆိုရင် Todd Oldham’s spring 1995 collection ထဲကဖြစ်ပြီးတော့ အဲ့တုန်းက shirt ကို Shalom Harlow က ဝတ်ခဲ့ပြီး စကတ်က Amber Valletta ဝတ်ခဲ့တာပဲဖြစ်ပါတယ်။

Penélope Cruz

 

Karl Lagerfeld ကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ခဲ့တဲ့ ၂၀၂၃ Met Gala ပွဲမှာ Chanel ရဲ့ archival piece တွေကိုလည်း အများကြီးတွေ့ခဲ့ရပါတယ်။ အဲ့ထဲမှာ Gala ရဲ့ co-chair လည်းဖြစ်၊ Chanel ရဲ့ brand ambassador လည်းဖြစ်တဲ့ Penélope Cruz ကလည်း Chanel spring 1988 haute couture တုန်းက Lagerfeld ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Inés de la Fressange ဝတ်ခဲ့တဲ့ hooded bridal gown ကို ဝတ်ခဲ့ပါတယ်။

Kylie Jenner

Prada ရဲ့ spring/summer 2024 presentation ပွဲကိုတက်တုန်းက Kylie Jenner ဝတ်ခဲ့တဲ့ Swarovski ကျောက်တွေစီထားတဲ့ စကတ်ကလည်း Prada ရဲ့ spring/summer 2010 collection ထဲကပါ။ အဲ့ဒါတင်မဟုတ်ဘူး၊ နောက်နေ့ထပ်ဝတ်တဲ့ ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ Mini dress လေးဆိုရင်လည်း Prada ရဲ့ spring/summer 1992 collection ထဲက ဝတ်ထားတာပါ။

Naomi Campbell

ရိုးရှင်းတဲ့အရောင်တွေကိုပဲ သုံးပြီး အမိုက်စားတွေပဲ ဖန်တီးခဲ့တဲ့ Karl Lagerfeld ကို ဂုဏ်ပြုတဲ့ 2023 Met Gala ပွဲမှာ သူ့ကိုလေးစားတဲ့အနေနဲ့ ပွဲတက်လာတဲ့သူတိုင်းနီးပါး အဖြူနဲ့အနက်တွေကို အဓိကထားပြီး ဝတ်ခဲ့ကြတာ အားလုံးလည်း သိကြမှာပါ။ အဲ့ထဲမှာမှ Lagerfeld ရဲ့ သူငယ်ချင်းလည်းဖြစ်၊ နာမည်ကြီး model လည်းဖြစ်တဲ့ Naomi Campbell ကတော့ ပန်းရောင် Chanel spring 2010 haute couture dress လေးကို ဝတ်ပြီး red carpet ကို အရောင်လေးနဲ့ တောက်ပစေခဲ့ပါတယ်။

Rooney Mara

Rooney Mara at the Academy Awards in 2008 Alexander McQueen.

2023 Oscars ပွဲကို Alexander McQueen fall 2008 တုန်းက dress လေးနဲ့ ပွဲတက်ခဲ့တဲ့ Rooney Mara ရဲ့ look ကလည်း Vintage fashion တွေကို စိတ်ဝင်စားသူတွေကြားထဲမှာ အရမ်းကို လူကြိုက်များခဲ့ပါသေးတယ်။ 2023 Oscars ပွဲအပြီးမှာလုပ်တဲ့ Vanity Fair after party မှာလည်း ဒီ dress ကိုပဲ အပေါ်ကနေ အနီရောင် coat လေးထပ်ပြီး ဆက်ဝတ်ခဲ့ပါသေးတယ်။ ဒီ အနီရောင် coat က Alexander McQueen ရဲ့ spring 2016 collection ထဲကဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း ၂၀၁၅ တုန်းက Governors Awards မှာ ဝတ်ဖူးပါသေးတယ်။

Cate Blanchett

Vintage moment တွေကို ပြောနေတဲ့အချိန် ချန်ထားခဲ့လို့မရတာကတော့ အမြဲ ဝတ်ပြီးသား look တွေကို ပြန်ပြန်ဝတ်ပြလေ့ရှိတဲ့ Cate Blanchett ပါပဲ။ သူကတော့ အမြဲ sustainable moment တွေကို ဖန်တီးတတ်ပြီး ဒီထဲကမှ BAFTAs ပွဲမှာ ဝတ်ခဲ့တဲ့ Maison Margiela couture gown ကတော့ ဒီနှစ်အတွက် အကောင်းဆုံး look တခုလို့ ပြောရပါမယ်။ ဒီ Dress ကို ပထမဦးဆုံးအနေနဲ့ 2015 Golden Globes ပွဲမှာ ဝတ်ခဲ့တာဖြစ်ပြီး အခုတခေါက်မှာတော့ ပခုံးနားကို structure နည်းနည်းထည့်ပြီး ပြန်ပြင်ဝတ်ခဲ့ပါတယ်။

တခြား celebrity တွေရဲ့ အမိုက်ဆုံး Vintage moment တွေကိုလည်း အောက်မှာဆက်ပြီး ပြသွားပါဦးမယ်။

Jenna Ortega in Versace spring 1994 dress

Kendall Jenner in Alaïa spring/summer 1988 mini dress

Elle Fanning in Oscar de la Renta gown from spring 1993

North West and Kim Kardashian in Chanel

Gabrielle Union in Versace “Circus” gown from 1989 couture collection
Amal Clooney wore autumn/winter 2000 Christian Dior

Hailey Bieber in autumn/winter 1998 Thierry Mugler couture

Megan Thee Stallion in spring/ summer 1997 Paco Rabanne

Claudia Schiffer wearing autumn/winter 1994 Versace

Lori Harvey in autumn/winter 1989 Thierry Mugler couture

Anne Hathaway in spring/summer 1993 Valentino

lush fashionVintage Fashion
2
Facebook Twitter Google + Pinterest
Maeve

previous post
ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်
next post
2024 မှာခေတ်စားလာမယ့် Beauty Trend များ

Recommended

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

It’s time for “Back to the Future” fashion

May 19, 2023

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

Sheer Fabric Trend ဖြစ်လာတော့မှာလား?!

September 29, 2023

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

February 23, 2024

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem