LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
TRENDS

Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့ ဖက်ရှင်များ

written by Maeve July 6, 2023
Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့ ဖက်ရှင်များ

ဖက်ရှင်နဲ့ပတ်သက်လာရင် ယောကျာ်းလေးအဝတ်အစားတွေက ထူးခြားဆန်းပြားပြီးကွဲထွက်နေတာတွေ၊ တီထွင်ဖန်တီးမှုတွေမျိုးကို နေ့စဉ်နေထိုင်မှုဘဝမှာ တွေ့ရခဲတာကတော့ အားလုံးသိမှာပါ။ ဒီ norm ကနေ ခွဲထွက်ဖို့ ဖက်ရှင် brand တွေတော်တော်များများက နည်းအမျိုးမျိုးနဲ့ချပြနေကြပါတယ်။ အခု Spring 2024 Menswear Fashion Show မှာဆိုလည်း နာမည်ကြီး brand တွေအများကြီးက မတူတဲ့ concept တွေနဲ့ အမျိုးမျိုးကို ချပြသွားခဲ့ပါပြီ။

ဘယ်လိုမျိုးဖက်ရှင်တွေကို ချပြသွားလဲဆိုတာကိုတော့ အောက်မှာဆက်ပြီး ကြည့်လိုက်ကြတာပေါ့။

Schoolboy Uniform

Schoolboy Uniform လို့ခေါ်တဲ့ Jacket ခပ်ပွပွနဲ့အောက်က ဘောင်းဘီတိုတိုနဲ့ ဒီဇိုင်းတွေကို Louis Vuitton, Valentino, Paul Smith, Wales Bonner, Givenchy တို့လို ဒိတ်ဒိတ်ကြဲ ဖက်ရှင်ဒီဇိုင်နာတွေ၊ brand တွေကနေ ချပြသွားပါတယ်။ ဒါဟာ Tailoring တွေပြန်ခေတ်စားလာမယ့် အရိပ်အယောင်တခုလို့ပြောရင်လည်း မမှားပါဘူး။

See Through

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ ဖောက်မြင်နေရတဲ့ see through အဝတ်အစားတွေပါပဲ။ ဒါတွေကို Hèrmes, Walter Van Beirendonck, Emporio Armani နဲ့ Courrèges တို့က ပြသသွားခဲ့တာကိုတွေ့ရပါတယ်။ ဒီ See Through တွေက သေချာသာပြင်ဆင်ဝတ်ဆင်တတ်ရင် နေ့စဉ်လှုပ်ရှားသွားလာတဲ့အချိန်မျိုးမှာတောင် အရမ်းကို အထာကျပြီး ဖက်ရှင်ကြမှာတော့ သေချာပါတယ်။

Utility vests

ယောကျာ်းဆန်တဲ့အသွင်အပြင်ကို မပျောက်ပဲ ခပ်မိုက်မိုက် edgy အထာမျိုးတွေကို ချပြခဲ့တာကတော့ Fendi, Sacai, Hed Mayner, Junya Watanabe တို့ပါပဲ။ Utility Vests တွေ၊ Tool Belt တွေကို next level တခုအနေနဲ့ ချပြထားတဲ့ ဖက်ရှင်တွေကို မြင်ရပြီး Cargo Pants တွေအပြင် ဒါမျိုးတွေကိုပါ နောက်ပိုင်းမှာ လူဝတ်များလာနိုင်မယ့်ခံစားချက်မျိုးကို ရစေတာတော့အမှန်ပါပဲ။

Featherweight Fabrics

နောက်ထပ်တွေ့ခဲ့ရတာကတော့ အမွှေးဖွားဖွား fabric တွေပါပဲ။ ဒီလို fabric တွေက queer တွေ၊ gay men တွေပဲဝတ်တယ်ဆိုတဲ့ လူတွေရဲ့အရိုးစွဲနေတဲ့အတွေးတွေကို ဖျောက်ဖျက်ပစ်ချင်တဲ့ရည်ရွယ်ချက်ကလည်း ပေါ်လွင်နေပါတယ်။ ဒီဖက်ရှင်တွေကို Saint Laurent, Dries Van Noten, JW Anderson, Etro, Amiri တို့က ချပြခဲ့ပါတယ်။

Deconstructions 

မိန်းကလေးဝတ်အဝတ်အစားတွေမှာတွေ့နေကြ ကြိုးထုံးဒီဇိုင်းတွေ၊ ဖြတ်ညှပ်ကပ်ထားတဲ့ဒီဇိုင်းတွေနဲ့ မပြီးသေးတဲ့ပိတ်စတခုလိုဒီဇိုင်းမျိုးတွေကို ပီပီပြင်ပြင်နဲ့အမိုက်စားချပြခဲ့တာကတော့ Comme des Garçons Homme Plus, Burc Akyol, Kiko Kostadinov တို့ပါပဲ။

စာဖတ်သူတို့ရော ဒီလို Gender norm တွေကို ဘယ်လိုနည်းတွေနဲ့ချပြပြီး ခွဲထွက်ဖို့ကြိုးစားနေကြလဲ။ အခု Spring 2024 Menswear Fashion Show ကနေရော ဘယ်လိုတွေ inspired ယူပြီး ပြန်အသုံးချဝတ်ဖို့စဉ်းစားနေကြပြီလဲဆိုတာ ပြောပြပေးသွားပါဦး။

lush fashionMenswearTrends
1
Facebook Twitter Google + Pinterest
Maeve

previous post
အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်
next post
Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

Recommended

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

လာမယ့် Halloween အတွက် Costume ideas များ

October 13, 2023

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

Autumn/Winter 2023 Runway တွေမှာ တွေ့ခဲ့ရတဲ့ Trend ဖြစ်လာမယ့် Shoes...

August 4, 2023

It’s time for “Back to the Future” fashion

May 19, 2023

Sheer Fabric Trend ဖြစ်လာတော့မှာလား?!

September 29, 2023

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem