Sneakers ဆိုတာကတော့ LUSHers လေးတို့နဲ့မစိမ်းတဲ့ Shoes လေးဆိုပေမယ့် တစ်ခါတစ်လေ Sneakers နဲ့ပတ်သက်တဲ့ အလွဲလေးတွေရှိတတ်တယ်နော်။ အဓိကကတော့ Sneaker စီးတဲ့အခါ အမြဲမမေ့ဖို့က “ခြေအိတ်” ဝတ်ဖို့ပါ။ ယောက်ျားလေးဆိုရင် Ankle Socks နဲ့ ဝတ်ရမှာဖြစ်ပြီး မိန်းကလေးဆိုရင်တော့ low-rider socks နဲ့အဆင်ပြေပါတယ်။ နောက်ပြီး အဝတ်အစားပိုင်း ရွေးချယ်တဲ့အခါမှာလည်း solid ဖြစ်တဲ့၊ classic look ဖြစ်တဲ့ Outfit တွေနဲ့ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ Long Trousers တွေ Jeans တွေနဲ့ sneakers ကို တွဲဖက်ဝတ်ဆင်တဲ့အခါဆိုရင် ဘောင်းဘီအောက်အနားကို ကိုယ်ရဲ့ Ankle bone အပေါ်ထိခေါက်ပြီး ဝတ်ဆင်ပေးဖို့ကိုလည်း မမေ့ပါနဲ့နော်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionvocab