(Zawgyi Below)
မကြာခင် ဝါကျွတ်တော့မှာဆိုတော့ လက်ထပ်ဖို့ပြင်ဆင်ထားတဲ့ LUSHers လေးတို့အတွက် Engagement Ring ရွေးချယ်တဲ့အချိန် အကောင်းဆုံး Gemstone ဖြစ်တဲ့ “Sapphire” – နီလာကျောက် အကြောင်း ပြောပြပေးသွားပါမယ်။ ဟိုအရင်ခေတ်တွေတည်းက နီလာကို လူအများစုက Engagement Ring အဖြစ် အများဆုံး ရွေးချယ်တတ်ကြပါတယ်။ နီလာကျောက်ရဲ့ အနက်အဓိပ္ပါယ်ကအစ လေးနက်မှုရှိပြီး သစ္စာရှိမှု၊ ဂုဏ်တင့်တယ်မှု၊ မြင့်မြတ်မှု ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့အတွက် တစ်ဦးနှင့်တစ်ဦး မတူညီတဲ့ဘဝနှစ်ခုကို ပေါင်းစပ်တဲ့အချိန်မှာ ပိုပြီး ရွေးချယ်တတ်ကြတာပါ။ နီလာကျောက်နဲ့ပတ်သက်ပြီး သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဗြိတိန် မင်းသမီးကြီး Diana ကို ဗြိတိန်မင်းသား Charles ကိုယ်တိုင် ၁၈ ကာရက်ရှိတဲ့ နီလာကျောက်ကို အသုံးပြုထားတဲ့လက်စွပ်ကို ပေးခဲ့တာပဲဖြစ်ပါတယ်။ အခု ဗြိတိန်မင်းသား William က မင်းသမီး Kate Middleton ကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာလည်း သူ့အမေဆီက အမွေရထားတဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။
(Zawgyi)
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab