စင်္ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ Singapore Tourism Board (STB) က ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်မြို့ချင်းချောင်းနန်းတော်မှာ Singapore Festival 2020 ကို ၂ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး စင်္ကာပူယဉ်ကျေးမှုရဲ့ ထူးခြားစုံလင်တဲ့ အစားအသောက်၊ အနုပညာ၊ ဂီတတို့ကို တစ်စုတစ်စည်းထဲ မြင်တွေ့ရတဲ့ ထူးခြားတဲ့ Garden Party တစ်ခုဖြစ်ခဲ့ပါတယ်။ ထူးခြားမှုနောက်တစ်ခုအနေနဲ့ကတော့ မြန်မာနိုင်ငံသားတွေက နောက်ထပ် ‘’Passion Made Possible” အတွေ့အကြုံသစ်တွေကိုပါ တစ်ပါတည်း ခံစားခဲ့ရတဲ့ ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။