၂၀၁၉ ခုနှစ်ရဲ့ပထမဦးဆုံးလဖြစ်တဲ့ ဒီ ဇန်နဝါရီလရဲ့ ၁၂ ရက်နေ့ စနေနေ့က American Vision ရဲ့ Shades By American Vision ဒုတိယမြောက်ဆိုင်ခွဲကို မြန်မာပလာဇာမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပွဲလေးကို LUSH Magazine Myanmar ကနေပြီး Event Organizer အဖြစ်စီစဉ်ပေးခဲ့ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ Shades By American Vision Myanmar Plaza ဆိုင်ခွဲဖွင့်ပွဲကိုတော့ “Join us on the sunny side of life” ဆိုတဲ့ Theme လေးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေအတွက်လည်း လိုက်ဖက်မယ့် မျက်မှန်ပုံစံတွေကို LUSH Magazine Myanmar က Fashion Stylist တွေကနေပြီး ကူညီရွေးချယ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ ဇန်နဝါရီလ၊ ၁၂ ရက် နဲ့ ၁၃ ရက်နေ့ တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီ ၂ ရက်အတွင်းမှာ ဝယ်ယူခဲ့တဲ့သူတွေကို 20% Discount အပြင် Fortune wheel lucky draws နဲ့ Door Gifts တွေလည်း ပေးခဲ့ပါသေးတယ်။
#LUSHmagazineMyanmar #LUSHitRight #shadesbyav